Pages

Saturday 8 September 2012

Learn Javascript Right Now!!!

Introduction

Javascript ဆိုတာဟာ Client-Side Scripting Language ဖြစ်ပါတယ်... Client-Side Scripting Language ဆိုတာကို နားမရှင်းတဲ့ Beginner တွေအတွက် နည်းနည်းရှင်းပြပါမယ်...

Web Browser (IE, Firefox, Chrome, etc...) တွေဟာ အကြမ်းဖျင်းအားဖြင့် HTML, CSS, Javascript တို့ကိုသာနားလည်ပါတယ်... PHP, ASP, C#, Java, Python စတာတွေကို (လုံးဝ) နားမလည်ပါဘူး... ဥပမာလေးတစ်ခုလောက် ကြည့်ရအောင်...ကျွန်တော်တို့က google.com က Search Box ထဲမှာ တစ်ခုခုကို ရိုက်ထည့်ပြီး ရှာခိုင်းလိုက်ရင် Search Result ပြန်ကျလာပါတယ်... အဲ့ဒီလို Result ပြန်ကျလာဖို့အတွက် လုပ်သွားတဲ့ အဆင့်လေးတွေကို နည်းနည်းကြည့်ရအောင်...

၁.) ပထမဦးဆုံး ကျွန်တော်တို့ ရှာခိုင်းလိုက်တဲ့ Key Words တွေဟာ google.com ဆီကို ရောက်သွားပါတယ်...
၂.) google.com က အဲ့ဒီ Keywords တွေကို Python programming language သုံးပြီး သူရဲ့ Server ထဲမှာ ရှာပါတယ်...
၃.) ရှာလို့ ရတဲ့ Result ကို HTML အနေနဲ့ ပြန်ပို့လိုက်တဲ့အတွက် ကျွန်တော်တို့ Search Result ကို မြင်ရပါတယ်...

အဲ့ဒီ Process မှာ Python ကို Server-Side Programming Language လို့ခေါ်ပါတယ်... ဘာဖြစ်လို့လဲဆိုတော့ သူက ရှာတဲ့အလုပ်ကို Server ပေါ်မှာလုပ်တာပါ... အသုံးပြုသူ User ရဲ့ စက်နဲ့ Web Browser ထဲမှာ (လုံးဝ) အလုပ်မလုပ်ပါဘူး... နောက်ဆုံးထွက်လာတဲ့ Result ကို HTML အနေနဲ့ ပြောင်းပြီး User ရဲ့ Web Browser ဆီကို ပြန်ပို့ပေးတာပါ... ဒီလိုပြန်ပို့ပြီးတဲ့နောက်မှာ ဘာမှ ထပ်မလုပ်တော့ပါဘူး... သူရဲ့ တာဝန် ပြီးသွားပါပြီ...

Javascript ကတော့ ဒီလိုမဟုတ်ပါဘူး... Server ပေါ်မှာ လုံးဝအလုပ်မလုပ်ပဲ Web Browser ထဲမှာသာ အလုပ်လုပ်တဲ့ အတွက် Client-Side Language လို့ခေါ်ပါတယ်...

ဥပမာ။ ။ google.com ရဲ့ အပေါ်နားမှာ Link List ကလေးတစ်ခုရှိပါတယ်... အဲ့ဒီ Link List ရဲ့ နောက်ဆုံးက more▼ ဆိုတဲ့ Link လေးကို နှိပ်လိုက်ရင် Drop Down Menu လေးကျလာပါလိမ့်မယ်... အဲ့ဒီ Drop Down Menu ကို Javascript နဲ့ ဖန်တီးထားတာဖြစ်ပြီး google.com ကို ဘာမှ အကြောင်းပြန်မနေပဲ အသုံးပြုသူရဲ့ Web Browser ထဲမှာပဲ အလုပ်လုပ်သွားပါတယ်...

ဒါကြောင့် ကျွန်တော်တို့က ပြည့်စုံတဲ့ Web Site ဖြစ်ဖို့ HTML, CSS အပြင် Client Side Language ဖြစ်တဲ့ Javascript နဲ့ Server Side Language တစ်ခုခုကို ပူးတွဲအသုံးပြုရပါတယ်... ဒါကြောင့် Web Developer တစ်ယောက်အတွက် HTML, CSS နဲ့ Javascript သုံးမျိုးဟာ မသိမဖြစ် (must) ဖြစ်ပြီး၊ Server Side အတွက်တော့ PHP, ASP, JSP, Python စသဖြင့် နှစ်သက်ရာကို ရွေးချယ်လို့ရပါတယ်...

အခုလို ရှင်းပြနေရတာက Beginner တွေအတွက်ဖြစ်ပါတယ်... Web Development လုပ်နေတာကြာပြီ၊ ASP.NET က control တွေပဲသုံးတက်ပြီး Client Side နဲ့ Server Side မကွဲတဲ့သူတွေအတွက်လဲ ပါ၊ ပါတယ်... HTML, CSS ဟာ ဒို့အလုပ်မဟုတ်ဖူးလို့ သက်သက်ရေလိုက်လွဲနေတဲ့ (အဲ့လို သင်တဲ့သူတွေကလဲ သင်ကြတယ်) so-called Web Developer တွေအတွက်လဲ ပါ၊ ပါတယ်... Professional Web Developer မှန်ရင် Server Side Language ကြိုက်တာသုံး၊ ရွေးလို့ရတယ်... ဒါပေမယ့် HTML, CSS, Javascript တော့ တက်ကိုတက်ရပါမယ် (No reason, No excuse)...

Javascript in Web Development

အထက်က ရှင်းပြတာကိုကြည့်ပြီး Javascript ရဲ့ အခန်းကဏ္ဍကို အထင်သေးကောင်း သေးနိုင်ပါတယ်... ဒါပေမယ့် Javascript ဆိုတာဟာ Web Developer တစ်ယောက်အတွက် မသိမဖြစ် (must know) တစ်ခုဖြစ်တယ်ဆိုတာကို သတိချပ်စေချင်ပါတယ်...

ကျွန်တော်တို့ လောလောလတ်လတ် ပြီးစီးထားတဲ့ Web Project တစ်ခုကို ပြန်ကြည့်လိုက်တဲ့အခါမှာ Javascript ရဲ့ Code Line အရေအတွက်ဟာ PHP Code Line အရေအတွက်ထက် (၂)ဆလောက် ပိုများနေတာကို တွေ့ရပါတယ်... Drop Down Menu တွေ၊ Model Dialog Box နဲ့ Effect တွေ၊ Calendar တွေ၊ Image Light Box တွေ၊ News Slider တွေ Video Player တွေ၊ Form Validation တွေ စသဖြင့် သုံးလိုက်ရတဲ့ Javascript တွေဟာ အတော်ကြီးကို များပါတယ်... ပြီးတော့ Google နဲ့ တစ်ခြား Provider တွေကပေးတဲ့ Service တွေ Widgets တွေလဲ Javascript နဲ့ပဲ ပေးတာပါပဲ...

ကနေ့ခေတ် Web Site တွေအတွက် Javascript ရဲ့ အခန်းကဏ္ဍဟာ Server Side Language တွေလောက်ကို အရေးပါနေပါတယ်...

The beautiful language

Javascript ဟာလဲ Programming Language တစ်ခုဖြစ်ပါတယ်... C/C++, Java တို့နဲ့ Syntax ဆင်ပြီး OOP Language တစ်ခုပါ... ဒါပေမယ့် Class Based OOP မဟုတ်ပဲ Prototype Based OOP ဖြစ်ပါတယ်... Javascript မှာ Class တွေမရှိ ပါဘူး... ရိုးရိုး OOP Language တွေမှာလို Object တွေဟာ Class တွေရဲ့ Instance မဟုတ်ပဲ Object တွေကို ချက်ချင်းတည်ဆောက်ယူလို့ရပါတယ်...

ဥပမာ။ ။ ရိုးရိုး OOP Language တွေရဲ့ ရှိလေ့ရှိတဲ့ ဒီလို ပုံစံတွေကို...
class Car
{    

  public int wheels = 4;

  public float fuel = 60.5;

  public void drive() {

    fuel -= 0.5;

  }

}



car = new Car();

print car.wheels;          // 4

car.drive();


Javascript မှာ ဒီလို တည်ဆောက်ယူလို့ ရပါတယ်...
car = {    
  wheels: 4,  

  fuel: 60.5,

  drive: function() {

    this.fuel -= 0.5;

  }

};

document.write( car.wheels );          // 4

car.drive();


ရိုးရိုး OOP Language တွေကို personally မကြိုက်ပေမယ့် Javascript ရဲ့ Prototype Based OOP ကိုတော့ အလွန်ပဲ သဘောကျပါတယ်... နောက်ပြီး Javascript က Dynamic Type Language လဲဖြစ်ပါတယ်... Function Programming Style First Class Function အမျိုးအစား Language လဲဖြစ်ပါတယ်... First Class Function ဆိုတာက Function တွေကို Execution Time မှာ တည်ဆောက်ပေးတဲ့ Language အမျိုးအစားဖြစ်ပါတယ်...

Closures တွေ Support လုပ်တာတွေ၊ Native Object တွေကို extend လုပ်လို့ရတာတွေ စသဖြင့် အလွန်ကောင်းမွန်တဲ့ Features တွေကြောင့် Javascript ဟာ ကျွန်တော် အကြိုက်ဆုံး နံပါတ်(၂) Language တစ်ခုဖြစ်ပါတယ်... (နံပါတ်(၁) က Ruby ပါ၊ အများဆုံးသုံးဖြစ်တဲ့ PHP က နံပါတ်(၃) ပဲရှိပါတယ်... :)

Write less, do more with jQuery

အခုအချိန်မှာ jQuery လို Library ကြောင့် Javascript ဟာအများကြီး ပိုမိုထိရောက်လာသလို အသုံးပြုရတာလဲ အများကြီးလွယ်ကူလာပါတယ်... jQuery Plugins တွေဟာ Integrate လုပ်ရတာ၊ Implement လုပ်ရတာ၊ လွယ်တာကြောင့် အချိန်ကုန် အများကြီး သက်သာလာပါတယ်... အရင်က လုပ်ကြည့်ဖို့ စိတ်တောင် မကူးဝံ့တာတွေကို အခုတော့ jQuery နဲ့ လုပ်နိုင်လာပါပြီ...

jQuery Plugins တွေဖြစ်တဲ့....
 
Inline Validation

Table Sorter

 
 







 
Charts & Graphs

Auto Completion

စတာလေးတွေကို နည်းနည်းလောက် ကြည့်ကြည့်လိုက်ပါ... အသုံးပြုရလွယ်ကူပြီး အချိန်ကုန် အများကြီး သက်သာတာကို တွေ့ရပါလိမ့်မယ်... Google Chrome နဲ့ Firefox တို့က နောက်ဆိုရင် jQuery ကို သူတို့ရဲ့ Browser ထဲမှာ တစ်ခါတည်း ထည့်ပေးတော့မယ်လို့ ပြောကြပါတယ်... ဒါကြောင့် နောက်ဆိုရင် Javascript ဆိုတာ jQuery ကိုပြောတာလို့ ပြောရမလို ဖြစ်လာပါလိမ့်မယ် (အခုလဲ အဲ့လိုဖြစ်နေတာပါပဲ)...

ဒါကြောင့် ပြောချင်တာက...

Learn Javascript (and jQuery) Right Now!!!


Web developer တွေအတွက် မသိမဖြစ် ဖြစ်သလို... Web Developer မဟုတ်သူတွေအတွက်လဲ Prototype Based OOP ကို သုံးဖူးသွားပြီး ကိုယ့်ရဲ့ Programming Style ကို Improve လုပ်နိုင်ပါလိမ့်မယ်...

--
[ Ei Maung ]

1 comment:

  1. မင်္ဂလာပါခင်ဗျာ အလင်းပြပေးလို့ ကျေးဇူးကမ္ဘာပါဆရာ။
    ကျွန်တော်လာရောက် ဖတ်၊ မှတ်သားသွားပါတယ်။

    ReplyDelete

Related Posts Plugin for WordPress, Blogger...

အထွေးထွေးနည်းပညာများ