Pages

Friday 7 September 2012

Php အခြေခံ-2


Php မှာပဲဖြစ်ဖြစ်၊ javascript မှာပဲဖြစ်ဖြစ် ဘယ် programming မှာဖြစ်စေ အရေးကြီးတဲ့ အရာတခုကတော့ variable တွေပါပဲ။
အထည်ဆိုင်တခုထဲမှာ အထည်တွေအရောင်အသွေးမျိုးစုံရှိနေပါတယ်။ကျနော်တို့ကသာမန်အားဖြင့် ဆိုရင် အထည်ဆိုင်ထဲမှာ အထည်စုစုပေါင်း 1000 ရှိတယ်လို့မှတ်ထားချင်ရင် ……
အထည်စုစုပေါင်း=1000
ဒီလိုမှတ်ထားရပါမယ်။ဒါကတော့ variable ရဲ့သဘောပါပဲ။ အထည်စုစုပေါင်းဆိုတာ variable name ဖြစ်ပြီး 1000 ဆိုတာကတော့ variable value ဖြစ်ပါတယ်။အဲဒီမှာမှ အဝါရောင်ဘယ်နှစ်ထည်၊အနီ ရောင်ဘယ်နှစ်ထည်စသဖြင့် သတ်မှတ်နိုင်ပါသေးတယ်။ ဒါဆိုရင် နောက်ကိုယ်လိုအပ်တဲ့အခါ အလွယ်တကူပဲ ကြည့်ရှုပြီး အသုံးပြုနိုင်ပါတယ်။
ဒါကြောင့် variable ဆိုတာ data တွေကို storage လုပ်ထားပြီး လိုအပ်တဲ့အခါမှာ ပြန်လည်ခေါ်ယူသုံး စွဲဖို့ အတွက်လို့ မှတ်ထားရပါမယ်။

ကျနော်တို့ကျောင်းတုန်းကလဲ သင်္ချာမှာ variable တွေကိုသင်ခဲ့ကြရပြီးပါပြီ။ကိန်းရှင်တွေလို့မြန်မာလို ခေါ်ပါတယ်။
X,y,z စတာတွေဟာ variable တွေပါ။သူတို့ဟာ ဒီအတိုင်းဆိုရင် တန်ဖိုးမရှိသေးပါဘူး။ဒါပေမယ့် သူတို့ကို တန်ဖိုးသတ်မှတ်ပေးလို့ရသလို သတ်မှတ်ထားတဲ့ တန်ဖိုးတွေဟာလဲ လိုအပ်ချက် အပေါ် မူတည်ပြီး အချိန်မရွေးပြောင်းလဲနိုင်ပါတယ်။ဒါကြောင့် ကိန်းရှင်တွေလို့ခေါ်ရတာပါ။
x=5,y=5
အခုဆိုရင် xနဲ့y မှာ 5 ဆိုတဲ့ တန်ဖိုးရှိသွားပါပြီ။variable တွေကို တန်ဖိုးသတ်မှတ်ဖို့အတွက် = sign ကိုသုံးရပါတယ်။
Z=x+y
အခုဆိုရင် z ရဲ့တန်ဖိုးက xနဲ့y ပေါင်းခြင်းနဲ့ ညီမျှတယ်လို့ ဆိုလိုတာပါ။သဘောကတော့ z=10 ပါပဲ။ဒါပေမယ့် x နဲ့ y ရဲ့ တန်ဖိုးက 6 ဆိုရင် zတန်ဖိုးက 12 ဖြစ်သွားမှာပါ။ဒါကြောင့် ကိန်းရှင်တွေလို့  ခေါ်တာပါ။
PHP မှာ variable တွေကို declare လုပ်ရင် ရှေ့ကနေ $ sign ခံပြီး ကြေငြာပေးရပါတယ်။
$name= “phyo”;
$age=29;
Variable name တွေဟာ case-sensitive ဖြစ်ပါတယ်။$name နဲ့ $Name မတူပါဘူး။နောက်ပြီး variable name တွေဟာ ဂဏန်းနဲ့စလို့မရပါဘူး။spaceလဲမခြားရပါဘူး space အစား underscore ကိုသုံးစွဲရပါမယ်။$my_name အဲလိုရပါတယ်။
$1name= “phyo”;  ဒါဆိုရင်မှားပါတယ်။

နောက်တချက်က variable value တွေဟာstring ဆိုရင် double quote ( “ ” )နှစ်ခုကြားမှာရေးရပြီး  ဂဏန်းဆိုရင်တော့ ဘာမှထည့်စရာမလိုပါဘူး။ အထက်မှာပြခဲ့တဲ့အတိုင်း phyo ဆိုတာကို double quote နှစ်ခုနဲ့ရေးရပြီး $age ရဲ့ value ဖြစ်တဲ့ 29 ကိုတော့ ဒီအတိုင်းပဲရေးထားတယ်ဆိုတာတွေ့မှာပါ။
Variable တခုကိုကြေငြာပြီးတိုင်း semi-comma( ; ) နဲ့အဆုံးသတ်ပေးရပါမယ်။အဲဒါကျန်နေခဲ့ရင် error တက်မှာဖြစ်ပါတယ်။

Dynamic variable
ဒီ variable ကတော့ နဲနဲရှုပ်သလိုရှိပါတယ်။အသုံးလဲနည်းပါတယ်။တတ်နိုင်သမျှတော့ ရှောင်ပြီးသုံးကြပါ။မဖြစ်မနေလိုအပ်လာရင် သိထားဖို့အတွက် ပြောပါ့မယ်။
$name= “phyo”;
$firstname= “name”;
echo $$firstname;
ဒါဆိုရင် output မှာ phyo ဆိုပြီးထွက်လာမှာဖြစ်ပါတယ်။ echo $firstname; ဆိုပြီး ရေးရင် name ဆိုပြီးပဲ ထွက်လာမှာပါ။ $$ နှစ်လုံးသုံးထားတာ သတိပြုပါ။ ဒါဟာ dynamic variable အတွက် သင်္ကေတ sign တခုပဲဖြစ်ပါတယ်။

$name ရဲ့ value က phyo ဖြစ်ပါတယ်။ အဲနောက်မှာတော့ $firstname ရဲ့ value ကို $name ရဲ့ အမည်ကိုပဲပေးလိုက်ပါတယ်။ name ဆိုပြီးတော့လေ။ဒီသဘောကတော့ $firstname နဲ့ $name တို့တူတယ်လို့ သတ်မှတ်လိုက်တာပါ။ output ကို $$firstname ဆိုပြီး $firstname ကို dynamic variable အဖြစ် သုံးလိုက်ပါတယ်။ သူက $name နဲ့ associate ဖြစ်နေတော့ သူ့တန်ဖိုး ထွက်လာတာပါ။အခုထိရှင်းမှာမဟုတ်သေး ပါဘူး။ထပ်ရှင်းပါ့မယ်။
 $name= “phyo”;
$firstname= “name”;
$$firstname= “wai”;
echo $name;
အထက်က code ကို run ကြည့်ပါ။ output ဘာထွက်လာမယ်ထင်လဲ။သာမန်အတိုင်းဆိုရင် $nameကို phyo လို့သတ်မှတ်ထားတာလေ။ ဒါကြောင့် phyo လို့ပဲထွက်ရမှာပေါ့။ဒါပေမယ့် wai ဆိုပြီး output ထွက်လာတာတွေ့ရပါလိမ့်မယ်။ ဒါဟာ dynamic variable ရဲ့ထူးခြားချက်ပါပဲ။သူဟာ တန်ဖိုး ပုံသေမရှိပါဘူး။ dynamic ဖြစ်နေတဲ့အတွက် အမြဲပြောင်းလဲနေနိုင်ပါတယ်။ တကယ်လို့ $$firstname ရဲ့ value ကို soe လို့ပြောင်းလဲသတ်မှတ်လိုက်ရင် $name ရဲ့ value ဟာလဲ soe ဆိုပြီးပြောင်းလဲသွားမှာပါ။ ပထမဆုံး $name ရဲ့ တန်ဖိုးကို phyo လို့သတ်မှတ်လိုက်တယ်။နောက် dynamic အဖြစ်သုံးချင်လို့ နောက် variable တခုသတ်မှတ်ပြီး value ကို ပထမ variable name ကိုပေးလိုက်တယ်။$firstname= “name” ။

 နောက် $$firstname= “wai” ဆိုပြီး သတ်မှတ်လိုက်တယ်။ $name ရဲ့ တန်ဖိုးကိုပြောင်းလဲသတ်မှတ်ချင်လို့။ ဒါဟာ dynamic variable ရဲ့သဘောပါပဲ။သေချာနားလည်အောင်လေ့လာကြပါ။အသုံးတော့နည်းပါတယ်။ဗဟုသုတအဖြစ်တော့ လေ့လာထားရပါမယ်။
အခုဆိုရင် variable ဆိုတာဘာလဲဆိုတာ သိကြပါပြီ။ဒါပေမယ့် variable ဟာ သူ့ချည်းသက်သက်သုံး လို့အဆင်မပြေပါဘူး။သူနဲ့ တွဲသုံးဖို့ operator တွေကိုသိထားရပါမယ်။ဆိုလိုတာက variable တခုနဲ့ တခု ပေါင်းစပ်ဖို့ဆိုရင် + operator ကိုသုံးရမှာဖြစ်သလို variable တွေ နှုတ်ဖို့ဆိုရင် - operator ကို သုံးစွဲကြရမှာဖြစ်ပါတယ်။ဒီတော့ အခု operators တွေအကြောင်းကို လေ့လာကြရအောင်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

အထွေးထွေးနည်းပညာများ