Pages

Friday 7 September 2012

Php အခြေခံ-1

Phpဆိုတာ PHP:hypertext preprocessorရဲ့ အတိုကောက်ပါ။ Php ဟာ server side scripting language တခုဖြစ်ပါတယ်။server တခုအတွင်းမှာ အသုံးပြုရပြီး server နဲ့ ပတ်သတ်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ပါ တယ်။javascript လို client side scripting language ဟာ server တာဝန်ကို မထမ်းဆောင်နိုင်ပါဘူး။ဆိုလိုတာက databaseကိုချိတ်ဆက်အသုံးပြုဖို့၊server ထဲမှာရှိနေ တဲ့ file တွေကိုခေါ်ယူသုံးစွဲဖို့၊web page ကနေပြီး server ထံသို့ data တွေပို့ဆောင်ဖို့ စတဲ့ တာဝန်တွေကို လုပ်ဆောင်ဖို့ server side scripting language တခုခုကို သုံးရပါတယ်။


php ဟာ အခုအတော်များများသုံးစွဲ လာတဲ့ server side script တခုပဲဖြစ်ပါတယ်။cross-platform ဖြစ်တာကြောင့် window,linux စသဖြင့်သုံးနိုင် သလို html အတွင်းမှာ embed လုပ်ပြီးဖြစ်စေ၊php အတွင်းမှာပဲ html ကို embed လုပ်ပြီးဖြစ်စေ သုံးစွဲနိုင်ခြင်း၊ web နဲ့ ပတ်သတ်သမျှ အကုန်လုပ်နိုင်သလို မြန်လဲမြန်ပါတယ်။SSI ဆိုတဲ့ server side include ကြောင့်လဲ dynamic webpage တွေကို အလွယ်တကူဖန်တီးနိုင်ပါတယ်။ နောက်ပြီး free ဖြစ်တာကြောင့် source code တွေကို ကြိုက်သလို edit လုပ်ပြီးသုံးစွဲနိုင်တယ်။အခက်အခဲရှိလာရင်လဲ web ပေါ်မှာအခုအခါ php နဲ့ပတ်သတ် သမျှ အလွယ်တကူရှာဖွေမေးမြန်းနိုင်ပြီ။

built-in function တွေအများကြီးရှိတဲ့အတွက် လိုသလို လုပ်ဆောင် နိုင်ပါတယ်။အားသာချက်တွေက ပြောရင် အများကြီးပါ။ဒီတော့ ယနေ့ ပေါ်ပြူလာဖြစ်လာတဲ့ php ကိုလေ့လာကြည့်ကြမယ်။Php ကိုလေ့လာဖို့ အတွက် HTML  နဲ့ javascript ကိုပထမဆုံးလေ့လာထားသင့်တယ်လို့ကျနော်ထင်ပါတယ်။ဒါ ဆိုရင် php ကိုလေ့လာ တဲ့အခါမှာ လွယ်ကူစေပါလိမ့်မယ်။

php code တွေကို notepad မှာရေးသားပြီး .php format နဲ့ save ရပါမယ်။ဒါဆိုရင် php ဖိုင်ဖြစ်သွားပါပြီ။ ဒါပေမယ့် html file တခုလို double click နှိပ်ပြီး run လိုက်ရုံနဲ့ browser မှာပေါ်လာမှာမဟုတ်ပါဘူး။php file တခုကို run ချင်တယ်ဆိုရင် php support လုပ်တဲ့server တခုရှိရပါတယ်။web ပေါ်မှာလုပ်မယ်ဆိုလဲ php support လုပ်တဲ့ web server ဖြစ်ရပါမယ်။

စတင်လေ့ကျင့်မှာဆိုတော့ local မှာပဲ လေ့ကျင့်သင့်ပါတယ်။ဒါကြောင့် မိမိစက်မှာ php support လုပ်တဲ့ server software ကို install လုပ်ထားရပါမယ်။ ကျနော်အကြံပေးရရင်တော့ wamp server ကတော်တော် ကောင်းပါ တယ်။www.wampserver.com မှာ အခမဲ့ရယူနိုင်ပါတယ်။

Install လုပ်ပြီးသွားရင် c အောက်မှာ wamp ဆိုတဲ့ folder တခုကိုတွေ့ပါလိမ့်မယ်။အဲဒီထဲဝင်လိုက်ရင် www ဆိုတဲ့ folder ကိုတွေ့ပါအုံးမယ်။အဲဒီ folder ထဲမှာ မိမိ php ဖိုင်တွေကိုထားရမှာဖြစ်ပါတယ်။ဥပမာ ။  ။ test.php ဆိုပါတော့ဗျာ။
မိမိစက်က wamp server icon လေးကို double click နဲ့ဖွင့်ပြီး run ထားလိုက်ပါ။ပြီးရင် browser ကိုဖွင့်ပြီး address ဘားမှာ http://localhost/test.php လို့ရိုက်လိုက်ရင် မိမိလုပ်ထားတဲ့ php page ကိုတွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ဒါကတော့ သင်ခန်းစာတွေကိုလေ့ကျင့်ဖို့ php ဖိုင်ကို ဘယ်လို run ရမလဲဆိုတာပါပဲ။
Php ကိုလေ့လာဖို့အတွက် အခြေခံအချက်လေးတွေကို လေ့လာကြရအောင်။Php code တွေကို <?php နဲ့ ?> နှစ်ခုကြားမှာရေးသားရမှာဖြစ်ပါတယ်။တကယ်တော့ php ဖိုင်ဆိုတာက သာမန်အားဖြင့်ပြောရရင် html tag တွေပါဝင်ဖွဲ့စည်းထားတဲ့ ဖိုင်တခုပါပဲ။
<html>
<head>
<title>my test php</title>
</head>
<body>
<?php
echo “this is my first testing”;
?>
</body>
</html>
အထက်က code တွေကို notepad ထဲမှာရေးပြီး .php format နဲ့ save လိုက်ရင် php file တခုဖြစ်သွားပါပြီ။ အထက်က code မှာပါတဲ့ echo ဆိုတာက php မှာ output ထုတ်ဖို့ပါ။ php မှာ output ထုတ်ချင်ရင် အဓိကအားဖြင့် statement နှစ်ခုကို သုံးပါတယ်။တခုက echo ပါ။နောက်တခုက print ပါ။
<?php
print  “this is my first testing”;
?>
နောက်တချက်မှတ်ထားဖို့က statement တခုပြီးတိုင်း semi-comma (;)ကိုအသုံးပြုပေးရပါမယ်။ အဲဒါကျန် နေခဲ့ရင် အဲဒီ line က error တက်ပါလိမ့်မယ်။နောက်တခုက notepad ကို save တဲ့ အခါ html ဖိုင်အဖြစ် save လို့မရပါဘူး။အဲလို save လိုက်ရင် php code တွေဟာ အလုပ်လုပ်တော့မှာမဟုတ်ပါဘူး။ .php format နဲ့ save ပေးရမှာဖြစ်ပါတယ်။

Programmer တယောက်အနေနဲ့ မိမိ code တွေကို ဘာအတွက်သုံးတယ်ဆိုတာ မှတ်မိဖို့ဖြစ်စေ၊  user ကို instruction တခုခုပေးချင်လို့ဖြစ်စေ code တွေထဲမှာ comment ကိုအသုံးပြုရပါတယ်။php အတွက် comment line ကတော့ ……
Single line comment အတွက်ဆိုရင် // ကိုသုံးရပြီး…..
Double line comment အတွက်ဆိုရင် /*   နဲ့ */ ကြားမှာရေးသားကြရပါမယ်။
<?php
//this is single line comment
/* this is double line comment */
?>
Php ကို အခုလေ့လာနေသူဟာ javascript ကိုလေ့လာပြီးပြီလို့ကျနော် ယူဆတဲ့အတွက် အချို့အကြောင်းအရာတွေကို ကျနော် အသေးစိတ်ရေးသားမှာမဟုတ်တော့ပါဘူး။ comment က တစ်လိုင်းပဲဆိုရင် single ကိုသုံးပြီး တစ်လိုင်းထက်ပိုနေရင် double ကိုသုံးရမယ်ဆိုတာလောက်တော့  သိထားပြီးဖြစ်နေရပါမယ်။

Javascript နဲ့ php ဟာ အယူအဆ အတော်များများတူညီနေပါတယ်။ client နဲ့ server side သာကွဲနေတာပါ။ဒါကြောင့် javascript ကို အရင်လေ့လာပြီးမှ php ကိုလေ့လာသင့်ပါတယ်။

1 comment:

  1. Ebook လေးရှိရင်လမ်းညွှန်ပါဦး

    ReplyDelete

Related Posts Plugin for WordPress, Blogger...

အထွေးထွေးနည်းပညာများ