အိုင်တီခေတ်ကြီးထဲမှာ လူတိုင်းလူတိုင်း USB base Data Storage အနည်းဆုံး တစ်ခုဆီတော့ ပိုင်ဆိုင် ကြပါတယ်။ တချို့လူတွေမှာဆိုရင် တစ်ယောက်ထဲကို လေးငါးခုနဲ့အထက် ရှိနေကြပါတယ်။ Memory Stick, MP3, MP4, Pen Drive, Digital Camera, Digital Recorder, Smart Phone စသဖြင့် မရေတွက်နိုင်တဲ့ Digital Data Storage တွေကလဲ အများကြီးပေါ်နေတဲ့အပြင် အသစ်အဆန်း ကြိုက်နှစ်သက်တတ်သူတွေအနေနဲ့လဲ Model အသစ်လေး ပေါ်လိုက် ထပ်ဝယ်လိုက်နဲ့ တော်တော်လေးစုမိတာကိုးဗျ။ ကျွန်တော်ပြောချင်တာက အဲဒီ Storage တွေကို Computer မှာ တပ်လိုက်ရင် Phone တို့ MP3 တို့က နာမည်လေးတွေနဲ့ပေါ်လာလို့ သိသာပေမယ့် နာမည်တူ နေတဲ့ Stick တွေ Flash Drive တွေဆိုရင်တော့ Data တွေ မှားထည့်မိတာတွေ မလိုအပ်တဲ့ Stick ကို အသုံးပြုမိတာတွေ ဖြစ်တတ်ပါတယ်။ နာမည်ပြောင်းဖို့ကတော့ ဖိုင်တွေမှာ နာမည် ပြောင်းသလို Drive ကို Select လုပ်ပြီး F2 နှိပ်ပြီး ပြောင်းရင် ရပါတယ်။