Pages

Friday 7 September 2012

Php အခြေခံ-3



Arithmetic Operators

Operators
Description
Example
Result
+
addition
X=5,x+3=?
8
-
subtraction
X=5,x-3=?
2
*
multiplication
X=5,x*3=?
15
/
division
X=10,x/2=?
5
%
Modulus(remainder)
X=5,x%2=?
1
X=10,x%8=?
2
++
increment
X=5,x++=?
6
--
decrement
X=5,  x-- =?
4
Arithmetic operator ဆိုတာကတော့ အက္ခရာသင်္ချာအတွက် အသုံးပြုဖို့ operator တွေဖြစ်ပါတယ်။ အထက်မှာ 7 မျိုးပြထားပါတယ်။ကျနော်တခုခြင်း ပြန်ရှင်းပြပါ့မယ်။

+ operator
သူကတော့ အက္ခရာသင်္ချာတွေ ပေါင်းဖို့အတွက် အသုံးပြုတာဖြစ်ပါတယ်။ဥပမာတခုပြပါ့မယ်။
X=5,y=6 ဆိုပါတော့ဗျာ။ zရဲ့ တန်ဖိုးဟာ x နဲ့ y ပေါင်းခြင်းနဲ့ညီတယ်လို့သတ်မှတ်ချင်တယ်။ဒါဆိုရင်…
<?php
$x=5;
$y=6;
$z=$x+$y;
echo $z
?>
ဒါဆိုရင် browser မှာ $zရဲ့ တန်ဖိုး 11 ဆိုပြီးတွေ့ရမှာပါ။ဒါကတော့ + operator ကို အသုံးပြုခြင်းပါပဲ။
ကျန်တဲ့ အမြောက်၊အစား၊ရာခိုင်နှုန်းတွေအတွက် ကျနော် နမူနာ ရေးမပြတော့ပါဘူး။အလယ်တန်း  လောက်ကတည်းက အက္ခရာ သင်္ချာကို သင်ကြားလာပြီးဖြစ်တဲ့အတွက် ဒါတွေကိုသိပြီးဖြစ်မှာပါ။
++ operator
သူ့ကိုတော့ အနည်းငယ်ရှင်းပြဖို့လိုပါတယ်။++ ဆိုတာ မူလတန်ဖိုးကို 1 ပေါင်းဖို့ဆိုလိုတာပါ။ဥပမာ ပြောပါ့မယ်။
<?php
$x=5;
$x++;
echo $x;
?>
ဒါဆိုရင် browser မှာ $x တန်ဖိုးကို 6 ဆိုပြီး ပြမှာပါ။$x ရဲ့ မူလတန်ဖိုးက 5ပါ။ဒါပေမယ့် $x++ ကိုအောက်တကြောင်းမှာ ရေးလိုက်တဲ့အတွက် $X ရဲ့ မူလတန်ဖိုး 5 မှာ 1 ပေါင်းပေးလိုက်ပါတယ်။
ဒါကြောင့် OUTPUT ထုတ်လိုက်တဲ့ အခါ $x တန်ဖိုးက 6 ဖြစ်သွားတာပါ။တတယ်လို့ နောက်တလိုင်း မှာ $x++ လို့ထပ်ရေးလိုက်ရင် $x တန်ဖိုးက 7 ဖြစ်သွားမှာပါ။ သူက တခါသုံးလိုက်တိုင်း 1 တိုးသွား တဲ့သဘောပါပဲ ။ဒါကြောင့် increment လို့ခေါ်တာပါ။ဒီ operator ကအသုံးများတဲ့ operator ဖြစ်ပါ တယ်။ နောက်အခါ နာရီလိုမျိုး application တွေလုပ်တဲ့အခါ loop statement တခုခုနဲ့တွဲဖက်ပြီး အသုံးပြုကြရပါမယ်။ 1,2,3,4, စသဖြင့် အစဉ်လိုက်တိုးပွားအောင် loop နဲ့လုပ်ဆောင်ရပါမယ်။ဒါတွေ ကို နောက်သင်ခန်းစာတွေမှာတွေ့ကြရမှာပါ။အခုဆိုရင် ++ operator ရဲ့ သဘောကိုသိလောက်ပါပြီ။-- operator ကိုတော့ အသေးစိတ်မရေးတော့ပါဘူး။ ++ operator ရဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ အခုဆိုရင် ကျနော်တို့ arithmetic operator တွေအကြောင်းသိခဲ့ကြပါပြီ။
Assignment Operators
Operator
Example
Is The Same As
=
x=y
x=y
+=
x+=y
x=x+y
-=
x-=y
x=x-y
*=
x*=y
x=x*y
/=
x/=y
x=x/y
.=
x.=y
x=x.y
%=
x%=y
x=x%y

အခု assignment operator တွေအကြောင်းကို လေ့လာကြရပါမယ်။အထက်မှာ 7 မျိုးပြထားပါတယ်။ ကျနော် တခုစီ ရှင်းပြပါ့မယ်။ assignment operator တွေကို variable တွေရဲ့ တန်ဖိုးတွေသတ်မှတ်ဖို့ အသုံးပြုကြပါတယ်။

= operator

= operator ကို variable တွေရဲ့ တန်ဖိုးကိုသတ်မှတ်ပေးဖို့သုံးရပါတယ်။
<?php
$x;
$y;
$z=$x*$y
echo $z;
?>
အထက်ကအတိုင်းဆိုရင် $z ရဲ့ တန်ဖိုးဟာ 0 ဆိုပြီးပဲထွက်လာမှာပါ။ဘာလို့လဲဆိုတော့ $x နဲ့ $y တို့မှာ သတ်မှတ်ထားတဲ့ တန်ဖိုးတွေမရှိလို့ပါ။ဒါကြောင့် boolean တန်ဖိုး 0 ဆိုပြီးထွက်လာတာပါ။ Boolean တန်ဖိုးဟာ true or false အနေနဲ့ output ထုတ်ပေးပါတယ်။ true ဆိုရင် 1 လို့သတ် မှတ်ပြီး false ဆိုရင်0 ဆိုပြီးပြပါတယ်။အခုမှားနေလို့ 0 ဆိုပြီးပြတာပါ။ ဒါက ဗဟုသုတ အနေနဲ့ပါ။ တန်ဖိုးသတ်မှတ်ပေးချင်တယ်ဆိုရင်တော့ = operator ကိုအသုံးပြုကြရမှာပါ။
<?php
$x=5;
$y=6;
$z=$x*$y;
echo $z;
?>
အခုဆိုရင်တော့ $z ရဲ့တန်ဖိုးဟာ 30 ဆိုပြီးဖြစ်လာပါပြီ။ဘာလို့လဲဆိုတော့ $x နဲ့ $y မှာ တန်ဖိုးအသီး သီးသတ်မှတ်ထားလို့ပါပဲ။
$name= “moeaye”;
အခုဆိုရင် $name ရဲ့ တန်ဖိုး value ဟာ moeaye ဖြစ်တယ်လို့ = operator ကိုသုံးပြီးကြေငြာလိုက် တာပါ။ဒါကြောင့် web page ရဲ့ ဘယ်နေရာကမဆို $nameကို ခေါ်ယူပြီး သူ့ရဲ့ value ကိုသုံးစွဲလို့ရပြီ။ ဒါကတော့ = operator ရဲ့ အသုံးပြုပုံဖြစ်ပါတယ်။

+= operator
သူ့ကိုတော့ မူလ variable မှာတန်ဖိုးတွေထပ်မံပေါင်းစပ်ဖို့အတွက် အသုံးပြုပါတယ်။ဥပမာအနေနဲ့…
<?php
$x=5;
$x+=2;
echo $x;
?>
$x ရဲ့ မူလတန်ဖိုးက 5 ပါ ။ ဒါပေမယ့် နောက်တလိုင်းမှာ $x+=2 ဆိုပြီးရေးလိုက်တယ်။ဒါကြောင့် output မှာ 7 ဆိုပြီးထွက်လာပါတယ်။သဘောကတော့ $x ရဲ့ မူလတန်ဖိုးကို 2 ပေါင်းမယ်လို့ဆိုလို လိုက်တာပါ။ဒါကတော့+= operator ရဲ့ အသုံးဖြစ်ပါတယ်။
-= operator ကတော့ += operator ရဲ့ဆန့်ကျင်ဘက်ပါ။မူလတန်ဖိုးထဲက နောက်တန်ဖိုးကိုနှုတ်ဖို့ပါ။
*=  ဆိုတာကတော့ မူလတန်ဖိုးကို နောက်ထပ်တန်ဖိုးနဲ့မြှောက်ရန်ဖြစ်ပါတယ်။
/= ဆိုတာကတော့ မူလတန်ဖိုးကို နောက်ထပ်တန်ဖိုးနဲ့စားဖို့ဖြစ်ပါတယ်။
%=ဆိုတာကတော့ မူလတန်ဖိုးကိုနောက်ထပ်တန်ဖိုးနဲ့ရာခိုင်နှုန်းချဖို့ပဲဖြစ်ပါတယ်။ စားကြွင်းကိုရှာဖို့ပါ။ 10%6 ဆိုရင် အကြွင်း 4 ဆိုပြီးရမှာပါ။
သူတို့ဟာအထက်က-ဥပမာနဲ့တင်လုံလောက်တယ်လို့ထင်ပါတယ်။သဘောတရားကတူတူပါပဲ။
ဒါကြောင့်နမူနာမပြတော့ပါဘူး။

.= operator
သူ့အကြောင်းတော့ နဲနဲပြောရပါမယ်။မူလ variable ရဲ့value မှာနောက်ထပ် value တွေကိုတွဲစပ်ဖို့ပါ။
<?php
$x=2;
$x.=5း
echo $x;
?>
Output အနေနဲ့ $x ရဲ့တန်ဖိုးဟာ 25ဆိုပြီးထွက်လာမှာပါ။ဘာလို့လဲဆိုတော့ မူလ $x ရဲ့တန်ဖိုး 2မှာ နောက်တန်ဖိုး 5 ကိုတွဲစပ်လိုက်တာပါပဲ။ဒါကြောင့် 25 ဆိုပြီးဖြစ်လာတာပါ။ပေါင်းလိုက်တာမဟုတ်ဘူး နော်။တွဲလိုက်တာဖြစ်ပါတယ်။ဒါကိုသတိပြုပါ။ဒီကောင်က ဂဏန်းတွေပဲတွဲလို့ရတာမဟုတ်ပါဘူး။text တွေကိုလဲတွဲစပ်လို့ရပါတယ်။
<?php
$x= “hello”;
$x.= “friend”;
echo $x;
?>
ဒါဆိုရင် output မှာ hellofriend ဆိုပြီးပေါ်လာမှာပါ။ $x ရဲ့ တန်ဖိုး hello နဲ့ နောက်ထပ်တန်ဖိုး friend ကို .= operator သုံးပြီးတွဲစပ်လိုက်တာဖြစ်ပါတယ်။ဒါကတော့ .=operator ရဲ့အသုံးပြုပုံပဲဖြစ်ပါတယ်။
အခုဆိုရင် assignment operator အကြောင်းလေ့လာလို့ပြီးပါပြီ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

အထွေးထွေးနည်းပညာများ