Pages

Friday 7 September 2012

computer ကိုမြန်မြန်ပွင့်စေချင်ရင် ကွန်ပျူတာကိုမြန်မြန်ပွင့်စေဖို့ဆိုရင် 2 seconds ago

ကျွန်တော်တို့တစ်တွေဟာအောက်ပါနည်းကလေးတွေနှင့်ဖြေရှင်းနိုင်ပါတယ်
1. Computer ကို အလုံးစုံပိတ်ချလိုက်ပါ။ Sleep (or) Hibernation Mode ဖြင့် ပိတ်ခြင်းကိုရှောင်ကြဉ်ပါ။
2. Computer ကိုပြန်ဖွင့်ပါ။
3. BIOS screen မှာဖော်ပြတဲ့ ထုတ်ကုန် အကြုံပြုချက်ကို ဖတ်ရှုလေ့လာပါ။ BIOS ကိုဝင်ရောက်နိုင်ဖို့ရန်အ တွက်motherboad ပေါ်မှုတည်ပြီး DEL key, F1 Key , F10 Key နှင့် CTRL-ALT-S ကွဲပြားနိုင်ပါသည်။

4. BIOS Setup ထဲရောက်လျှင် Boot Menu သို့ရောက်အောင် arrow keys, Tab နှင့် Enter ကီးကိုအသုံးပြု ပါ။
5. Boot Menu သို့ရောက်လျှင် ပုံတွင်ပြထားသည့် Quick Boot Mode ကိုရှာဖွေပါ။ တွေ့လျှင် Enable လုပ်ပါ။
မှတ်ချက် - Enable လုပ်ခြင်းဖြင့် Memory စစ်ဆေးခြင်းနှင့် အရေးမကြီးသော Power On Self Tests (POST) အပိုင်းလေးများကို ကျော်လွှားသွားခြင်းဖြင့် သင်၏ System Boot Time ကိုပိုမိုမြန်ဆန်စေမှာဖြစ်သည်။
6. နောင်တစ်ခုအနေနှင့် Boot Device Priority ကိုရှာပါ။ First boot device ကို hard drive ရွေးပေးပါ။ ထိုသို့ ရွေးချယ်ခြင်းဖြင့် သင်၏ System Boot Time ကိုပိုမိုမြန်ဆန်စေမှာဖြစ်သည်။သို့သော် ထိုသို့ရွေးချယ်ထား ခြင်းဖြင့် CDROM , Floppy မှ Boot လုပ်နိုင်တော့မည်မဟုတ်ပါ။တကယ်လို့များ CDROM , Floppy မှ Boot လုပ်လိုပါက ခုနက ပြင်ဆင်ခဲ့သော First boot device တွင် CDROM or Floppy ကိုပြန်ရွေးပေးရန်လိုပါသည်။
7. အထက်ပါလုပ်ဆောင်ချက်နှစ်ခုပြီးဆုံးသွားပါက Exit and Save Changes ကိုရွေးပါ။ ပြီးလျှင် Computer reboot ပြန်လည်လုပ်ဆောင်ခြင်းဖြင့် Boot Time မြန်ဆန်ခြင်း၊ မည့်သည့် Device ဖြင့် windows တက်ရမည်ကို ရှာဖွေစရာ မလိုတော့ခြင်း (၀ါ) ရှာဖွေချိန်သက်သာခြင်းကြောင့် Windows Boot Time ကိုပိုမိုမြန်ဆန်စေ ပါတယ် ခင်မျာ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

အထွေးထွေးနည်းပညာများ