Pages

Friday, 7 September 2012

computer language ကိုယ်ပိုင် တီထွင်ခြင်း+1


Introduction

ဒီတခါ ကျွန်တော်ရေးမဲ့အကြောင်းအရာကတော့ computer language အသစ်တခုကို ကိုယ်ပိုင် တီထွင်ခြင်းဖြစ် ပါတယ်။ ဒီနေရာမှာ မေးစရာ မေးခွန်း ၂ ခုပေါ်လာပါတယ်။ 
(၁) Language တစ်ခုတီထွင်ရတာ ခက်ပါသလား။
 (၂) Language အသစ်ထွင်ဖို့လိုအပ်ပါသလား။ Language အသစ်တခုထွင်ရာမှာ ရှိပြီးသား C လို procedural language မျိုးတီထွင်ဖို့ အရမ်းလွယ်ပါတယ်။ Coding အနည်းငယ်နဲ့ဘဲ တည်ဆောက်လို့ရ ပါတယ်။


Language အသစ်တီထွင်ဖို့ လိုအပ်ပါသလားဆိုတော့ ဒီခေတ်ထဲမှာတော့ လုံးဝနည်းပါး မလိုအပ်ပါဘူး။ ရှိပြီးသား java လို c# လို scripting language တွေဟာ တော်တော်လေးကောင်းပြီး၊ နေရာ တော်တော်များများမှာ (embedded) သုံးလို့ရပါတယ်။ နောက်ပြီး ကိုယ်တီထွင်မဲ့ language ဆိုတာ ဘယ်လိုလုပ်ဒီလို ကမ္ဘာကျော် languages တွေနဲ့ယှဉ်လို့ရမှာလဲ။ မဟုတ်ဘူးလား :)

ဒါပေမဲ့၊ ကိုယ်ပိုင် language၊ compiler နဲ့ interpreter တွေကို ရေးနိုင်သွားရင်၊ C# တို့ Java တို့ သုံးတဲ့အခါ၊ အော်... ဒီ syntax ကဒီနေရာမှာ ဒါကြောင့်လိုအပ်တာကိုး၊ ဒီလိုရေးရင် ဒါကြောင့် error တက်တာ၊ ဒီလိုရေးရင် Optimized ပိုဖြစ်တယ် စသည်ဖြင့် စဉ်းစားနိုင်သွားပါတယ်။ Programming ဆိုတာကြီးကို ဘာမှန်းမသိတဲ့ Black Box အဖြစ်ကနေ၊ codes တွေကို complier ကဘယ်လို compile လုပ်တယ်၊ Assembler က ဘယ်လို execute လုပ်တယ်ဆိုတာကို အသေးစိတ်သိသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်အမြင်ကတော့ compiler ရေးတာကို programmer တိုင်းသိထားသင့်တယ် ထင်ပါတယ်။ ကဲဒီတော့၊ ကျွန်တော်တို့ programming language တခုကိုဘယ်လိုတည်ဆောက်တယ် ဆိုတာ လေ့လာရင်း ကိုယ်ပိုင် Programming language လေးတခု ထွင်ရေးကြည့်ရအောင်။

ဒီ tutorial မှာတော့ programming language အသစ်ထွင်ရာမှာ C-based syntax တွေကိုဘဲ သုံးပါမယ်။ CPU ပေါ် run တဲ့ assemblies codes တွေထုတ်မဲ့အစား၊ Java လို ကိုယ်ပိုင် virtual machine မှာ run မဲ့ byte-codes တွေထုတ်ပေးတဲ့ complier မျိုးရေးမှာ ဖြစ်ပါတယ်။ စာဖတ်သုတွေ အနေနဲ့ ဒီ tutorial series ကိုလိုက်လုပ်ရင်း ကိုယ်ပေးချင်တဲ့ syntax တွေ၊ နာမည်တွေလဲ ပေးနိုင်ပါတယ်။ ကိုယ်ပိုင် language ထွင်နေတာဘဲ၊ မဟုတ်ဘူးလား? :) Tutorial ကိုလိုက်လုပ်ရင်းနဲ့ have fun ပေါ့ ;)

Note: ခုကျွန်တော်တင်ပြမဲ့ tutorial ဟာလွယ်ပေမဲ့၊ programming ကို beginner ကစလေ့လာနေသူတွေ အတွက်ရည်ရွယ်ပြီး ရေးထားတဲ့ basic programming tutorial တော့မဟုတ်ပါ။ ဒီ tutorial ကို ဖတ်ဖို့ programming concept အခြေခံတော့ ရှိဖို့လိုပါလိမ့်မယ်။ ဒီ tutorial ကိုမဖတ်ခင် သိထားသင့်တာတွေ ကတော့ stack အပါအ၀င် အခြေခံ data structure များ၊ CRT နှင့် STL (Standard Template Library) မှ function များ၊ vector, list ကဲ့သို့ template class များ၊ File အရေး/အဖတ် တို့ကို သိထားသင့်ပါတယ်။ စာဖတ်သူများ သိထားပြီးလို့ ယူဆပြီး ဒီ tutorial မှာအသေးစိတ် ရှင်းပြပေးသွားမှာ မဟုတ်ပါ။

C++ ကိုအခြေခံရေးထားပေမဲ့၊ တခြား third generation languages များဖြင့်လဲ implement လုပ်နိုင်ပါတယ်။ Scripting language များနှင့်တော့ implement လုပ်ရန် recommend မလုပ်ပါ။

Simplest Programming Language

ခု language အသစ်တခုဘယ်လို ရေးရမလဲဆိုတာ လေ့လာဖို့ ကျွန်တော်တို့ ကမ္ဘာပေါ်မှာ အရိုးရှင်းဆုံး language တခုကို စရေးကြည့်ရအောင်။ ကျွန်တော်တို့ language မှာ Op-code ၂ခုဘဲပါပါမယ်။ TALK နဲ့ END ပါ။ ကိုယ်က TALK လို့ရေးလိုက်ရင် computer က "Hello, I am simplest language!" လို့ screen ပေါ်မှာ ရေးပြပါမယ်။ END လို့ရေးလိုက်ရင် program က exit ထွက်ပါတယ်။ ကဲ ဒီလောက်လွယ်တဲ့ language လေးကိုဘဲ နမူနာအနေနဲ့ စမ်းရေးကြည့်ရအောင်။

Note: Op-code ဆိုတာ Assembler မှာ execute လုပ်နိုင်တဲ့ single instruction ပါ။ Assembly ရဲ့ syntax က high-level language တွေနဲ့မတူပါဘူး။ သူမှာ Op-code တွေကိုတန်းစီပြီး ရေးရပါတယ်။ Op-code တခုမှာ အများအားဖြင့် parameter သုည၊ တခု (သို့) နှစ်ခုပါတတ်ပါတယ်။ ဥပမာ၊ 3 နဲ့ 4 ပေါင်းတာ (3+4) ကို pseudo assembly နဲ့အောက်ကလို ရေးပါတယ်။
1: PUSH 3
2: PUSH 4
3: ADD
4: POP


ကဲ၊ ခုကျွန်တော်တို့ရဲ့ simplest language ဆီပြန်သွားရအောင် :) ကျွန်တော်တို့ရဲ့ Op-code ၂ ခုကို define လုပ်လိုက်ပါ။
enum OpCode {    OP_TALK,
    OP_END

};
Op-code တခုချင်းဆီကို store လုပ်ဖို့ Instruction ဆိုတဲ့ class တခုဆောက်လိုက်ပါမယ်။ ဒါမှ Op-code တခုချင်းဆီနဲ့ သက်ဆိုင်တဲ့ data တွေကိုပါ တပါတည်း သိမ်းထားလို့ရမှာ။

class Instruction {public:
    OpCode    code;

    Instruction(OpCode _c) : code(_c) { };

};
လောလောဆယ်တော့ OpCode ဆိုတဲ့ data field တခုဘဲရှိပါသေးတယ်။ ဘာလို့လဲဆိုတော့ ခုကျွန်တော်တို့ရေးနေတာ simplest language လေ :) Parameter တွေပါထည့်ရေးချင်ရင် ဒီ Instruction class မှာဘဲ member data တွေထပ်တိုးလိုက်ရုံပါဘဲ။

Program ရေးတဲ့အခါ Instruction က ၁ ခုထဲရှိမှာ မဟုတ်ပါဘူး။ Program ဆိုတာ Instruction တွေအများကြီး နဲ့တည်ဆောက်ထားတာပါ။ ဒီတော့ Instruction တွေသိမ်းထားဖို့ Program ဆိုတဲ့ class တခုထပ်ဆောက်လိုက်ပါ အုံးမယ်။
class Program {public:
    vector<Instruction>    InstructionList;

    int            nCurrent;

    Program() : nCurrent(0) {};

};
ဒီ Program class ရဲ့တာဝန်က instructions တွေကို store လုပ်ဖို့နဲ့ retrieve လုပ်ဖို့်ပါ။ ဒီတော့ store လုပ်ဖို့အတွက် function နဲ့ retrieve လုပ်ဖို့ function ၂ခုရေးလိုက်ပါမယ်။

class Program {public:
    vector<Instruction>        InstructionList;

    int                nCurrent;

    Program() : nCurrent(0) {};



    // Add a new instruction to the program

    void Add(Instruction inst)    {

        InstructionList.push_back(inst);

    };



    // Retrieve current instruction and move to next instruction

    Instruction Next() {

        return InstructionList[nCurrent++];

    };

};
Program ဆိုတဲ့ class က instruction တွေကို store လုပ်ရုံပါ။ Instruction တွေ run ဖို့အတွက် Virtual Machine ဆိုတဲ့ class တခုထပ်ဆောက်လိုက်ပါမယ်။ Virtual Machine ကို interpreter လို့လဲခေါ်ပါတယ်။ ဒါက Java မှာပါတဲ့ Virtual Machine နဲ့သဘောတရားခြင်း အတူတူပါဘဲ။ ဒီ Virtual Machine ကကျွန်တော်တို့ရဲ့ instruction တခုချင်းဆီကို ဖတ်ပြီး execute လုပ်ပေးမှာ ဖြစ်ပါတယ်။ ကဲ ကျွန်တော်တို့ရဲ့ Virtual Machine လေးကို ရေးကြည့်ရအောင်၊

class Virtual Machine {public:
    void Run(Program& program);

};
Virtual Machine မှာတော့ လောလောဆယ် program ကို run မဲ့ function တစ်ခုဘဲရှိပါတယ်။ ကဲ Run() function ကိုရေးကြည့်ရအောင်။ ကျွန်တော်တို့မှာ instruction ၂ မျိုးဘဲရှိပါတယ်။ TALK နဲ့ END ပါ။ ဒီတော့ အောက်ကလို instruction ရဲ့ Op-code ကိုဖတ်ပြီး switch နဲ့ခံပြီး လိုချင်တာ ရေးလိုက်ရင်ရပါပြီ။

switch (program.Next().code){
case OP_TALK:

    printf("Hello, I am simplest language!");

    break;

case OP_END:

    return;

}
Implementation အပြည့်အစုံကိုအောက်မှာ ကြည့်ပါ။
class Virtual Machine {

public:

    void Run(Program& program) {

        while (true)

        {

            switch (program.Next().code)

            {

            case OP_TALK:

                printf("Hello, I am simplest language!\n");

                break;

            case OP_END:

                return;

            }

        }

    };

};
ကဲဒါဆို ကျွန်တော်တို့ရဲ့ simplest language လေးဟာပြီးသွားပါပြီ။ ကဲ ရေးရတာ ဘယ်လောက်လွယ်သလဲ ;) Simplest language ဆိုပေမဲ့ Virtual Machine ရဲ့ run ပုံ concept အပြည့်အစုံသုံးသွားပါတယ်။ ခုလောလောဆယ် ဘာမှသိပ်အလုပ်မလုပ်သေးပေမဲ့ နောက် chapter တွေကျရင် ဒီ code base ကိုဘဲ တကယ့် language ဖြစ်အောင်ချဲ့သွားပါမယ်။ လောလောဆယ်တော့ ကျွန်တော်တို့ရဲ့ Virtual Machine လေးကို စမ်းကြည့်ရအောင်၊

VirtualMachine vm;
void main() {

    Program MyProgram;



    // my script :)

    MyProgram.Add(Instruction(OP_TALK));

    MyProgram.Add(Instruction(OP_TALK));

    MyProgram.Add(Instruction(OP_END));



    vm.Run(MyProgram);

};
ဒါဆို ကျွန်တော်တို့ရဲ့ "script" ကအောက်ကလို print ထုတ်ပေးပါလိမ့်မယ်။

Hello, I am simplest language!
Hello, I am simplest language!

သိပ်တော့ စိတ်လှုပ်ရှားစရာ မရှိသေးဘူး :) ဒီနေရာမှာ သတိထားစရာက OP_END ဆိုတဲ့ instruction ကို ထည့်မပေးရင် error တက်ပါလိမ့်မယ် (ဘာကြောင့်ဆိုတာ Virtual Machine ရဲ့ Run() function ကိုပြန် ကြည့် ပါ)။ ဒါက ကျွန်တော်တို့ simplest language လေးရဲ့ rule တခုပါ၊ Syntax လို့လဲ ပြောလို့ရပါတယ်။ ဒီနေရာမှာ၊ ဒီလို အလွယ်ဆုံး language လေးတောင် syntax ဆိုတာရှိတယ်၊ ရှိတဲ့ syntax ကိုမလိုက်နာရင် ဘာကြောင့် error တက်တတ်တယ်ဆိုတာ သတိပြုနိုင်ပါတယ်။

ဆက်ပါအုံးမည်...

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

အထွေးထွေးနည်းပညာများ