Pages

Friday 7 September 2012

computer language ကိုယ်ပိုင်တီထွင်ခြင်း+2

Adding Operands

ခုလောလောဆယ် ကျွန်တော်တို့ရဲ့ Op-code TALK က ပုံသေတမျိုးဘဲ print ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒီတော့ ပုံသေမဟုတ်ဘဲ ပေးထားတဲ့ number တခု screen ပေါ်ကိုရိုက်ထုတ်ပေးတဲ့ Op-code အသစ်တခု ထပ် ထည့်ကြည့်ရအောင်။

ဒီလို user (ကိုယ့် language ကိုသုံးမဲ့ programmer) ကပေးတဲ့ data ကို print ထုတ်ပြဖို့အတွက် Op-code ကို data နဲ့တွဲပေးဖို့လိုပါတယ်။ အဲလို Data မျိုးကို operand လို့ခေါ်တာ သိကြမှာပါ။ ဒီနေရာမှာ ကိုယ့် code မှာ operand ဘယ်နှစ်ခုသုံးခွင့်ပေးမလဲ ဆိုတာ ဆုံးဖြတ်ဖို့လိုပါတယ်။ ဒီ tutorial မှာတော့ operand ၂ ခုလက်ခံအောင် ရေးထားပါတယ်။ ၂ ခုဆို assembly အတွက်တော့ တော်တော်အလုပ်ဖြစ်နေပါပြီ။

ကဲ operand နဲ့ Op-code တွဲပေးဖို့ အောက်ကလို code တချို့ပြင်ပါမယ်။
class Instruction {public:
    OpCode    code;

    int       operand[2];

    Instruction(OpCode _c, int _p1, int _p2) : code(_c) {

        operand[0] = _p1;

        operand[1] = _p2;

    };

};
NUM ဆိုတဲ့ Op-code အသစ်တခုထပ်ထည့်ရအောင်၊
enum OpCode {    OP_TALK,
    OP_NUM,

    OP_END,

};
Virtual Machine ထဲက switch ထဲမှာလဲ NUM ကို process လုပ်တဲ့ code ဖြည့်ထည့်ရပါမယ်၊
void Run(Program& program) {    while (true)
    {

        Instruction inst = program.Next();

        switch (inst.code)

        {

        case OP_TALK:

            printf("Hello, I am simplest language!\n");

        break;

        case OP_NUM:

            printf("Current Number: %d", inst.operand[0]);

            break;

        case OP_END:

            return;

        }

    }

};
ကဲဒါဆို ကျွန်တော်တို့ရဲ့ code အသစ်လေးကို စမ်းကြည့်ရအောင်။

void main() {
    Program MyProgram;
    // my script :)

    MyProgram.Add(Instruction(OP_TALK, 0, 0));

    MyProgram.Add(Instruction(OP_NUM, 101, 0));

    MyProgram.Add(Instruction(OP_NUM, 456, 0));

    MyProgram.Add(Instruction(OP_END, 0, 0));

    vm.Run(MyProgram);

};
ဒါဆို ကျွန်တော်တို့ရဲ့ script ကအောက်ကလို print ထုတ်ပေးပါလိမ့်မယ်။

Hello, I am simplest language!
Current Number: 101
Current Number: 456

Adding Memory Support

Op-code တခုချင်းဆီမှာ data ကို operand အဖြစ်ထည့်ပေးလို့ရတယ်။ ဒါပေမဲ့ Op-code တခုနဲ့ တခုကြား data ကို share လုပ်ချင်ရင် ဘယ်လို လုပ်မလဲ။ global data pool တခုတော့ လိုနေပါတယ်။ ဒါမှ ပထမ Op-code က process လုပ်လို့ထွက်လာတဲ့ data ကို နောက် op-code က ယူသုံးလို့ရမှာလေ။ ဒီအတွက် Memory ဆိုတဲ့ array တခုကို Program class မှာသွားကြေညာပေးရပါမယ်။

ဒီနေရာမှာ မေးစရာက ဘာကြောင့် global memory ကို Virtual Machine မှာမထည့်ဘဲ Program မှာသွားထည့်ရတာလဲ ဆိုတာပါ။ ဟုတ်တယ်လေ၊ Global memory က Virtual Machine မှာအသုံးပြုမှာ မဟုတ်လား။ ဒီလို ကြေညာလဲ ရတော့ရပါတယ်။ ဒါပေမဲ့ Virtual Machine မှာ program ၂ ခုထက်ပို run တဲ့ အခါ ပထမ program သုံးသွားတဲ့ memory ကိုနောက် program က share သုံးရပါလိမ့်မယ်။ ဒီတော့ မလိုလားအပ်တဲ့ error တွေတက်လာနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က global memory ရဲ့ scope ကို Program class level မှာဘဲထားပြီး Program class တခုတိုင်း global memory pool တခုရှိစေချင်လို့ global memory ကို Program class မှာကြေညာရခြင်း ဖြစ်ပါတယ်။
class Program {public:
    vector<Instruction>    InstructionList;

    int                    nCurrent;

    unsigned char*         pMemory;

    ...........

    ...........

};
pMemory ကို unsigned char အနေနဲ့ဘဲ ကြေညာထားပါတယ်။ ဒီနေရာမှာ 4-bytes ရှိတဲ့ int အဖြစ်ပေးရင် ရပေမဲ့ 1 byte ရှိတဲ့ char data type ကို save သွားလုပ်ရင်လဲ 4 bytes စာယူပါလိမ့်မယ်။ ဒါကြောင့်အငယ်ဆုံး size ကိုပေးထားတာပါ။ ဒီတော့ 4-byte ရှိတဲ့ integer တခု save လုပ်ချင်ရင် pMemory မှာ ၄ နေရာယူပါလိမ့်မယ်။

Memory ကိုအသုံးပြုဖို့ function တချို့လိုပါလိမ့်မယ်။
class Program {public:
    ...........

    ...........

    // write data to specific memory address

    void WriteMem(int address, void* data, int size) {

        memcpy(pMemory + address, data, size);

    };

    // read data from the specific memory address

    void ReadMem(int address, void* data, int size) {

        memcpy(data, pMemory + address, size);

    };

    ...........

    ...........

    Program() : nCurrent(0) {

        pMemory = new unsigned char[10240];

        ZeroMemory(pMemory, 10240);

    };

    ~Program() {

        delete pMemory;

    }

};
WriteMem() ဆိုတဲ့ function က memory array ပေါ်မှာ data သွားရေးတာပါ။ Address ကတော့ ကိုယ်ရေးချင်တဲ့ address ပေါ့။ ဥပမာ၊ ပထမ integer value တခုသွားရေးချင်ရင်၊

program.WriteMem(0, 101, 4); ပေါ့။

ဒုတိယ integer တခုသွားရေးချင်ရင် address 4 မှာရေးရပါမယ် (ပထမ integer က address 0 ကနေ 3 ထိနေရာယူထားတယ်လေ)။

program.WriteMem(4, 456, 4); ပေါ့။

ReadMem ကတော့ WriteMem ရဲ့ပြောင်းပြန် memory ကနေပြန်ဖတ်တဲ့ function ပါ။ Program() constructor ထဲမှာ ကျွန်တော်တို့ရဲ့ memory ကို ဆောက်ပေးဖို့လိုပါလိမ့်မယ်။ ခုကျွန်တော်တို့ memory size ကို 10KB ပေးထားပါတယ်။ ဒီတော့ ကျွန်တော်တို့ language မှာ 10KB ထက်ပိုပြီး သိမ်းလို့မရဘူးပေါ့ဗျာ။ ဒီထက်ပိုသိမ်းချင်ရင် memory size ကိုပြင်ပေးရပါလိမ့်မယ်။ Destructor ထဲမှာ memory ကို delete လုပ်ခဲ့ဖို့လဲ မမေ့ပါနဲ့။

ဒီနေရာမှာ အားသာချက်တခုက global memory ကို 0 တွေတခါတည်း initialize လုပ်ထားလို့ရတာပါဘဲ (constructor ထဲမှာ "ZeroMemory(pMemory, 10240);" လို့ရေးထားတယ်လေ)။ C++ မှာဆို memory ကအစမှာ ဗြောက်သောက်ဖြစ်နေတာမို့ variable ကြေညာတိုင်းအမြဲ initialize လုပ်ပေးရပါတယ်။ ဒါက Java လို Virtual Machine မှာ run တဲ့ programming language တွေရဲ့အားသာချက်တခုပါ။

ခုကျွန်တော်တို့ဆီမှာ global memory ရှိပြီမို့ memory ကို access လုပ်တဲ့ Op-code တချို့ရေးဖို့ဘဲကျန်ပါတော့တယ်။ ဒီအတွက် memory ကိုထဲကိုသွားသိမ်းမဲ့ OP_PUT_MEM ဆိုတဲ့ Op-code ကိုထည့်လိုက်ပါ။
enum OpCode {    .......
    OP_PUT_MEM,    // write operand to global memory

    .......

};
နောက်ပြီးရင် VirtualMachine::Run() function ထဲမှာ OP_PUT_MEM အတွက်သွားရေးပါ။
Instruction inst = program.Next();switch (inst.code)
{

    ......

case OP_PUT_MEM:

    program.WriteMem(inst.operand[0], (void*)&(inst.operand[1]), 4);

    break;

    ......

}
ဒီနေရာမှာ Instruction ရဲ့ ပထမ operand ကကိုယ်ရေးချင်တဲ့ memory address ဖြစ်ပြီး ဒုတိယ operand ကကိုယ်သိမ်းချင်တဲ့ data ဖြစ်ပါတယ်။ သိမ်းတဲ့ data က integer မို့ size ကတော့ 4 ပါ။ ပြီးရင် NUM ဆိုတဲ့ Op-code ကို operand ကို print လုပ်မဲ့အစား memory ထဲက data ကို print လုပ်တဲ့ function ပြောင်းရေးကြည့်ရအောင်။
...........case OP_NUM:
    {       

        int data;

        program.ReadMem(inst.operand[0], (void*) &data, 4);

            printf("Current Number: %d", data);

    }

    break;

...........

...........
ဒီနေရာမှာ operand 0 က data မဟုတ်တော့ဘဲ print ထုတ်မဲ့ memory ရဲ့ address ဖြစ်သွားပါတယ်။ ကဲ ခုကျွန်တော်တို့ရဲ့ code ကို testing လုပ်ကြည့်ရအောင်။ main() function ကိုအောက်ကအတိုင်းပြင်ပါမယ်။
void main() {    Program MyProgram;


    // my script :)

    MyProgram.Add(Instruction(OP_TALK, 0, 0));

    MyProgram.Add(Instruction(OP_PUT_MEM, 0, 101));

    MyProgram.Add(Instruction(OP_PUT_MEM, 4, 456));

    MyProgram.Add(Instruction(OP_NUM, 0, 0));

    MyProgram.Add(Instruction(OP_NUM, 4, 0));

    MyProgram.Add(Instruction(OP_END, 0, 0));

    vm.Run(MyProgram);

};
ဒါဆိုရင် အောက်ကအတိုင်း output ရပါမယ်။ Output မှာသိပ်အပြောင်းအလဲ မရှိပေမဲ့ ခုဆိုကျွန်တော်တို့ရဲ့ language လေးက data တွေကို memory မှာသွားသိမ်းလို့ရနေပါပြီ :)

Hello, I am simplest language!
Current Number: 101
Current Number: 456

Using Local Storage (Stack)

Global Memory ရှိတာကောင်းပါတယ်။ ဒါပေမဲ့ global memory က တွက်ချက်ထားတဲ့ data တွေကိုအမြဲ (permanent) သိမ်းထားဖို့အတွက်ဘဲ ကောင်းပါတယ်။ တွက်ချက်တုံး ကြားထဲက (intermediate) data တွေကို သိမ်းဖို့အတွက်တော့ သိပ်အဆင်မပြေလှဘူး။ ဘာကြောင့်ဆိုတာ ဥပမာ ပေးပါမယ်။ 1 + (5 + 4) ဆိုတဲ့ equation ကိုတွက်ဖို့အတွက် 5 + 4 ကိုပေါင်းပြီး global memory မှာ save လုပ်ရပါမယ်။ ပြီးရင် save လုပ်ထားတဲ့ value ကို 1 နဲ့ထပ်ပေါင်းရပါတယ်။ ဒီအတွက် 5 + 4 ကို save လုပ်ဖို့ global memory တနေရာစာ ပုတ်နေပါလိမ့်မယ်။ အတွက်အချက်တွေသာ အများကြီးလုပ်ရင် မလိုအပ်ဘဲ intermediate data တွေကို global memory မှာ သွားသွားပြီး သိမ်းနေရပါမယ်။ ဒါကြောင့် global memory အစား temporary ဘဲသိမ်းလို့ရမဲ့ memory တမျိုးလိုပါလိမ့်မယ်။ ဒီအတွက် Stack ဆိုတဲ့ data structure ဟာ temporary data pool အဖြစ်သုံးဖို့သင့်တော်ပါတယ်။ ဘာကြောင့်ဆိုတာ နောက်ပိုင်း arithmetic တွေသုံးတဲ့ အခါ တွေ့ပါလိမ့်မယ်။

Note: ဒီနေရာမှာ stack လို့ပြောလို့ local variables တွေသိမ်းတဲ့ function call stack ကိုသွားမြင်ကောင်းမြင်ပါလိမ့်မယ်။ ဟုတ်ပါတယ်။ ခုကျွန်တော်တို့သုံးမယ့် stack ဟာ function call stack ပါဘဲ။ Local variables တွေဟာ ဘာကြောင့် local ဖြစ်နေရသလဲဆိုတာကို stack ကို implement လုပ်ပြီးရင် သိသွားပါလိမ့်မယ်။

ဒီအတွက် အရင် global memory လိုဘဲ Program ဆိုတဲ့ class မှာ Stack ဆိုတဲ့ vector list တခုသွားကြေညာပါ။ ပြီးရင် stack ကိုသုံးမဲ့ function အနည်းငယ်လဲ ထည့်ပေးဖို့လိုပါမယ်။ ဒီတော့ အောက်ကလို stack ကို Program class မှာသွားကြေညာပါ။
class Program {public:
    vector<Instruction>        InstructionList;

    int                        nCurrent;

    unsigned char*             pMemory;

    vector<int>                Stack;

    // push data on top of stack

    void PushStack(int val) {

        Stack.push_back(val);

    };

    // pop data from top of stack and return it's value

    int PopStack() {

        int val = Stack.back();

        Stack.pop_back();

        return val;

    };

    // return the top value of the stack without popping it

    int TopStack() {

        return Stack.back();

    };

    // clear the stack up to specific range

    void ClearStack(int range) {

        for (int i = 0; i < range; i++)

            Stack.pop_back();

    };

    // clear all the data on the stack

    void ClearAllStack() {

        Stack.clear();

    };

    // set the data at specific stack index

    void SetStackAt(int index, int val) {

        Stack[Stack.size() - index - 1] = val;

    };

    // retrieve the data at specific stack index

    int GetStackAt(int index) {

        return Stack[Stack.size() - index - 1];

    };

    // add range of data onto stack. This function is used to "grow" the stack

    // to specific size we want

    void AddStack(int range) {

        for (int i = 0; i < range; i++)

        Stack.push_back(0);

    }

    // retrieve the size of the stack

    int StackSize() {

        return Stack.size();

    };

    .................

    .................

    .................

};
Function တွေများပေမဲ့၊ code တွေက ဖတ်ရတာ လွယ်ပါတယ်။ အားလုံးက Stack ဆိုတဲ့ list ထဲ data ထည့်တာ၊ ထုတ်တာ လုပ်တဲ့ code တွေပါဘဲ။ Function တခုတိုင်းကို ဘာလုပ်တယ်ဆိုတာ comment တွေကြည့်ပြီးသိနိုင်တာမို့ အသေးစိတ်မရှင်းတော့ပါဘူး။ ဒါဆို ကျွန်တော်တို့ program မှာ stack ဆိုတာရပါပြီ။ အဲဒီ stack ကိုသုံးဖို့ Op-code တချို့ ရေးဖို့တော့ လိုပါလိမ့်မယ်။ ရှေရှေဝေးဝေး စဉ်းစားစရာ မလိုပါဘူး။ ခုနက stack ရဲ့ function တွေအတိုင်း Op-code တွေကိုရေးလိုက်ရုံပါဘဲ။ ခု Stack ကိုသုံးဖို့ Op-code အသစ်တွေ အောက်ကလို ကြေညာလိုက်ပါ။
enum OpCode {    .......
    OP_PUSH_STACK,        // for push stack function

    OP_POP_STACK,        // for pop stack function

    OP_GET_STACK,        // for get stack at function

    OP_PUT_STACK,        // for putting a value onto stack

    OP_SET_STACK,        // for set stack at function

    OP_CLEAR_STACK,        // for clear stack function

    OP_ADD_STACK,        // for add stack function

    .......

};
ကဲဒါဆို ဒီ Op-code တွေအတွက် Virtual Machine ရဲ့ Run function ထဲက switch ထဲမှာ သွားရေးရအောင်။ Push stack op-code အတွက်အောက်ကလိုရေးပါတယ်။
Instruction inst = program.Next();switch (inst.code)
{

    ......

case OP_PUSH_STACK:

    {

        int data;

        program.ReadMem(inst.operand[0], &data, 4);

        program.PushStack(data);

    }

    break;

    ......

}
OP_PUSH_STACK ဟာ operand 0 ထဲမှာပေးထားတဲ့ memory address အတိုင်းသွားဖတ်ပြီး ရလာတဲ့ data ကို stack ပေါ်မှာသွားသိမ်းမှာ ဖြစ်ပါတယ်။ ဒီတော့ OP_POP_STACK ကသူ့ရဲ့ပြောင်းပြန်ပေါ့။ OP_POP_STACK က stack ပေါ်က data ကို operand 0 ထဲမှာ ပေးထားတဲ့ address အတိုင်း memory ပေါ်သွားသိမ်းမှာ မဟုတ်လား။
case OP_POP_STACK:{
    int data = program.PopStack();

    program.WriteMem(inst.operand[0], &data, 4);

}

break;
OP_GET_STACK နဲ့ OP_SET_STACK ကတော့ stack ရဲ့ index တခုခုထဲမှာရှိတဲ့ data ကို stack အပေါ်မှာထပ်သွားသိမ်းမှာပါ။ သွားသိမ်းမဲ့ index ကိုတော့ operand 0 ကရေးပေးလိုက်မှာပါ။ ဒီနေရာမှာ သိမ်းရမဲ့ index ကို array လိုမဟုတ်ဘဲ နောက်ကနေ ပြန်ကြည့်ရမှာဖြစ်ပါတယ်။ ဥပမာ၊ index 0 က နောက်ဆုံး ထည့်ထားတဲ့ data ဖြစ်ပါတယ်။ ဒီတော့ အဲဒီနှစ်ခုကို ရေးကြည့်ရအောင်၊
......case OP_GET_STACK:
    program.PushStack( program.GetStackAt(inst.operand[0]) );

break;

case OP_SET_STACK:

    program.SetStackAt( inst.operand[0], program.PopStack() );

break;......
OP_PUT_STACK ကတော့ stack ပေါ်ကို data ကိုသူ့ကြည့်ဘဲ ထည့်ချင်ရင် သုံးဖို့အတွက်ပါ။ Data ကို operand 0 ကတိုက်ရိုက်ယူပါမယ်။ ကဲ ရေးကြည့်ရအောင်၊
......case OP_PUT_STACK:
    program.PushStack( inst.operand[0] );

break;

......
OP_CLEAR_STACK နဲ့ OP_ADD_STACK ကတော့ Program class ရဲ့ function တွေဖြစ်တဲ့ AddStack() နဲ့ ClearStack() ကိုတိုက်ရိုက်ခေါ်သုံးဖို့ပါ။ Parameters တွေကို operand တွေကဘဲယူပါမယ်။ ကဲရေးကြည့်ရအောင်၊
......case OP_ADD_STACK:
    program.AddStack( inst.operand[0] );

break;

case OP_CLEAR_STACK:

    program.ClearStack( inst.operand[0] );

break;

......
ကဲဒါဆို stack နဲ့ပတ်သက်တဲ့ Op-code တွေအကုန်တော့ ရေးပြီးပါပြီ။ Testing လုပ်ဖို့ NUM ဆိုတဲ့ Op-code ကို memory ကတိုက်ရိုက် Print ထုတ်မဲ့အစား stack ပေါ်ကနေ print ထုတ်လို့ရအောင် ပြင်ရေးရအောင်။
...........case OP_NUM:
    printf("Current Number: %d", program.TopStack());

    break;

...........
ကဲဒါဆို testing လုပ်ဖို့ main() function ထဲက ကျွန်တော်တို့ရဲ့ script ကို stack သုံးပြီး ပြင်ရေးရအောင်၊
void main() {    Program MyProgram;


    // my script :)

    MyProgram.Add(Instruction(OP_TALK, 0, 0));

    MyProgram.Add(Instruction(OP_PUT_MEM, 0, 101));

    MyProgram.Add(Instruction(OP_PUT_MEM, 4, 456));

    MyProgram.Add(Instruction(OP_PUSH_STACK, 0, 0));

    MyProgram.Add(Instruction(OP_PUSH_STACK, 4, 0));

    MyProgram.Add(Instruction(OP_NUM, 0, 0));

    MyProgram.Add(Instruction(OP_POP_STACK, 4, 0));

    MyProgram.Add(Instruction(OP_NUM, 0, 0));

    MyProgram.Add(Instruction(OP_CLEAR_STACK, 1, 0));

    MyProgram.Add(Instruction(OP_END, 0, 0));



    vm.Run(MyProgram);

};
Output ကတော့၊

Hello, I am simplest language!
Current Number: 456
Current Number: 101

ဒီနေရာမှာ memory address 4 (data က 456) ကို stack ပေါ်နောက်ဆုံး push လုပ်တဲ့အတွက် အရင်ဆုံး print ထုတ်ပြတာဖြစ်ပါတယ်။ နောက် pop လုပ်လိုက်တော့ memory address 0 က data ကျန်ပါတဲ့။ ဒါကြောင့် သူ့ data ဖြစ်တဲ့ဂဏန်း 101 ကို print လုပ်တာပါ။ ပြီးရင် stack ကို clear လုပ်လိုက်ပါတယ်။ အဲဒီနောက်မှ NUM ကိုခေါ်ရင်တော့ error တက်မှာပါ။ ဘာကြောင့်ဆို stack ပေါ်မှာ data မရှိတော့တဲ့အတွက်ပါ။ ခုကျွန်တော်တို့ language လေးက တဖြည်းဖြည်းကျယ်ပြန့်လာသလို၊ limit တွေလဲများလာပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

အထွေးထွေးနည်းပညာများ