Pages

Tuesday 31 July 2012

သူငယ်ချင်းများအတွက် အသုံးဝင်မယ့် Web sitesများ-3


www.easy-birthday-cakes.com
မွေးနေ့ကိတ်ပုံစံအမျိုးမျိုးနှင့် ချစ်စဖွယ်ကောင်းသောကိတ်မုန့် ကလေးများကဲ့သို့ပြုလုပ်နည်းများ ကို အခမဲ့လေ့ လာနိုင်စေရန်အ တွက်ဖော်ပြပေးထားတဲ့ဝက်ဘ် ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ မွေ့နေ့ ကိတ်ပုံစံအမျိုးမျိုးအား မြောက် များ စွာတင်ပြပေးထားပြီး ပြုလုပ်ပုံအ ဆင့်ဆင့်ကိုလေ့လာနိုင်စေဖို့အ တွက်ဖော်ပြပေးထားပါတယ်။ ကိတ် ပုံစံ အမျိုးမျိုး ခွဲခြားထားပြီးကလေး ကြိုက်ပုံစံများ၊ အားကစားကိုယ် စားပြုကိတ်များ၊ အနားယူအပန်း ဖြေစဉ်ပြု လုပ်ကြ သည့်ကိတ်ပုံစံ များစသည်ဖြင့် မြောက်များစွာ သောအကြောင်းအရာတို့ကိုလေ့ လာနိုင်ပါတယ်။ ထို့ပြင်ကိတ်မုန့် အဆန်းအပြားများပြုလုပ်ခြင်းနှင့် ပတ်သက်၍အမေးအဖြေများ၊ စိတ်ကူးများကိုလည်းဖတ်ရှုလေ့ လာနိုင်စေပါတယ်။


www.mousebreaker.com
မိမိအားလပ်သည့်အချိန်ခဏ အတွင်းစိတ်လက်အပန်းပြေစေရန် အတွက် အွန်လိုင်းမှတဆင့်ပျော် ရွှင်ဖွယ်ကောင်းသောဂိမ်းများဆော့ ကစားနိုင်စေရန်အတွက်ရည်ရွယ် ထားသည့်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်အတွင်းအလွယ်တကူ ဆော့ကစားနိုင်စေမည့်ဂိမ်းပေါင်း မြောက်များစွာကိုထည့်သွင်းဖော် ပြထားပြီး

လူကြိုက်အများဆုံးဂိမ်း များ၊ ဘောလုံးနှင့်ပတ်သက်သော ဂိမ်းများအခြားအားကစားဂိမ်းများ၊ သေနတ်ပစ်ဂိမ်းများ၊ ဟာသဂိမ်း များ၊ ဉာဏ်စမ်းများစသည်ဖြင့်အ ကြောင်းအရာများခွဲခြားပေးထားပါ တယ်။ ထို့အပြင် ရှာဖွေရလွယ် ကူ စေရန်အတွက်အင်္ဂလိပ်အက္ခရာ ABCD အလိုက်ခွဲခြားဖော်ပြထား ပြီးဒေါင်းလုပ်ပြုလုပ်ကာရယူဆော့ ကစားနိုင်ပါတယ်။

www.localtranslation.com

ယခုဖော်ပြပေးလိုက်တဲ့ဆိုက် ကတော့အွန်လိုင်းမှတဆင့်ဘာသာ ပြန်ပေးနိုင်သည့်ဆားဗစ်များ ကိုလုပ်   ဆောင်စေနိုင်မည့်ဆိုက်တစ်ခုပဲဖြစ် ပါတယ်။ ဆိုက်၏အပြင်အဆင်နှင့် အသုံးပြုပုံမှာလွယ်ကူရိုးရှင်းပြီး အင်္ဂလိပ်၊ တရုတ်၊ ဂျာမန်၊ ပြင်သစ်၊ ကိုရီးယား၊ ပေါ်တူဂီ၊ စပိန်၊ အီတ လီစတဲ့ဘာသာစကားတွေကိုပြောင်း လဲဘာသာပြန် ကာလေ့လာနိုင်ပါ တယ်။ ဆိုက်အတွင်းဘာသာပြန် လိုသည့်စာသားများကိုထည့်သွင်း ပေးရမည့် box တစ်ခုပါဝင် ပြီး ညာဘက်အောက်ခြေမှ result ကိုပြန်လည်ထုတ်လုပ်ပြသပေးမှာ ပဲဖြစ်ပါတယ်။ ဘာသာပြန်ပေးစေ လိုသည့် ဘာသာစကားကိုတော့ ရွေးချယ်ပေးရမှာဖြစ်ပြီး ဘာသာ စကားပေါင်းမြောက်များစွာသို့ အ လွယ်တကူပြောင်း လဲအသုံးပြုနိုင် ပါတယ်။

www.freeiconsdownload.com
Windows, Mac နှင့် Linux တွင် အလွယ်တကူအသုံးပြုနိုင်စေတဲ့ icon ပေါင်းမြောက်များစွာကို အခမဲ့ရယူနိုင် တဲ့ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ဆိုက်အတွင်းဖော်ပြပေးထားသော Icon များမှာအလွန်လှပ၍ ဆွဲဆောင်မှုရှိပြီး Icon အရွယ်အစားနှင့် အမျိုးအစားအလိုက် ခေါင်းစဉ်ပေါင်းမြောက်များစွာဖြင့် ဝေေ၀ဆာ ဆာဖော်ပြပေးထားတဲ့ ဆိုက် တစ်ခုပဲဖြစ်ပါတယ်။ Icon များအား Download ပြုလုပ်ရာတွင်လည်း လွယ်ကူမြန်ဆန်ပြီးပါဝင်သော Icon အရေအတွက်ကိုပါ ဖော်ပြပေးထားကာ Zip file အနေဖြင့် ရယူအသုံးပြုနိုင်ပါတယ်။

www.edufind.com

ယခုဖော်ပြပေးလိုက်တဲ့ဝက်ဘ်ဆိုက်ကတော့ ဘာသာစကားလေ့လာလိုသူများအတွက် လွယ်ကူ အဆင်ပြေစေနိုင် မည့်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ဘာသာစကားများကိုလေ့လာရာတွင် English, Spanish, Italian, French, German အစရှိသဖြင့် ဘာသာစကားပေါင်းမြောက်များစွာ ထည့်သွင်းပေးထားပါတယ်။ စကားပြော၊ သဒ္ဒါနှင့် Vocabulary တိုးတက်စေနိုင်ဖို့အတွက်ရည်ရွယ်ထားပြီး သင်ကြားရာတွင်လွယ်ကူစေရန်အတွက် ဗီဒီယိုဖိုင် များ ၊ ဆော့ဖ်ဝဲများ၊ e-book များကိုလည်းတွေ့ရှိရပါတယ်။ ဆိုက်အတွင်းလေ့လာရာတွင် လွယ်ကူစေရန် အ တွက် အကြောင်းအရာအလိုက် ခေါင်းစဉ်များခွဲခြားပေးထားပြီး ဆိုက်၏အပြင်အဆင်မှာလည်း ရိုးရှင်းကာ ဆွဲဆောင် မှုရှိပါတယ်။

www.Learning2dance.com
အွန်လိုင်းမှတစ်ဆင့် ရှေးခေတ်အနောက်တိုင်းကကွက်များ Latin ကကွက်များမှစ၍ ယနေ့ခေတ်ပေါ်က ကွက်မြောက် များစွာကို လေ့လာနိုင်စေမယ့်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ကကွက်များနှင့်သင်ခန်းစာများကို အလွယ် တကူအခမဲ့လေ့လာနိုင်သလို Level အလိုက် ခွဲခြားဖော်ပြပေးထားပါတယ်။ သင်ခန်းစာနှင့်ကကွက်များကို လေ့လာရာတွင်လွယ်ကူစေရန်အတွက် ဗီဒီယိုဖိုင်များ၊ သရုပ်ပြပုံများ စသည် တို့ဖြင့် ဖော်ပြပေးထားတာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ Register ပြုလုပ်ပြီးအသုံးပြုနိုင်သလို visit အနေဖြင့် လည်း ၀င်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။ ဆိုက်အတွင်းရှာဖွေမှုများပြုလုပ်ရာတွင် အဆင်ပြေစေရန်အတွက် Advance Search Bar ကိုလည်း ထည့်သွင်းပေးထားပါတယ်။

www.chickensoup.com

ယခုဖော်ပြပေးလိုက်တဲ့ဆိုက်ကတော့ အွန်လိုင်းမှတဆင့် ဟာသပုံပြင်တိုများနှင့်အခြားရသစာပေများကို အလွယ် တကူဖတ်ရှုလေ့လာနိုင်တဲ့ ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ပုံပြင်တိုနှင့်ဟာသ၀တ္ထုတိုများအား အင်္ဂလိပ်စာ Level အလိုက်ခွဲခြားပေးထားပြီး အလွယ်တကူအခမဲ့ Download ပြုလုပ်ကာလည်းရယူနိုင်ပါတယ်။ ထို့ပြင် Newsletter များ Daily Email များကိုပါ ရယူအသုံးပြုနိုင်ပြီး စာအုပ်များအပြင် အခြားသတင်းများကိုပါ ဖတ်ရှုလေ့လာနိုင်စေမည့် ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ဆိုက်အတွင်းဖော်ပြပေးထားသော chicken soup စာအုပ်အတွဲများဟာဆိုရင်ဖြင့် အလွန် စိတ်ဝင်စားဖွယ်ကောင်ပြီး စာအုပ်အတွဲလိုက်ဖော်ပြပေးထားတာကိုတွေ့ရပါတယ်။

www.the-movie-times.com
သရုပ်ဖော်ပြပေးလိုက်တဲ့ဝက်ဘ်ဆိုက်ကတော့ ရုပ်ရှင်၊ ဗီဒီယိုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ၊ ပါဝင်သောသရုပ်ဆောင်များ၏ ကိုယ်ရေးအချက်အလက်များ ၊ ဓါတ်ပုံများ၊ Top Ten ဗီဒီယိုများ၊ အသစ်ထွက် ဇာတ်ကားများကို ဖော်ပြပေးထာတဲ့ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်အတွင်း ခုနှစ်သက္ကရာဇ်အလိုက် ထွက်ရှိ ခဲ့သောဇာတ်ကားများနှင့် ၎င်းတို့ရရှိသောဝင်ငွေများ၊ မကြာမီထွက်ရှိမည့်ဇာတ်ကားများ ကို ခေါင်းစဉ် အလိုက်   ဖော်ပြပေး ထားပါတယ်။ ဇာတ်ကားများကိုရှာဖွေရာတွင်အသုံးပြုနိုင်သော Search bar ထည့်သွင်းပေးထား ပြီး ဇာတ်ကားများ၏ထင်မြင်ယူဆချက်များ၊ သုံးသပ်ချက်များကိုလည်း မြင်တွေ့ရပါတယ်။

www.foodanddrinkdigital.com

ယခုဖော်ပြပေးလိုက်တဲ့ဝက်ဘ်ဆိုက်ကတော့ အစားအစာ၊ ချက်ပြုတ်ပုံနှင့်အအေးဖျော်စပ်ပုံ အစရှိသည်တို့ကို သရုပ်ပြပုံများ၊ ရှင်းလင်းချက်များဖြင့် လွယ်ကူပြည့်စုံစွာဖော်ပြပေးထားတဲ့ ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ဆိုက်အတွင်းအကြောင်းအရာများကို အလွယ်တကူရှာဖွေပေးနိုင်စေရန်အတွက် Search bar ထည့်သွင်းပေးထား ပါတယ်။ ထို့ပြင် အခမဲ့ဖတ်ရှုစေနိုင်မည့်သတင်းများ၊ မဂ္ဂဇင်းများ၊ ဗီဒီယိုဖိုင်များကိုပါ ထည့်သွင်းပေးထားတာကြောင့် အသုံးပြုရမှာပိုမိုလွယ်ကူစေပါတယ်။ ၀က်ဘ်ဆိုက်၏အပြင်အဆင်နှင့် တည်ဆောက်ဖော်ပြထားပုံများမှာ အလွန်   နှစ်သက်ဖွယ်ဖြစ်စေပြီး လှုပ်ရှားနေသောသရုပ်ပြပုံများ၊ ဓါတ်ပုံများဖြင့်ဝေေ၀ဆာဆာဖော်ပြထားပါတယ်။


www.bcot1.com
ယခုဖော်ပြပေးလိုက်တဲ့ဝက်ဘ်ဆိုက်ကတော့ ကွန်ပျူတာနှင့်ပတ်သက်ပြီး အကြောင်းအရာမျိုးစုံကို tutorial အနေဖြင့်လေ့လာနိုင်စေရန် ဖော်ပြပေးလိုက်တဲ့ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်အတွင်း ကွန်ပျူတာနှင့် ပတ်သက်၍ tutorial များအား ခေါင်းစဉ်များအလိုက် ခွဲခြားဖော်ပြပေးထားပြီး အခြေခံမှစတင်လေ့လာ လိုသူ များအတွက် အဆင်ပြေစေနိုင်မယ့်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ဆိုက်တွင်းကွန်ပျူတာနှင့်ပတ်သက်၍ Overview   ဖော်ပြချက်များ၊ IE အသုံးပြုပုံများ၊ Virus နှင့် Spyware ကာကွယ်တားဆီးပုံများ အခြားအ သုံးပြုမှု များသော Keyboard shootcuts များကိုဖော်ပြပေးထားပြီး လေ့လာရာတွင် လွယ်ကူအောင်ပြု လုပ်ထား ပါတယ်။ ဆိုက်အတွင်း ဖော်ပြပေးချက်များမှာ ရိုးရှင်းပြီး အကြောင်းအရာများကို အလွယ်တကူရှာဖွေပေးနိုင်စေရန်အတွက် Search bar ထည့်သွင်းပေးထားပါတယ်။


www.jegsworks.com

ယခုဖော်ပြပေးလိုက်တဲ့ဝက်ဘ်ဆိုက်ကတော့ ကွန်ပျူတာနည်းပညာနှင့်ပတ်သက်ပြီး အခြေခံနည်းပညာများ၊ သင်ခန်းစာများ၊ ဗဟုသုတများကို ဝေေ၀ဆာဆာဖော်ပြထားတဲ့ ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ကွန်ပျူတာ နည်း ပညာနှင့်ပတ်သက်ပြီး အဓိကကျသော Windows ပိုင်း၊ words ၊ Basic ပိုင်းတို့ကို ဦးစားပေးဖော်ပြထားပြီး အဆင့်ပိုင်းများဖြစ်သည့် Web နှင့် Database အပိုင်းများကိုလည်း လေ့လာနိုင်ပါတယ်။ ကွန် ပျူတာတစ်လုံး၏ အလုပ်လုပ်ပုံများ၊ ဆော့ဖ်ဝဲများ အစရှိသဖြင့် ဖော်ပြထားသောအကြောင်းအရာများ အလိုက် ခေါင်းစဉ် များ ခွဲခြားပေးထားပါတယ်။ အခက်အခဲမရှိလေ့လာနိုင်စေရန်အတွက် သရုပ်ပြပုံများထည့်သွင်းပေး ထားခြင်းကြောင့် လေ့လာ ရာတွင်ပိုမိုလွယ်ကူစေပါတယ်။

http://friends18.com
ယခုဖော်ပြပေးလိုက်တဲ့ဝက်ဘ်ဆိုက်လေးကတော့ အွန်လိုင်းမှတဆင့် မိမိ၏သူငယ်ချင်းအပေါင်းအသင်း မိတ်ဆွေ များထံသို့ ပျော်ရွှင်ဖွယ်ဓါတ်ပုံများ၊ ပို့စ်စကတ်များ၊ လှုပ်ရှားနေသော Animation ရုပ်ပုံများ၊ ဟာသများ အစရှိ သည်တို့ကို မျှဝေပေးနိုင်တဲ့ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ထို့ပြင်မိမိလိုချင်သောဓါတ်ပုံနှင့် ဟာသများကို အခမဲ့ အလွယ် တကူ download လုပ်ကာရယူနိုင်ပါတယ်။ ဆိုက်တွင်းဖော်ပြပေးထားသော ဓါတ်ပုံမြောက်များ စွာ တွေ့မြင် ရပြီး အကြောင်းအရာအလိုက် ခေါင်းစဉ်များခွဲခြားဖော်ပြပေးထားပါတယ်။ ထို့ပြင် Flash Animation များကို မြောက် များစွာရယူနိုင်ပြီး သီချင်းများ၊ ဟာသများ မိမိနှစ်သက်သောဓါတ်ပုံများကိုလည်း Upload ပြုလုပ်နိုင်ပါတယ်။ Animation ပုံ များအား A မှ Z အထိ စီစဉ်ပေးထားသောကြောင့် ရှာဖွေရာမှာလွယ်ကူစေပါတယ်။

www.makeuseof.com

ဒီ Site ကတော့ အလွန်အသုံးဝင်ပြီးပေါ့ပါးသော Portable Software များနှင့်အခြား Portable Game များ အစရှိ သဖြင့် စုံလင်စွာဖော်ပြပေးထားပြီး အလွယ်တကူ Download ပြုလုပ်ပြီး အသုံးပြုလုပ်လို့ရပါတယ်။ ထို Portable Version များကို CD သို့မဟုတ် USB Flash drive များအတွင်း ထည့်သွင်းအသုံးပြုနိုင်ခြင်းကြောင့် သွားလေရာ တွင်ယူဆောင်ပြီးအသုံးပြုနိုင်ပါတယ်။ ထို့ပြင် Site အတွင်း Download ပြုလုပ်ရာတွင် အခက်အခဲ သိပ်မရှိပဲ လွယ်ကူမြန်ဆန်ပါတယ်။ Software ပေါင်းမြောက်များစွာပါဝင်ပြီး ထို Software ၏ Size အရွယ်အစား၊ အသုံးဝင်မှု စသည်တို့ကို အသေးစိတ်ဖော်ပြထားပြီး အမျိုးစုံလင်စွာပါဝင်ပါတယ်။


www.knowfree.net
ယခုဖော်ပြပေးလိုက်တဲ့ Website ကတော့ Computer ပိုင်း၊ စီးပွားရေးပိုင်းအပြင် အခြားဗဟုသုတရစေနိုင်မည့် စာအုပ်များကို အလွယ်တကူရှာဖွေကာ Download ပြုလုပ်နိုင်ပါတယ်။ အဓိကအားဖြင့် Computer programming ပိုင်း နှင့်ပတ်သက်သောစာအုပ်များ အများဆုံးပါဝင်ပြီး အခြားဗဟုသုတရစေနိုင်မည့်စာအုပ်များ၊ ဓါတ်ပုံများနှင့် ပတ်သက်သော ဆော့ဖ်ဝဲ Guide စာအုပ်များအပြင် Twitter နှင့်ပတ်သက်သော စာအုပ်ကောင်းများကိုပါတွေ့ရပါ တယ်။ ထို့အပြင် Wallpaper များနှင့် Download ပြုလုပ်နိုင်သည့် Application များကိုပါဖော်ပြပေးထားပါတယ်။

www.avenza.com

ဒီ Site ကတော့ အဓိကအားဖြင့် မြေပုံများပြုလုပ်ခြင်းရေးဆွဲခြင်းနှင့်ပတ်သက်ပြီး အထောက်အကူဖြစ်စေနိုင်မယ့် Website တစ်ခုပဲဖြစ်ပါတယ်။ ဒီ Site မှာ Free download ပြုလုပ်နိုင်မယ့် Application များပါဝင်သလို ၀ယ်ယူမှ ရရှိနိုင်မည့်အရာများလဲ ပါဝင်ပါတယ်။ အခြားဥရောပဒေသများ၏မြေပုံများကို အလွယ်တကူရှာဖွေနိုင်သ လို   မြေပုံရေးဆွဲနိုင်သည့် Software များကိုလည်းလေ့လာနိုင်ပါတယ်။ Website ၏ညာဘက်ထောင့်တွင် Search Bar ပါဝင်သောကြောင့် အကြောင်းအရာများကို အလွယ်တကူရှာဖွေလို့ရပါတယ်။ Site အတွင်း ပထ၀ီမြေပုံများနှင့် ပတ်သက်ပြီး လေ့လာနိုင်သောသတင်းများ၊ အဖြစ်အပျက်များကိုတင်ပြပေးထားပါတယ်။


credit to internet journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

အထွေးထွေးနည်းပညာများ