Pages

Friday 7 September 2012

Php အခြေခံ-4

Comparison Operators
Operator
Description
Example
==
is equal to
5==8 returns false
!=
is not equal
5!=8 returns true
<>
is not equal
5<>8 returns true
>
is greater than
5>8 returns false
<
is less than
5<8 returns true
>=
is greater than or equal to
5>=8 returns
<=

false
is less than or equal to
5<=8 returns true


Comparison operator တွေကို variable တွေရဲ့ value တွေတခုနဲ့တခုကို နှိုင်းယှဉ်လိုတဲ့အခါမှာအ သုံးပြုရမှာ ဖြစ်ပါတယ်။ကျနော်တခုစီရှင်းပါ့မယ်။



== operator
=operator နဲ့ မတူဘူးဆိုတာသတိပြုကြပါ။= operator က တန်ဖိုးသတ်မှတ်ဖို့ပါ။အခုဟာက  နှိုင်းယှဉ်ဖို့ပါ။ကျနော် ဥပမာပြပါ့မယ်။
X=5 ဆိုရင် ဆိုလိုတာက xမှာ 5 ဆိုတဲ့ တန်ဖိုးရှိတယ်လို့ပြောတာနော်။xဟာ 5 နဲ့ တူတယ်လို့ပြောတာ မဟုတ်ဘူး။ x ဆိုတာက text ၊ 5 ဆိုတာက number ၊ မတူပါဘူး။
== operator ကို ဘယ်လိုနေရာမှာသုံးမလဲဆိုတော့ conditional statement တွေမှာသုံးရပါတယ်။ conditional statement တွေကိုတော့ ကျနော် သူတို့အခန်းရောက်မှ အသေးစိတ်ရှင်းပြမှာပါ။အခု အဓိပ္ပါယ် သိလိုရင်တော့ condition ဆိုတာ အခြေအနေတခုအတွင်းက မတူတဲ့လုပ်ဆောင်ချက်တွေ ပါပဲ။
ကျနော်တို့ website တခုကို username,password နဲ့ login ဝင်တဲ့အခါ username နဲ့ password မှန်နေရင် site ထဲကိုဝင်ခွင့်ရမယ်။မမှန်ရင် ဝင်လို့မရဘူး ။အဲလိုအခြေအနေဟာ conditional statement ပါပဲ။ ဒီဟာဖြစ်ရင် ဒါလုပ်မယ်ဆိုတဲ့သဘောပါပဲ။
အဲဒီမှာ ဘယ်လိုသတ်မှတ်ထားလဲဆိုတော့ username== “moeaye” , password==123  ဒါကိုဘာသာပြန်ရရင် username ဟာ moeaye ဆိုတဲ့ value ဖြစ်ပြီး password ဟာ 123 ဖြစ်တယ်ဆိုရင် ဝင်ခွင့်ပြုတယ်ပေါ့ ။ မဟုတ်ရင်တော့ မဝင်ရဘူးပေါ့။ user inputကနေပြီးရိုက်လိုက် တဲ့တန်ဖိုးတွေဟာ moeaye နဲ့ 123 ဖြစ်မှ site ထဲကိုဝင်ခွင့်ရမှာပါ။ ဒါကတော့ == operator ရဲ့သဘောပါပဲ။username ဟာ moeaye ဖြစ်တယ်လို့သတ်မှတ်ထားတာမဟုတ်ဘူး။ username ဟာ moeaye နဲ့ ထပ်တူဖြစ်တယ်လို့သတ်မှတ်ထားတာဖြစ်ပါတယ်။
!= operator ကတော့ == နဲ့ပြောင်းပြန်ပါ။ မညီဘူးလို့အဓိပ္ပါယ်ရပါတယ်။ not equal ပေါ့။ သူ့ကို နောက်တမျိုးဒီလိုသုံးပါတယ်။ <> ပါ ။ $x<>5 ဆိုရင် $x ဟာ 5 မဟုတ်ဘူးလို့ ဆိုလိုတာပါ။!= နဲ့ တူတူပါပဲ။
> operator ကတော့ ကြီးခြင်းကို နှိုင်းယှဉ်ဖို့ အတွက်ပါ။ $x>10 ဆိုရင် $xဟာ 10 ထက်ကြီးတယ် လို့ဆိုလိုတာပါ။
< operator ကတော့ ငယ်ခြင်းကို နှိုင်းယှဉ်ဖို့ အတွက်ပါ။$x<10 ဆိုရင် $xဟာ 10ထက်ငယ်တယ်လို့ ဆိုလိုတာပါ။
>= operator ကတော့ ကြီးမယ်၊ဒါမှမဟုတ် ညီမယ်လို့ အဓိပ္ပါယ်ရပါတယ်။$x>=10 ဆိုရင် $x ဟာ 10ထက်ကြီးမယ်(သို့) 10 နဲ့ ညီတယ်လို့ဆိုလိုတာပါ။
<= operator ကတော့ ငယ်မယ်၊ဒါမှမဟုတ် ညီမယ်လို့ အဓိပ္ပါယ်ရပါတယ်။$x<=10 ဆိုရင် $xဟာ  10ထက်ငယ်မယ်(သို့) 10 နဲ့ညီတယ်လို့ဆိုလိုတာပါ။
ဒီ operator တွေကို ဒီနေရာမှာ ကျနော် နမူနာတွေ မပြတော့ပါဘူး။ သင်္ချာ အခြေခံသဘောတရား တွေဖြစ်တဲ့အတွက် အားလုံးရင်းနှီးပြီးသားဖြစ်မယ်လို့ထင်ပါတယ်။နောက်ပြီး condition statement အခန်းမှာ ဥပမာ များစွာတွေ့ရမှာဖြစ်တဲ့အတွက် အခုအခန်းမှာတော့ မှတ်မိအောင်လေ့လာထားဖို့ပဲလို ပါတယ်။

Logical Operators
Operator
Description
Example

&&
And
x=6  y=3(x < 10 && y > 1)returns true
||

or

x=6   y=3   (x==5 || y==5) returns false

!
not
x=6  y=3    !(x==y)    returns true

Logical operator ဆိုတာကလဲ အသုံးများတဲ့ Operator တခုပါပဲ။
&& operator
အင်္ဂလိပ် အက္ခရာ and ရဲ့ အဓိပ္ပါယ်ပါ။ အခြေအနေနှစ်ခုလုံး မှန်နေတယ်ဆိုတဲ့ သဘောပါ။
$x=5;
$y=6;
if($x>3 && $y<9)
{
Echo “this is right”;
}
အထက်က codeကိုကြည့်ပါ။ $x ဟာ 3 ထက်ကြီးပြီး $y ဟာ 9 ထက်ငယ်ရင်  this is right ဆိုတဲ့ string ကို output ထုတ်ပါလို့ code ရေးထားတာပါ။ အဲဒီမှာ အခြေအနေနှစ်ရပ်လုံးက မှန်နေရမယ်။ တကယ်လို့ $y ဟာ 9 ထက်ကြီးနေရင် အခြေအနေ တစ်ရပ်က မှားနေတဲ့အတွက် output ထုတ်မှာမဟုတ်ပါဘူး။ဒါကြောင့် && operator ကိုသုံးမယ်ဆိုရင် condition နှစ်ရပ်လုံးမှန်နေဖို့လိုပါ တယ်။ if ဆိုတဲ့ condition statement ကိုတော့ နောက်သင်ခန်းစာတွေမှာလေ့လာရပါမယ်။
|| operator
အင်္ဂလိပ် အက္ခရာ or ရဲ့ အဓိပ္ပါယ်ပါ။ (သို့မဟုတ်)လို့အဓိပ္ပါယ်ရပါတယ်။ သူကတော့ condition နှစ်ခုအနက်မှာ တခုတော့မှန်ရပါမယ်။ နှစ်ခုလုံးမှန်နေရင်လဲ ရပါတယ်။အနည်းဆုံးတော့ တခုမှန်ရပါမယ်။နှစ်ခုလုံးမှားနေလို့တော့ မရပါဘူး။
$x=5;
$y=6;
if($x>3 || $y>9)
{
Echo “this is right”;
}
အထက်က code မှာ $x>3 ဆိုတာမှန်နေပြီး $y>9 ဆိုတာက မှားနေပါတယ်။ ဒါပေမယ့် condition တခု မှန်နေတဲ့အတွက် this is right ဆိုတာကို output ထုတ်ပေးပါလိမ့်မယ်။ နှစ်ခုလုံးမှားနေလို့တော့ မရပါဘူး။
! operator
သူကတော့ အင်္ဂလိပ်အက္ခရာ not နဲ့ အဓိပ္ပါယ်တူပါတယ်။
<?php
$x=6;
$y=5;
if(!($x==$y))
{
echo "this is right";
}
?>
အထက်က code အရဆိုရင် $x နဲ့ $y ရဲ့ တန်ဖိုးတွေဟာ တူနေတာ မဟုတ်ဘူးဆိုရင် this is right ဆိုတဲ့ string ကို output ထုတ်ပေးပါလို့ ဆိုလိုတာပါ။$x=6,$y=5 လို့သတ်မှတ်ထားတော့ မတူဘူးလေ။ ဒါကြောင့် output ထုတ်မှာဖြစ်ပါတယ်။ သူကိုတော့ ဒါမဟုတ်ရင် ဒီလိုလုပ်ပါ ဆိုတဲ့ condition အခြေအနေတွေမှာသုံးရပါတယ်။ အသုံးများတဲ့ operator ပါပဲ။
concatenate operator
နောက်ဆုံး operator တခုကိုပြောပါ့မယ်။ concatenate operator ပါ ။ dot character ( . ) နဲ့ သတ်မှတ်ထားပါတယ်။ သူကိုတော့ string တွေ အချင်းချင်း ပေါင်းစပ်ဖို့ တခုတည်းအတွက်ပဲ သုံးပါတယ်။
<?php
$x= “hello”;
$y= “I am webdeveloper”;
echo $x. “<br/>”.$y;
?>
ဒါဆိုရင် output မှာ hello ၊ နောက်တစ်ကြောင်းက I am webdeveloper ဆိုပြီးတွေ့ရမှာပါ။$x နဲ့ $y တို့ရဲ့ string value နှစ်ခုကို concatenate လုပ်လိုက်တာပါပဲ။ ကြားထဲက <br/> ဆိုတာကတော့ line break အတွက်ဆိုတာ သိမှာပါ။ဒီ operator ကိုတော့ string တွေ အချင်းချင်း ပေါင်းစပ်ဖို့အ တွက်ပဲ သုံးလို့ရပါတယ်။
အခုဆိုရင်တော့ operator တွေအကြောင်းလေ့လာလို့ပြီးပါပြီ။ အခုဆက်ပြီး condition statement ဆိုတာ ဘာလဲဆိုတာ ဆက်ပြီးလေ့လာကြပါမယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

အထွေးထွေးနည်းပညာများ