Pages

Saturday, 1 September 2012

Storage Device Information (Hard disk)





 

◘ IT,Information age, Information Technology စတဲ့အသုံးနှုန်းတွေ နေ့စဉ်နဲ့အမျှ ကြားနေ၊ ဖတ်နေရပါတယ်။ အဖွဲ့အစည်းတစ်ခုအတွင်းမှာ Information ဆိုတာ အရေးကြီးဆုံးနဲ့ တန်ဖိုးအရှိဆုံး အရင်းအမြစ် တစ်ခုဖြစ်ပါတယ်။ Information နဲ့ Data ကို တစ်ခါတစ်ရံမှာ ရောထွေးစွာ နားလည်နေ တတ်ကြပါတယ်။ Storage device တွေအကြောင်း မရေးသားခင်မှာ Data နဲ့ Information ဆိုတာကို ကွဲကွဲပြားပြား သိရှိထားဖို့လိုအပ်တဲ့အတွက် Data နဲ့ Information အကြောင်း အရင်ရေးသားပါမယ်။

Monday, 27 August 2012

နေ့စဉ်ထိတွေ့နေသော ware များအကြောင်း




Hardware
Hardware ဆိုတဲ့ အသုံးအနှုန်းကို အိမ်ဆောက်ပစ္စည်းကိရိယာတွေ ရောင်းတဲ့ဆိုင်မှာ အိမ်ဆောက်ပစ္စည်း ကိရိယာတွေကို ရည်းညွှန်းပြောဆိုတဲ့အခါမှာ သုံးတာတွေ့မိပါတယ်။ ကွန်ပြူတာမှာတော့ Hardware ဆိုတာ ထိနိုင်၊ ကိုင်နိုင်တဲ့ ပစ္စည်းတွေဟာ Hardware တွေပဲဖြစ်ပါတယ်။ Printer, System unit, Monitor, Keyboard, Mouse, Power Supply unit စတာတွေကို hardware တွေလို့ခြုံပြီး ခေါ်ဝေါ်ပါတယ်။ ကွန်ပြူတာ ပြင်ဆင်ပေး တဲ့သူတွေကို hardware technician, hardware engineer လို့ခေါ်ပါတယ်။ အဲဒီလိုပြင်ဆင်နိုင်အောင် သင်ကြားပေး တဲ့ သင်တန်းမျိုးကို hardware training center စသဖြင့် သုံးတာမျိုးလည်းရှိပါတယ်။

Thursday, 23 August 2012

ကွန်ပျူတာ တစ်လုံးကို ရွေးချယ်တပ်ဆင်ဖို့+2



Hard Disk ရွေးချယ်ခြင်း

HDD (Hard Disk Drive) သည် အချက်အလက်များကို သိုလှောင်ပေးထားသော အဓိက storage device တစ်ခုဖြစ်ပါတယ်။ non-volatile memory (ပါဝါ မပေးထားသည့် အချိန်တွင်လည်း data များကို သိုမှီးထားနိုင်ပြီး၊ မိမိကိုယ်တိုင် Delete မလုပ်မချင်း data များကို ထိန်းသိမ်းပေးထားနိုင်သော memory) အမျိုးအစားဖြစ်ပါတယ်။ Capacity ကို HDD ထဲတွင် သိုလှောင်ထိန်းသိမ်း ထားနိုင်မည့် data ပမာဏဖြင့် ဖော်ပြပြီး bytes(B) ယူနစ် စနစ်ဖြင့် တိုင်းတာပါတယ်။ Bytes unit system ၏ တွက်ချက်ပုံမှာ -

ကွန်ပျူတာ တစ်လုံးကို ရွေးချယ်တပ်ဆင်ဖို့+1



PC ကွန်ပျူတာ တစ်လုံးကို ရွေးချယ်တပ်ဆင်ဖို့အတွက် အကြောင်း နှစ်ချက်အပေါ် မူတည် စဉ်းစားပါတယ်။
၁။ ဘာအတွက် သုံးစွဲမှာလဲ ? 
၂။ ငွေဘယ်လောက် အကုန်ခံမလဲ ?
မိမိအသုံးပြုလိုတဲ့ ကွန်ပျူတာအမျိုးအစားပေါ် မူတည်ပြီး တပ်ဆင်မည့် Hardware တွေကို ရွေးချယ်ရတာဖြစ်ပါတယ်။ (ဥပမာ - ဗီဒီယို လုပ်ငန်းအတွက် အသုံးပြုမယ်ဆိုရင် Graphic ပိုင်းကို ဦးစားပေးပြီး၊ သူနဲ့ လိုက်ဖက်မည့် RAM, CPU တို့ကို ရွေးချယ်ရပါတယ်။) တပ်ဆင်ထားတဲ့ Hardware များက အသုံးပြုမည့် Software များရဲ့ လိုအပ်ချက်ထက် သာလွန်နေမှသာ အဆင်ပြေပါလိမ့်မယ်။ Game တစ်ခု ဆော့မယ် ဆိုပါစို့။ အဲဒီဂိမ်းအတွက် 3.0GHz CPU, 2Gb RAM နဲ့ 256Mb VGA တို့ အနည်းဆုံး လိုအပ် တယ်လို့ တောင်းဆိုခဲ့ရင် သူ့ထက် ပိုသာတဲ့ Hardware မိမိမှာ ရှိထားမှသာ အသုံးပြုရ အဆင်ပြေမှာပါ။

Saturday, 18 August 2012

(VGA) အကြောင်း သိကောင်းစရာ

Output များ
ပုံမှာပြထားတာကတော့ Graphic Card ရဲ့ output တွေရှိရာနေရာပဲဖြစ်ပါတယ်။ PC ရဲ့ hardwares တွေဟာ digital နည်းပညာဖြစ်တဲ့ 0 နဲ့ 1 တွေနဲ့သာလုပ်ဆောင်ပါတယ်။ ဒါကြောင့်သူတို့ကထွက်လာတဲ့ output ဟာ digital တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အရင်တုန်းကသုံးခဲ့တဲ့ CRT Monitor တွေဟာ Analog ဖြစ်ပါတယ်။ သူတို့ အတွက် digital ကနေ Analog ပြောင်းဖို့ digital to analog converter (DAC) လို့ခေါ်တဲ့ device တွေလိုလာပါတယ်။ ယခုသုံးနေတဲ့ LCD တွေကတော့ digital တွေဖြစ်ပါတယ်။ ဒါကြောင့် DAC တွေရဲ့လိုအပ်မှုဟာလည်းနည်းပါးလာပါတယ်။ ဒါပေမယ့် စံတစ်ခုအနေနဲ့analog ကိုထောက်ပံ့ပေးနေတုန်းပါပဲ။

Tuesday, 14 August 2012

BIOS မှာ Password ထားရင်ကျော်ဖို

BIOS မှာ Password ထားရင်ကျော် ဖို့၊ Reset လုပ်ဖို့ နည်းလမ်းလေးပါ။ ဒီpost အတွက် BIOS, CMOS, နဲ့ IBM BIOS ဆိုတဲ့ အသုံးနှုန်းတွေ မြင်ရမှာပါ။ အသေးစိတ်တော့ ကျနော် မရေးနိုင်တော့ပါဘူး။ ကျော်တဲ့ နည်းပဲ ရေးမှာ မို့ပါ။ လေ့လာချင် သူတွေ အတွက် link ချိပ်ထားပေးပါတယ်။ အောက်က စာလုံးလေးတွေမှာ click ပြီး ဖတ်ကြည့်ကြပါ။

BIOS ဆိုတာ ...
CMOS ဆိုတာ ...
BIOS နဲ့ CMOS ကွာခြားချက် ...
IBM BIOS အကြောင်း ...

Sunday, 12 August 2012

hard drive တွေကို အလွယ်တကူ မပျက်စီးစေဖို့ လုပ်ဆောင်သင့်တဲ့ အချက်များ


 အောက်ဖော်ပြပါ အချက် (၁၀) ချက်ကတော့ hard drive တွေကို အလွယ်တကူ မပျက်စီးစေဖို့ လုပ်ဆောင်သင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။

၁။ chkdsk ကို run ပေးပါ။
Hard drive တွေက မီးအားအတက်အကျကြောင့်ဖြစ်စေ၊ အခြားသောအကြောင်း အမျိုးမျိုးကြောင့်ဖြစ်စေ အထဲမှာပါတဲ့ သတ္တုပြားမှာ ပြဿနာတက်တာ၊ ဆော့ဖ်ဝဲ ပြဿနာဖြစ်တာ၊ partition table မှာ ပြဿနာဖြစ်တာ အစရှိတဲ့ ပြဿနာတွေ တွေ့ကြုံရတတ်ပါတယ်။ ဒီပြဿနာတွေကို ပြေလည်စေဖို့အတွက် chkdsk ဆိုတဲ့ ပရိုဂရမ်လေးဟာ Windows မှာ အစကတည်းက လာထည့်ပေးထားပါတယ်။ ဒီပရိုဂရမ်လေးက ပြဿနာ အတော်များများကို ပြေလည်အောင် ဖြေရှင်းပေးပါတယ်။

Saturday, 11 August 2012

Behind Memory Speed

 

ကျွန်တော်တို့တွေ ကွန်ပျုတာမှာသုံးဖို့အတွက် memory တွေကို ဝယ်ယူကြတယ်။ memory အမျိုးအစားခြင်း speed ခြင်းတူတာတောင် တချို့ memory တွေက ပိုဈေးကြီးတယ်။ ပိုပြီး Performance ကောင်းကြတယ်။ ဒါဟာ memory တွေရဲ့Timing တွေကြောင့်ဖြစ်ပါတယ်။ အလယ်အလက်နဲ့ high end memory တွေမှာ memory
speed တွေအပြင် timing တွေကိုပါထည့်သွင်းဖော်ပြလာပါတယ်။ ဥပမာဆိုရင် DDR2800 MHz 4-4-4-15, DDR2 800MHz 2-3-2-6-T1 စသည်ဖြင့်ဖော်ပြလာပါတယ်။


4-4-4-15, 2-3-2-6-T1 တို့ဟာ memory timing တွေပဲဖြစ်ပါတယ်။ Memory Timingဆိုတာက memory ကအလုပ်တစ်ခုကိုလုပ်ဆောင်ရာမှာ ကြာတဲ့အချိန်ဖြစ်ပါတယ်။4-4-4-15, 2-3-2-6-T1, 5-5-5-15 စ သည်ဖြင့်ဖော်ပြထားတဲ့ memory timingတွေကတော့ CL-tRCD tRP-tRAS-CMD တွေကို အစဉ်လိုက်ညွှန်း ဆိုပါတယ်။အခုတစ်ခုခြင်းစီရဲ့အကြောင်းကိုအသေးစိတ်ရှင်းပြပါမယ်။

Sunday, 5 August 2012

New Technology File System သို့မဟုတ် NTFS File System အကြောင်းသိကောင်းစရာ



FileSystem လို့ ပြောလိုက်ပြီဆိုတာနဲ့ File System မှာ FAT နှင့် NTFS ဆိုပြီး ၂ မျိုး ရှိတယ်ဗျ။FAT ကို (File Allocation Table) လို့ ခေါ် တယ်။ NTFS ကိုတော့ New Technology ဆိုပြီး ရှိတယ်။ FAT File Systemသည် Earlier Version Windows တွေ ဖြစ်တဲ့ DOS, Windows 95, 98, 98SE တို့မှာ ပါရှိတာ ဖြစ်တယ်။ NTFS FileSystem ကတော့ Windows NT ရဲ့ Standard File System ဖြစ်ပြီး NTFS File System ကို Windows NT မှစပြီးနောက်ပိုင်း Windows Version တွေ ဖြစ်တဲ့ Windows 2000, Windows XP, Windows Server 2003, WindowsServer 2008, Windows Vista နှင့် Windows 7 စတဲ့ Operation System တွေမှာ NTFS File System ပါရှိပါတယ်။

Start Menu မှာControl Panel, Network Connection, Printer ဖျောက်ထားမယ်



အခု တစ်ခေါက်ဆောင်းပါးလေးကတော့ ( Start Menu ) Setting ထဲက Control Panel, Network Connection,

Printer ဖျောက်ထားခြင်း ကို Registry ကနေဘယ်လိုမျိုး ပိတ်နိုင်သလဲဆိုတာကို ဖော်ပြပေးမှာပဲ  ဖြစ်ပါတယ်။

အဲ....ဒါပေမယ့် Registry မှာဝင်ရောက်ပြင်ဆင်ရမှာဆိုတော့ အသေအချာလေးကြည့်ပေးပါနော်။ ၎င်း Configuration အကုန်လုံးကိုအောက်မှာ ရှင်းပြပေးထားတယ်နော်...

Wednesday, 1 August 2012

Microprocessor ပျက်ရင်ဘယ်လိုသိနိုင်မလဲ


CPU (Microprocessor) ပျက်ရင်ဘယ်လိုသိနိုင်မလဲတကယ်တော့ processor တစ်လုံးပျက်ဖို့ ဆိုတာ အင်မတန် မှ ဖြစ် ခဲတဲ့  ကိစ္စပါ..ပျက်တာမရှိဘူး လား ဆိုရင်တော့ရှိတာပေါ့ဗျာ..ရာခိုင်နှုန်းနည်းပါးတယ်လို့ ဆိုလို ချင် တာပါ..ကွန်ပျူတာ တစ်ခုလုံးရဲ့  ဦးနှောက် ဟုတင်စားခေါ်ဝေါ်သည့် cpu ဘာကြောာင့်ပျက်ရ သလဲပျက်လျင်ဘယ် လိုသိနိုင်မလဲ ဆိုတာ လေ့လာရအောင်………..

ကွန်ပြူတာတပ်ဆင်နည်း


ကွန်ပြူတာအတွင်းရှိ ဟတ်စ်ဒစ်အလုပ်လုပ်ပုံ

Monday, 30 July 2012

လက်တော့ပ်အကြောင်းသိကောင်းစရာတချို့ 



Laptop တွေအတွက် အကြောက်ဆုံး အရာကတော့ အပူချိန် မြင့်မားမှုပါပဲ။

- အပူချိန်မြင့်မားလာလျှင် ဘယ် electronic device တွေမှ ခံနိုင်မှုမရှိပါဘူး။တချို့  သောLaptop တွေဟာ အထူနဲ့ ထုပ်လုပ်ပြီး တချို့  Laptop တွေကို ပါးလွှာအောင်ထုတ်လုပ်ကြပါတယ်။အပူပိုင်းနိုင်ငံ အသုံးပြုမှုနဲ့ အအေး ပိုင်းနိုင် ငံတွေ အသုံးပြုမှုဆိုပြီး ကွဲပြားခြားနားမှုတွေရှိပါတယ်။ အထူပဲဖြစ်ဖြစ်၊ အပါးပဲဖြစ်ဖြစ်၊ အပူချိန်ညှိမှုကိုတော့ အားလုံး လုပ်ထားပြီးသား ဖြစ်ပါတယ်။

Saturday, 28 July 2012

Memory DDR3 ဆိုတာ

         
                                             
DDR3 ဆိုတာ ကွန်ပျူတာမှာ အသုံးပြုသော Memory တစ်ခုပါပဲ။ DDR3 ဆိုတာ SDRAM တစ်မျိုးဖြစ်ပြီး
Dynamic Random Access  Memory တွေထဲက တစ်မျိုးပါပဲ။ DDR3 SDRAM ဆိုတာ Double Data
Rate Three Synchronous Dynamic Random Access Memory ၏ အတိုကောက်ဖြစ်တယ်။

Friday, 27 July 2012

Compenents တွေအကြောင်း

                                                                       


ကယ် Motherboard အတွင်းမှာရှိသင့်ရှိ ထိုက်တဲ့ Compenents တွေကိုပြောပြပေးပ့ါမယ်။ ဒါပေမယ့်လို့ Motherboard ထုတ်တဲ့ Company တော်တော်များများဟာနောက်ပိုင်းထွက်ရှိလာတဲ့နည်းပညာပေါ်မှုတည်ပြီး လိုအပ်တဲ့ Components တွေကို ထည့်ပေး ကြပါတယ်။ ကဲ အခုပြောပြမယ့်အချက်အလက်တွေကစံတစ်ခု အနေနဲ့ပါ။ ၎င်းဖော်ပြမယ့်အချက်အလက်တွေဟာအခုနောက်ပိုင်း ထွက်ရှိ လာကြတဲ့ နည်းပညာပေါ်လိုက် ပြီး ရှိရမယ့် Components တွေပဲဖြစ်ပါတယ်။ ကဲ..ဒါဆိုစပြီး လေ့လာကြ မယ်နော်။

Tuesday, 24 July 2012

SATA နဲ့ PATA ဘာကွာလဲ


ကွန်ပျူတာနဲ့ ပက်သက်ရင် အခြေခံနဲ့ ဆိုင်တဲ့အကြောင်းအရာ၊ ၀င်းဒိုးနဲ့ဆိုင်တဲ့ အကြောင်းအ၇ာလေးတွေပဲ အများအားဖြင့် တင်လေ့ရှိပါတယ်။ အခုကျတော်ပြန်လည် ဝေမျှလိုတာကတော့ Hard ware နဲ့ဆိုင်တဲ့ အကြောင်း အရာ သိသင့်တာလေးတွေကို အခြေခံကျကျ ရေးသားရှင်းပြထားပေးတဲ့ အကြောင်းအရာလေးတွေကို သူငယ်ချင်း များလည်း လေ့လာမှတ်သားလို့ရအောင် တစ်ဆင့်ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။

USB Drive ရဲ့လျှို့ဝှက်ချက်တွေ


အသုံးဝင်တဲ့လျှို့ဝှက်ချက်ဆိုတော့ အသုံးဝင်တာပဲပြောပါမယ်။ USB Drive ကို Icon အနေနဲ့ သုံးနိုင်ပါတယ်။ တကယ်လို့ ကွန်ပျူတာမှာ USB Hub တစ်ခုကိုသုံးစွဲမယ်ဆိုရင် နောက်ပြီး USB အများကြီးနဲ့ MultipleUSB Port တွေထားရှိသုံးစွဲမယ်ဆိုရင် အဲဒီ Port ကိုကွဲပြားခြားနားတဲ့ Icon တွေ အဖြစ်ပေးထားလို့ရ ပါတယ် ။ လွယ်တာကတော့ R-Click> Custom Icon ကနေပေးထားတဲ့ပုံစံထဲကတစ်ခုချိန်းယူတာမျိုးပါ ။နောက်ထပ် လုပ်ဆောင်နိုင်တာကတော့ (.ico) Format ကို Drive ထဲ အရင်ထည့်ထားပြီး မှ ပြောင်းတာပါ။

Monday, 23 July 2012

Printer အကြောင်း


Printer အကြောင်းလေးကို သိသလောက်ပြောပြခြင်ပါတယ် Printer အကြောင်းမပြောခင်လေးမှာ Hardware နဲ့ Software ကွဲခြားကြောင်းလေးကိုပြောပြခြင်ပါတယ်။ ကျွန်တော်တို့ Print ကို Software ဖြစ်တဲ့ မျက်စီနဲ့မြင်လို့ရပြီး ..ကိုင်လို့မရအောင်လဲ ထုတ်လို့ရပါတယ်။ဒီလို ထုတ်တဲ့နေရာမှာ Printer မလိုအပ်ပါဘူး.ဒါပေမဲ့Hardware ဆိုပြီး မျက်စီနဲ့လဲ မြင်ရအောင်၊ကိုင်တွယ်လို့လဲရအောင် ထုတ်ဖို့အတွက်တော့ Printer လိုအပ်ပါတယ်။ Printer ကို ၁၉၃၈ ခုနစ်မှာ Chester Carlson က dry printing process (သို့) Electrophotography (သို့) လူသိများတဲ့ Xerox  လို့နာမည်အမျိုးမျိုးနဲ့ခေါ်တဲ့ ဒီ Printer လေး ကိုတီထွင်ခဲ့ပါတယ်။ 

လက်တော့(ပ်)Laptop ပျက်နေပြီဆိုရင် ဘယ်လိုဖြေရှင်းမလဲ။ ....


အခုပြောပြမယ့် အကြောင်းအရာလေးကတော့ ပျက်နေတဲ့ Laptop တွေကို ဘယ်လို Troubleshoot လုပ်ရမလဲ၊ Problem တွေ ဘယ်လိုရှာကြမလဲဆိုတဲ့ အကြောင်းအရာလေးပါ။ Laptop ရဲ့ Power Adapter ကို Plug ထိုးပြီး Power Button ကို ဖွင့်လိုက်တဲ့အခါမှာ အားလုံးဟာ ဘာ Sign မှ မပြဘူး။ Laptop မှာ ပုံမှန်အသံတွေလည်း မကြားရ။ LED ကလည်း မလင်း၊ Fan ကလည်း မလည်၊ Screen ကလည်း အမဲကြီးပဲ ဘာမှမပေါ်ဘူး ဆို ရင်တော့ သေချာ သလောက် ၎င်း Laptop ပျက်နေပါပြီ။ ဒါဆို ဘယ်လိုဖြေရှင်းကြမလဲ။ ပြောပြမှာပေါ့ဗျာ။ အဲဒါပြောချင်လို့ကို ဒီလိုအစပျိုးလိုက်တာ။
Related Posts Plugin for WordPress, Blogger...

အထွေးထွေးနည်းပညာများ