Pages

Saturday 8 September 2012

The Tools and Apps I Used


 
IT Pros တွေ တစ်ယောက်နဲ့တစ်ယောက် ကျွမ်းကျင်မှု့နယ်ပယ်၊ နည်းပညာ၊ စိတ်ဝင်စားမှုတွေ မတူသလို အသုံးပြုတဲ့ Tool တွေ Application တွေလဲ တူမှာမဟုတ်ပါဘူး... တစ်ချို့ Tool တွေက သုံးရကောင်း မှန်းမသိလို့သာ၊ သုံးလိုက်ရင် အများကြီး ကိုယ့်အတွက် လွယ်ကူ လျှင်မြန်သွားတာတွေ တစ်ပုံကြီးပါ...

ကျွန်တော် ဖတ်နေကြ Blog တစ်ခု ရဲ့ Author က သူသုံးနေကြ Apps တွေကို Share ပေးထာတာကို အားကျလို့ ကျွန်တော်သုံးနေတဲ့ Tool တွေနဲ့ App တွေကို ဒီနေရာမှာ Share လုပ်ချင်ပါတယ်...


OS and Browser
1. Ubuntu Ubuntu Linux ဟာ ကျွန်တော့်ရဲ့ OS of Choice ပါ... တစ်ခြားကြီးကြီးကျယ်ကျယ်တွေထက်စာရင် အရာရာကို ကိုယ့်စိတ်ကြိုက် Configure လုပ်လို့ရနိုင်တဲ့အချက်ကြောင့် ကြိုက်တာပါ... Anti-Virus တွေနဲ့ နပန်းလုံးနေရတာတွေ၊ Crack တွေ Serial တွေ ရှာရတဲ့ ဒုက္ခတွေ၊ မရှိတဲ့အတွက် အများကြီး အဆင်ပြေပါတယ်... OS နဲ့ ကိုယ် တစ်သားထဲဖြစ်နေတယ်ဆိုတဲ့ ခံစားချက်မျိုးပေးနိုင်ပါတယ်... Windows သုံးနေတဲ့ မိတ်ဆွေများ တစ်ခါတစ်လေ Windows က ကိုယ့်စကားနားမထောင်ပဲ လုပ်ချင်ရာလုပ်နေလို့ စိတ်ညစ်ရတာမျိုးကြုံဖူးရင် ပြောင်းသုံးပါလို့ တစ်ပါတည်း အကြံပေးချင်ပါတယ်... :P

2. Windows XP in VMWare Client ကိုယ် Develop လုပ်ထားတဲ့ Web Site တွေကို Cross Browser Compatibility နဲ့ပက်သက်ပြီး စမ်းတဲ့အခါ Internet Explorer နဲ့ အဆင်ပြေမပြေ စမ်းရတာမျိုးတွေ ရှိပါတယ်... အဲ့ဒီလိုစမ်းလို့ရဖို့အတွက် Windows XP ကို Ubuntu ထဲမှာပဲ VMWare နဲ့ တင်ထားပါတယ်... (ဂိမ်းဆော့ချင်တာလဲ ပါတာပေါ့)

3. Firefox Google Chrome ထွက်စက အတော်လေးသဘောကျမိပေမယ့် ရေရှည်မှာတော့ Firefox ကိုပဲ အဓိကသုံးဖြစ်ပါတယ်... သူ့ရဲ့ Address Bar က အတော်လေးကို အသုံးဝင်ပါတယ်... Google Chrome ရဲ့ Omnibox က ပိုကောင်းချင်ကောင်းပါလိမ့်မယ်... ဒါပေမယ့် Firefox မှာလို Plugins တွေစုံစုံလင်လင်မရှိတဲ့အတွက် Firefox ကိုပဲ သုံးဖြစ်ပါတယ်...

Web Development
1. NetBeans IDE PHP Developer တစ်ယောက်အတွက် ရွေးချယ်စရာ IDE တွေ တောင်လိုပုံနေပါတယ်... Zend Studio, phpEdit, Eclipse PDT, Aptana, Netbeans စသဖြင့် စသဖြင့် အများကြီးရှိတဲ့အထဲက Netbeans ကို သုံးဖြစ်ပါတယ်... Cross Platform ဖြစ်တယ်၊ Open-Source ဖြစ်တယ်၊ ပြီးတော့ PHP support သာမက HTML, CSS, Javascript support တွေလဲ ကောင်းတဲ့အတွက် ကြိုက်တာပါ... Ruby on Rails အတွက်ဆိုရင်လဲ Ruby language သာမက Rails method တွေ template တွေထိ support လုပ်ပါတယ်... Discussion တစ်ခုမှာ Netbeans Features တွေအကြောင်း ပြောဖူးပါတယ်...

2. Gedit IDE သုံးတဲ့အတွက် အများကြီးအကျိုးရှိပေမယ့် အများအားဖြင့် Text Editor လေးတွေနဲ့တင် ပြီးသွားတဲ့ အလုပ်တွေလဲ တစ်ပုံကြီးရှိပါတယ်... Windows ပေါ်မှာဆိုရင် Notepad++ ကိုအဓိကသုံးဖြစ်ပြီး Ubuntu မှာတော့ OS နဲ့ တစ်ခါတည်းပါလာတဲ့ Gedit ကိုပဲ အဓိကသုံးဖြစ်ပါတယ်... Language ပေါင်းစုံ Support လုပ်တဲ့အပြင် Plugins တွေနဲ့ စိတ်ကြိုက် Configure လုပ်ထားလို့လဲ ရပါသေးတယ်...

3. Firefox Firefox က ကျွန်တော့်အတွက် Web Browser တစ်ခုသာမကပါဘူး... Development Tool တစ်ခုအနေနဲ့ပါ အသုံးဝင်ပါတယ်... Firebug, Web Developer Toolbar, Colorzilla, Abduction, Multi Proxy Switcher, User Agent Switcher, Live HTTP Header စတဲ့ Plugins တွေဟာ Web Development အတွက် နေ့စဉ်အသုံးပြုဖို့ မရှိမဖြစ်လိုအပ်တဲ့ Tool တွေပါ...

Project Management & Source Control
1. Git အရင်က Source Control အတွက် Subversion သုံးပေမယ့် Git ထွက်လာတဲ့ နောက်ပိုင်းမှာ Git ပဲသုံးဖြစ်ပါတော့တယ်... Git ရဲ့ ကောင်းကွက်တွေ အများကြီးရှိပေမယ့် အဓိကသုံးဖြစ်တဲ့အကြောင်းက Distributed Version Control System ဖြစ်နေလို့ပါ... အလုပ်တွေကို ရုံးနဲ့ အိမ် အပြန်အလှန်သယ်ရတဲ့အတွက် Source Repository က တစ်ခါတည်း Project နဲ့ တွဲပါနေတာ အများကြီးပိုအဆင်ပြေလို့ပါ...

2. nbgit Netbeans အတွက် Git Plugin ပါ... nbgit ရှိတဲ့အတွက် တစ်ခြား UI တောင်မလိုတော့ပဲ Netbeans ကို Git UI အနေနဲ့ အသုံးပြုလို့ ရသွားပါတယ်...

3. Bluebug Bugzilla လို Eventum လို့ Powerful Bug Tracker တွေရှိပေမယ့် ရိုးရှင်းတာကိုပဲ ကြိုက်လို့ Bluebug ကိုပဲ Modify လုပ်ပြီး Bug Tracker အနေနဲ့ သုံးဖြစ်ပါတယ်... သိပ်ကြီးတဲ့ Team ကြီးနဲ့ အလုပ်လုပ်နေတာမဟုတ်လို့ ကိုယ့်အတွက် Bug List ကို Todo List သဘောမျိုးလေး မှတ်ထားနိုင်ရင် လုံလောက်တဲ့အတွက် Bluebug ဟာ ကျွန်တော့်အတွက်တော့ အတော်ပါပဲ...

4. Meld Team နဲ့အလုပ်လုပ်တဲ့အခါ Developer တွေရဲ့ Code တွေကို Source Control ထဲ Merging လုပ်တဲ့အခါ အချိန်တော်တော်များများ Conflict ဖြစ်နေလို့ Manuel Merge လုပ်ဖို့ လိုအပ်ပါတယ်... အဲ့ဒီလို Code Merging လုပ်ဖို့အတွက် Diff Viewer Tool အနေနဲ့ Meld ကို သုံးပါတယ်... Windows ပေါ်မှာ WinMerge သုံးပေမယ့် Meld က WinMerge ထက် အများကြီး ပိုကောင်းပါတယ်...

5. Selenium IDE Unit Testing ကို အထူးအလေးအနက်ထားပြီး မလုပ်ဖြစ်ပေမယ့် Selenium IDE ကိုတော့ Functional Test Tool အနေနဲ့ အသုံးပြုဖြစ်ပါတယ်...

Communication
1. Gmail ဒါတော့ အထူးပြောစရာလိုမယ်မထင်ပါဘူး... သူများနိုင်ငံတွေတော့မသိဘူး ကျွန်တော်တို့ဆီမှာတော့ Email ဆိုရင် Gmail ကိုပြောတာလို့ ပြောရမလို စံတစ်ခု ဖြစ်နေပါပြီ... :)

2. Pidgin Gtalk က Linux version မရှိတဲ့အတွက် IM Client အနေနဲ့ Pidgin ကိုပဲ သုံးပါတယ်... အခုလက်ရှိသုံးနေတဲ့ Ubuntu 9.10 Alpha 5 ရဲ့ Default IM Client က Empathy ပါ... ဒါပေမယ့် သုံးနေမကျလို့ သိပ်မကြိုက်ပါဘူး... Pidgin ပဲ ဆက်သုံးဖြစ်နေပါတယ်... Empathy က Pidgin ထက် Voice မှာ ပိုအဆင်ပြေတဲ့အတွက် နောက်ပိုင်းတော့ ပြောင်းသုံးဖြစ်မယ် ထင်ပါတယ်...

Information Source
1. Google Search အခုခေတ်မှာ Programmer တွေအနေနဲ့ အရာရာကို အလွတ်မှတ်ထားဖို့ မလိုတော့ပါဘူး... နည်းပညာအခက်အခဲ တစ်ခုခုရှိလာရင်လဲ Reference Book ကြီးတွေ ပြန်လှန်နေရမယ့် ခေတ်လဲ မဟုတ်တော့ပါဘူး... Google Search ရှိပါတယ်... တစ်ခုခုဆို ကောက် ရှာလိုက်ယုံပါပဲ... Google ကို အားကိုးလွန်းလို့ အခုဆိုရင် Google မရှိပဲအလုပ်မလုပ်တက်တော့လောက်အောင် ဖြစ်နေပါပြီ...

2. Google Reader တစ်နေ့တစ်နေ့ ဖတ်ချင်တဲ့သတင်းတွေ၊ Blog တွေ၊ တစ်ခြား နည်းပညာအကြောင်းတွေ အများကြီးပါ... အဲ့ဒါတွေကို တစ် Site ချင်းသာလိုက်ဖတ်နေရရင် တစ်နေ့တစ်နေ့ အလုပ်လုပ်ချိန်တောင် ကျန်မှာမဟုတ်ပါဘူး... ကြည့်နေကြ Site တွေကို Google Reader နဲ့ Subscribe လုပ်ထားလိုက်တော့ အချိန်နဲ့တစ်ပြေးညီ တစ်နေရာထဲတင် အကုန်လုံးကို ကြည့်လို့ရပါပြီ...

3. Stackoverflow တစ်ခါတစ်လေ Programming နဲ့ပက်သက်တဲ့ ပြဿနာတစ်ခုကို စဉ်းစားတာလဲ ခေါင်းချောက်နေပြီ၊ Google မှာရှာတာလဲ အဆင်မပြေဘူးဆိုရင် Stackoverflow မှာ မေးလိုက်တာပါပဲ... Expert တွေ မိနစ်မဆိုင်း ပြန်ဖြေးပေးကြတော့ အတော် အဆင်ပြေပါတယ်...

4. Myanmar IT Pros မြန်မာအိုင်တီပရိုကနေလဲ တစ်ခုခုတော့ ရနေပါတယ်... ဘာတွေရနေလဲတော့ မပြောတက်ပါဘူး... ဘာတွေရနေမှန်း ကိုယ့်ဟာကို မသိလို့ပါ... :D

Entertainment
1. Amarok Ubuntu မှာ Desktop Manager အဖြစ် Gnome ကိုအဓိကသုံးပေမယ့် သီချင်းနားထောင်ဖို့အတွက်တော့ KDE application ဖြစ်တဲ့ Amarok ကိုပဲကြိုက်ပါတယ်... Play list management လုပ်လို့ကောင်းပြီး preset equalizer တွေပါလို့ပါ...

2. Football Manager 2009 (game) ကျွန်တော်က ဘောလုံးပွဲကြိုက်သလို Manager Game ဆော့ရတာလဲ ကြိုက်ပါတယ်... FM က တစ်ခြား Manager တွေလိုမဟုတ်ပဲ Game Play ထက် သဘာဝကျဖို့ကို အဓိကထားလို့ ကြိုက်ပါတယ်... မိနစ် ၉၀ အပြည့်ပွဲတွေကို အပြင်မှာလို ကြည့်ရပြီး ကစားသမား Database ကလဲ မြန်မာနိုင်ငံက စိုးမြတ်မင်းတို့ အောင်အောင်ဦးတို့အထိပါအောင် ပြည့်စုံလို့ ဘောလုံးသမားတစ်ယောက်အကြောင်းသိချင်ရင် Google မှာ မရှာပါဘူး... FM ထဲမှာရှာလိုက်တာပါပဲ...

3. WarCraft (DotA - game) DotA ကတော့ သိပ် Popular ဖြစ်နေတဲ့ ဂိမ်းဖြစ်သလို ကျွန်တော်လဲ ကြိုက်ပါတယ်... ဒါပေမယ့် ဂိမ်းဆိုင်မှာ အများနဲ့ သွားဆော့ရလောက်အောင် အချိန်မရတော့ တစ်ယောက်ထဲ AI တွေနဲ့ပဲ ဆော့ရတာများပါတယ်... မြန်မာနိုင်ငံရဲ့ အင်တာနက် ဒီထက်ကောင်းလာတော့မှာ Online မှာပဲ ဆော့ပါတော့မယ်... :) (Hero & Developer ကိုဖတ်ကြည့်ဖို့ ကြုံတုန်း တိုက်တွန်းချင်ပါတယ်)

မိတ်ဆွေတို့ရဲ့ Favorite Tool လေးတွေကိုလဲ Share ပေးစေချင်ပါတယ်...

[ Ei Maung ]            

1 comment:

  1. I have been using AVG protection for a couple of years now, I recommend this product to all of you.

    ReplyDelete

Related Posts Plugin for WordPress, Blogger...

အထွေးထွေးနည်းပညာများ