Pages

Tuesday 31 July 2012

သူငယ်ချင်းများအတွက် အသုံးဝင်မယ့် Web sitesများ-2


http://www.freejavaguide.com/
Computer Programming Language များတွင် Java ဟာအဓိကအရေးပါပြီး ကောင်းမွန်ပြည့်စုံသော Language တစ်ခုဖြစ်ပါတယ်။ ထို့ကြောင့် Java ကိုလေ့လာလိုသူများအတွက် ယခုဖော်ပြပေးလိုက်တဲ့ဆိုက် ကတော့ အတော်လေးကောင်းမွန် ပြီးအလွယ်တကူလေ့လာနိုင်ပါတယ်။ ဆိုက်အတွင်း Java နှင့်ပတ်သက်၍ အသေး စိတ်ဖော်ပြ ချက်များ၊ အ ဆင့်ဆင့်လေ့လာချက်များအပြင်အ ခြား Programming language များဖြစ်တဲ့ HTML, XML နှင့် SQL Tutorial များကိုပါထည့် သွင်းဖော်ပြပေးထားပါတယ်။ ထို့ ပြင် Java နှင့်ပတ်သက်သော စာမေး ပွဲများ၊ မှတ်စုများအပြင် Tutorial အများအပြားကိုထည့်သွင်း ထားပြီး အမြန်ဆုံးနှင့်အထိရောက်ဆုံးလေ့လာနိုင်စေ ပါတယ်။



www.yourchildlearns.com
ကလေးများအတွက်ပညာရေးဟာ ငယ်စဉ်ဘ၀မှာပင်အလွန်အရေးကြီးပြီး ကလေးငယ်များ အသိပညာတိုးတက်စေ ရန်နှင့် အင်္ဂလိပ်စာဖတ်အားကောင်းစေဖို့အတွက် ဒီ Website ဟာ အတော်လေးကောင်းမွန်ပါတယ်။ ကလေးငယ် များ အတွက် အဓိကရည်ရွယ်ထားသော စာအုပ်များ၊ ပုံပြင်များ၊ ဂိမ်းများ စသည်ဖြင့် အကြောင်းအရာစုံလင်စွာ တင်ပြပေးထားပါတယ်။ ကလေးများ၏အသက်အရွယ်အလိုက် ဖတ်သင့်သောစာအုပ်များကို ရှာဖွေပေး နိုင်ပါတယ်။ Website ၏ညာဘက်ထောင့်ရှိ Search Bar ပါဝင်ကာ အလွယ်အကူရှာဖွေပေးနိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။ ထို့ပြင် ကလေးအသုံးအဆောင်ပစ္စည်းများ၊ အ၀တ်အစားများစသည့် ကြော်ငြာများကိုလည်း မြင်တွေ့နိုင်ပါတယ်။


www.commandwindows.com

www.commandwindows.com ဆိုရင် window ရဲ့အဓိက command Line တွေနဲ့ပတ်သက်တဲ့ အကြောင်း အရာတွေ၊ Task- list, Recovery Console နှင့် ပတ်သက်တဲ့အကြောင်းတွေကို ဖော်ပြပေးထားတဲ့ Site တစ်ခု ပဲဖြစ်ပါတယ်။ Site အတွင်းရှိအကြောင်းအရာများကို အလွယ်တကူရှာဖွေလို့ရပါတယ်။
ဒီ Web Site မှာ အဓိကပါဝင်တဲ့အပိုင်းတွေကတော့ Command Line များ File Management, Network and Internet Tools, System Admin & Maintenace, server 2003, Batch File များစသည်ဖြင့် Window ရဲ့ အဓိ ကအပိုင်းတွေကို အခြေခံမှစ၍ အဆင့်မြင့်အထိလေ့လာနိုင်စေရန် တင်ပြပေးထားပါတယ်။

www.zamzar.com

www.zamzar.com ဟာဆိုရင် file အမျိုးအစားမြောက်များစွာကို Convert ပြုလုပ်ပေးနိုင်တဲ့ website တစ်ခုဖြစ်ပါ တယ်။ အဆင့် ၄ ဆင့်ခွဲခြားထားပြီး step by step ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။ file size အနေဖြင့်အများဆုံး 100 MB အထိ free အသုံးပြုနိုင်ပြီး 1GB ပမာဏအထိ အသုံးပြုချင်တယ်ဆိုရင်တော့ တစ်လအတွက် $49 ပေးသွင်းရ မှာ ပဲဖြစ် ပါတယ်။ ပြောင်းလဲနိုင်တဲ့ File Type တွေကတော့ Document, Image, Video, Music, CAD Format နှင့် compress format တို့ပဲဖြစ်ပါတယ်။ convert ပြုလုပ်လိုက်တဲ့ file ကိုသင့်ရဲ့ email ထဲသို့ပို့ပေးမှာဖြစ် တဲ့ အတွက်ကြောင့် email လိပ်စာဖြည့်ပေးရမှာပဲဖြစ်ပါတယ်။

www.pixel-template.eu

www.pixel-template.eu ကတော့ web designer များအတွက်အသုံးဝင်သော Template များကိုဖော်ပြပေးထား တဲ့ website တစ်ခုပါ။ Template များအား အမျိုးအစားခွဲခြားထားပြီး Business, Wedding, Magazine, Music, Blog, E-commerce စသည်ဖြင့် အမျိုးအစား ၁၅ ခုခန့်ပါဝင်ပါတယ်။ Website အတွင်းရှိ Simple Template များအား Downlaod ပြုလုပ်နိုင်ပြီး သင်၏ Mail ထဲသို့ ပို့ပေးမှာပဲဖြစ်ပါတယ်။ Template ပုံစံများမှာအလွန် ဆွဲဆောင်
 မှုရှိပြီး Dreamweaver နှင့် ပြန်လည် Edit ပြုလုပ်လို့ရပါတယ်။ Simple Template များမှ Professional Web Template များအထိ မြောက်များစွာပါဝင်ပြီး Website များ၊ Personal Home page များပြုလုပ်ရာမှာ များစွာ အထောက်အကူဖြစ်စေမှာပဲဖြစ်ပါတယ်။


www.php.about.com

PHP နှင့် MySQL အကြောင်းကို လေ့လာချင်သူတွေအတွက် အတော်လေးကောင်းမွန်တဲ့ Site လေးတစ်ခုပဲဖြစ်ပါတယ်။ ပါဝင်တဲ့ အဓိကအကြောင်းအရာတွေကတော့ PHP နှင့် MySQL ကို Step By Step လေ့လာနိုင်စေဖို့နှင့် ၎င်းတို့ ၏ Trobleshooting များ၊ Programing Security, Social Networking, Tools များအကြောင်းကို လေ့လာနိုင်ပါတယ်။ PHP နှင့်ပတ်သက်ပြီး အခြေခံအသုံးပြုမှုများ၊ MySQL Server နှင့် PHP ချိတ်ဆက်အသုံးပြုမှုများ၊ File များ Upload ပြုလုပ်ခြင်းများကို လေ့လာနိုင်မှာဖြစ်ပြီး Web Design ကိုစိတ်ဝင်စားသူများအနေနှင့် လေ့လာသင့်ပါတယ်။ ထို့အပြင် Joomla နှင့်ပတ်သက်ပြီးတော့လည်း လေ့လာနိုင်စေရန်ဖော်ပြပေးထားပါတယ်။ အခြား links များ အနေနှင့် free.computer eBooks များ၊ အခြား Learning Website များ၊ PHP code နှင့်ပတ်သက်သော Site များနှင့်ချိတ်ဆက်ပေးထားပါတယ်။

www.mofunzone.com
ဝက်ဘ်ဆိုက်မှာဂိမ်းတွေနဲ့ပတ်သက်လို့ Flash ဂိမ်းတွေကိုဘဲ အဓိကထားဖော်ပြပေးထားပါတယ်။ ဂိမ်းတွေနဲ့ပတ်သက်ပြီး အဓိကဏ္ဍအနေနဲ့ (၂) ပိုင်းခွဲခြားထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ပထမတစ်ပိုင်းကတော့ Online games အမျိုးအစားဖြစ်ပြီး အဆိုပါကဏ္ဍမှာတော့ Action, Adventure, Classic, Arcade, Dress up, Fighting, Interactions, Racing, Puzzles, RPG, Strategy နဲ့ Sports ဆိုပြီး ဂိမ်းအမျိုးအစား (၁၂) မျိုးပါဝင်ပါတယ်။ Online games ကဏ္ဍမှာ တစ်ချို့ဂိမ်းတွေက မကစားမီမှာ username နဲ့ Password ကို Register လုပ်ရပါတယ်။ Register လုပ်မှသာလျှင် မိမိကစားမည့်ဂိမ်းကို ဆက်လက်ကစားနိုင်မှာဖြစ်ပါတယ်။
ဒုတိယတစ်ပိုင်းကတော့ Download ကဏ္ဍဘဲဖြစ်ပါတယ်။ ဒီကဏ္ဍမှာတော့ ဂိမ်းတချို့ကိုမိမိကွန်ပျူတာထဲသို့ ထည့်သွင်းကစားနိုင်မှာဖြစ်ပါတယ်။ ဒီလိုကဏ္ဍတွေအပြင် ဂိမ်းတွေနဲ့ပတ်သက်တဲ့ Cheat code တွေကိုလည်း ကဏ္ဍတစ်ခုအနေနဲ့ ဖော်ပြပေးထားပါတယ်။
အပန်းဖြေစရာကဏ္ဍမှာတော့ Funny video, Funny Picture, Themes တွေကို ကဏ္ဍစုံလင်စွာဖော်ပြပေးထားပါတယ်။ အဆိုပါကဏ္ဍမှ ဗွီဒီယိုဖိုင်တွေ၊ ဓါတ်ပုံတွေနဲ့ Themes တွေကို အခမဲ့ Download ရယူနိုင်ပါတယ်။ ဒါ့အပြင် ၀က်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ဂိမ်းတွေကို ကစားလို့ပျင်းလာတဲ့သူတွေ တခြားသောဂိမ်းဝက်ဘ်ဆိုက်တွေကို သွားရောက်လည်ပတ်ချင်တဲ့သူတွေ အခြားခြားသောဝက်ဘ်ဆိုက်တွေကို Link တွေချိတ်ဆက်ပေးထားပါတယ်။
ဝက်ဘ်ဆိုက်မှာဖော်ပြထားတဲ့ ဂိမ်းတွေကစားမဲ့သူတွေအနေနဲ့ ဇာတ်လမ်းသွားဂိမ်းရှည်တွေကိုလည်း Register ပြုလုပ်ပြီး ၀င်ရောက်ကစားနိုင်ပါတယ်။ Flash ဂိမ်းတွေကို ကစားမဲ့သူတွေအနေနဲ့ ကိုယ့်ရဲ့ကွန်ပျူတာမှာ flash player ကို Install လုပ်ထားဖို့လိုအပ်ပါတယ်။ Flash player ကို Install လုပ်ထားမှသာလျှင် ဂိမ်းတွေကို အဆင်ပြေစွာဝင်ရောက်ကစားနိုင်မှာဖြစ်ပါတယ်။ Flash ဂိမ်းတွေနဲ့ Funny movie တွေ၊ Funny picture တွေကို ၀င်ရောက်ကြည့်ရှု Download ဆွဲယူချင်တဲ့သူတွေအနေနဲ့ www.mofunzone.com မှာ ၀င်ရောက်လေ့လာနိုင်ပါတယ်။

www.iams.com

ကမ္ဘာပေါ်တွင် အိမ်မွေးတိရိစ္ဆာန်များမွေးမြူကြသည့်အနက် ခွေးနဲ့ကြောင်ဟာ အများဆုံးမွေးမြူကြတဲ့ တိရိစ္ဆာန်ဖြစ်ပါတယ်။ လူတိုင်းဟာ မိမိတို့မွေးမြူထားတဲ့ တိရိစ္ဆာန်လေးများကို ရှင်သန်ကြီးထွားဖွံ့ဖြိုးအောင် ပြုလုပ်လိုကြမှာအမှန်ပဲဖြစ်ပါတယ်။ ဒီဆိုက်ဟာ ခွေးနဲ့ကြောင်လေးများကိုမွေးမြူရာမှာ အထောက်အကူများစွာပေးနိုင်ပါလိမ့်မယ်။ မိမိတို့မွေးထားတဲ့ ခွေးနဲ့ကြောင်လေးများရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြံဉာဏ်တွေကို ဒီဆိုက်မှာဖော်ပြပေးထားပါတယ်။ ဒါ့အပြင်မိမိရဲ့ ခွေးနဲ့ကြောင်လေးများကို ကျန်းမာဖွံ့ဖြိုးအောင် ဘယ်လိုကျွေးရမယ်၊ ဘယ်လိုလေ့ကျင့်ပေးရမယ်၊ ဘယ်လိုစောင့်ရှောက်ရမယ်ဆိုတာတွေကိုပါ အသေးစိတ်
  ဖော်ပြပေးထားပါတယ်။ မိမိသိလိုသမျှကိုလည်း ဒီဆိုက်မှာမေးမြန်းပြီးအကြံဉာဏ်တောင်းခံနိုင်ပါတယ်။

www.vtc.com
Software နဲ့ပတ်သက်တဲ့အချက်အလက်တွေကို လေ့လာချင်တယ်ဆိုရင်တော့ www.vtc.com ဟာ အထောက် အကူများစွာပေးနိုင်ပါလိမ့်မယ်။ ဒီဆိုက်မှာ software ပေါင်းမြောက်မြားစွာအတွက် ကဏ္ဍများ ကို ခွဲခြားပေးထားပြီး၊ မိမိနှစ်သက်ရာ software များကို Tutorial ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် Tutorial များကို လွယ်ကူ စွာ လေ့ လာပြုလုပ်နိုင်စေရန်အတွက် Video Tutorials ပေါင်း ၇၉,၉၃၅၀ ဖော်ပြပေးထားပြီး၊ အဲဒီအထဲမှာ ၁၄,၄၂၀၀ ကို အခမဲ့လေ့လာနိုင်မှာဖြစ်ပါတယ်။ Microsoft, Linux, Apple, Adobe,oracle,Ableton စတဲ့ ကုမ္ပဏီများရဲ့ Software များကို Tutorial များပြုလုပ်ကာ လေ့လာနိုင်ပါတယ်။

www.getjar.com

ဒီဆိုက်ဟာ Mobile Phone အသုံးပြုသူများအတွက် အမှန်တကယ်အထောက်အကူပြုနိုင်မယ့် ၀က်ဘ်ဆိုက် တစ်ခုဖြစ် ပါ တယ်။ Mobile Phone ရဲ့ Brand အားလုံးကိုဖော်ပြပေးထားပြီး မိမိ Mobile Phone နဲ့သက်ဆိုင်တဲ့ game နဲ့ software application တွေကို ဒီဆိုက်မှာဒေါင်းလုပ်ရယူနိုင်ပါတယ်။ Java (J2ME), Symbian Windows Mobile, Palm, Blackberry, Flash Lite, Android, iPhone စတဲ့ operating system တွေမှသုံးနိုင်တဲ့ application တွေကို စုံလင်စွာဖော်ပြပေးထားပါတယ်။ ဒါကြောင့်မိမိရဲ့ Mobile Phone မှာလိုအပ်တဲ့ application တွေကို ဒီဆိုက်မှာရယူပြီး အသုံးပြုနိုင်ပါတယ်။

www.gamegarage.com
ဝက်ဘ်ဆိုက်မှာ ဂိမ်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ကဏ္ဍအစုံအလင်နဲ့ဖော်ပြပေး ထားတာ ကို တွေ့မြင် ရမှာဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်ကို စတင်ဝင်ရောက်တော့မယ်လို့ ကြံရွယ်လိုက်ပြီဆိုတာနဲ့ ၀က်ဘ်ဆိုက်အတွင်းမှာ Register လုပ်မယ်ဆိုရင် လုပ်လို့ရပါတယ်။ Registrer မလုပ်ချင် ဘူး တိုက်ရိုက်ဝင်ရောက်ကစား ချင်တယ် ဆိုရင် လည်း တိုက်ရိုက်ဝင်ရောက်စားနိုင်ပါတယ်။
ဂိမ်းတွေနဲ့ပတ်သက်လို့ ၀က်ဘ်ဆိုက်မှာဖော်ပြထားတဲ့ အကြောင်းအရာတွေဟာ တော်တော်လေးများလှပါတယ်။ အွန်လိုင်းမှာတိုက်ရိုက်ကစားလို့ရတဲ့ဂိမ်းတွေကို ကဏ္ဍ (၁၄) မျိုးလောက် ဖော်ပြပေးထားပါတယ်။ ဒီကဏ္ဍ (၁၄) မျိုးထဲမှာ တစ်ဦးတည်းကစားလို့ရတဲ့ဂိမ်းတွေ ပါဝင်သလို (၂) ယောက်ကစားလို့ရမယ့် Multiplayer ဂိမ်းတွေလည်း ပါဝင်ပါတယ်။
အွန်လိုင်းပေါ်မှာကစားရတာကိုမနှစ်သက်လို့ ကိုယ့်ရဲ့ကွန်ပျူတာထဲမှာပဲ ဂိမ်းတွေကိုကစားချင်တဲ့သူတွေအတွက် လည်း Downloadable game ဆိုတဲ့ ကဏ္ဍတစ်ခုကိုလည်း ပြုလုပ်ပေးထားပါတယ်။ ဒါ့အပြင် အသစ် ထွက်ပေါ် လာတဲ့ဂိမ်း တွေကို သီးသန့်ဖော်ပြပေးထားတဲ့ New game ကဏ္ဍလည်းပါဝင်ပါတယ်။ ၀က်ဘ်ဆိုက်မှာ ၀င်ရောက် ကစားတဲ့သူ အများဆုံးနဲ့အကောင်းဆုံးဂိမ်း (၁၀) မျိုးဖော်ပြပေးထားတဲ့ Top 10 games ကဏ္ဍနဲ့ ၀က်ဘ်ဆိုက် နဲ့ပတ်သက်တဲ့သတင်း အချက်အလက်တွေကို ဖော်ပြပေးထားတဲ့ Forums လည်းပါဝင်ပါသေးတယ်။
ဝက်ဆိုက် မှကစားရတာပျင်းလို့ ဇာတ်လမ်းသွားဂိမ်းအရှည်တွေကို ကစားချင်တဲ့သူတွေအတွက်လည်း ဇာတ်လမ်းသွားဂိမ်းအရှည်တွေကစားနိုင်မယ့် ၀က်ဘ်ဆိုက်တွေနဲ့ link တွေချိတ်ဆက်ပေးထားပါတယ်။ ၀က်ဘ် ဆိုက်မှာဖော်ပြထား တဲ့ဂိမ်းတွေဟာ flash ဂိမ်းတွေဖြစ်တဲ့အတွက် ကစားမဲ့ကွန်ပျူတာမှာ flash player ကို install လုပ်ထားဖို့လိုအပ်ပါတယ်။ Flash ဂိမ်းတွေကိုကစားပြီး ဂိမ်းတွေကို download လုပ်ချင်တဲ့သူတွေအနေနဲ့ www.gamegarage.com မှာစမ်း သပ်ဝင်ရောက်စားနိုင်ပါတယ်။

www.onegreenworld.com

သဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးသူတွေအတွက် ဖန်တီးပေးထားတဲ့ဆိုက်ဖြစ်ပါတယ်။ ဒီဆိုက်မှာဝယ် ယူလို တဲ့သစ်ပင်တွေကိုဝယ်ယူနိုင် အောင်စီမံပေးထားခဲ့သလို သစ်သီး၊ သီးနှံတွေကိုလည်းရောင်းချပေးပါတယ်။ သစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာ စာအုပ်စာတမ်းတွေ၊ အထောက်အပံ့ပစ္စည်းတွေကိုပါ ရှာဖွေရယူနိုင်ပါတယ်။ သစ်ပင် စိုက်ဖို့စိတ်အားထက် သန်နေပြီး ဘယ်လိုစိုက်ပျိုးရမယ်၊ ပြုစုပျိုးထောင်ရမယ်၊ သစ်ပင်တွေ ထွားကြိုင်း သန်မာအောင် ဘယ်လိုလုပ်ရမယ် စသည်ဖြင့်မသိရှိသူတွေအတွက် အတော်ကြီးကိုအကျိုးပြု နိုင်ပါတယ်။ မဂ္ဂဇင်းတွေကိုပါဒီဆိုက်က၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။

www.questia.com
စာကြည့်တိုက်မှာစာဖတ်ရတဲ့ရသကိုနှစ်ခြိုက်လို့ဆိုရင်တော့ ဒီဆိုက်ကသင့်တော်မယ်မထင်ပါဘူး။ ဒီ ဆိုက်လို အွန်လိုင်း စာကြည့်တိုက်တွေက စာကြည့်တိုက်ဆီကိုမလာနိုင်သူတွေအတွက်ရည်ရွယ်ထားတာဖြစ်ပါတယ။် ကမ္ဘာ ဘယ်နေရာမှာပဲ ရှိရှိအွန်လိုင်းသုံးလို့ရတဲ့နေရာတွေ မှာဒီလိုစာကြည့်တိုက်တွေကိုလေ့လာနိုင်မှာဖြစ်ပါတယ်။ စာအုပ်တွေ ကိုအခမဲ့လေ့လာနိုင်ပါတယ်။ ဒါ ပေမယ့် အချို့စာအုပ်တွေကိုဖတ်ချင်တယ်ဆိုရင်တော့ username နဲ့ password တွေပြုလုပ်ထားဖို့လိုပါတယ်။

www.aqua.org

ငါးပြတိုက်တွေကိုလူတိုင်းနီးပါး လည်ပတ်ဖူးကြမှာပါ။ ကိုယ်မရောက်ဖူး၊ မမြင်ဖူးတဲ့နေရာတွေမှာရှိတဲ့ရေ သတ္တ၀ါတွေ ကို ပြထားတာကကုန်း သတ္တ၀ါတွေကိုကြည့်ရတာထက်ပိုမို ထူးဆန်းအံ့သြဖွယ်ကောင်းပါတယ်။ ပြီးတော့ ကလေးငယ်တွေသဘာဝကိုချစ်လာအောင်ကူညီပေးနိုင်သလို၊ ပညာရေးဖွံ့ဖြိုးမှုအတွက်အထောက် အကူပြုနိုင် ပါတယ်။ ဒီဆိုက်ကအ ပြင်မှာရှိတဲ့ ပြတိုက်ကိုလာတဲ့အခါ မှာဝယ်ယူရတဲ့ လက်မှတ်ကို ပါရောင်း ချမှာဖြစ်ပါတယ်။ ပြတိုက်ကိုမသွား ရောက်ခင်ကြိုတင်ပြီးတော့လေ့လာစရာတွေကို လေ့လာလို့ရအောင်တင်ပေး
ထားတဲ့ဆိုက်လေးပါ။

www.xe.com
ဒီဆိုက်ကတော့ ငွေကြေးဆိုင်ရာအပြောင်းအလဲတွေကိုအချိန်နဲ့ တစ်ပြေးညီသိချင်တဲ့သူတွေအတွက် စိတ်ဝင်စား ဖွယ်ရာဆိုက်တစ်ခုဖြစ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စ တွေအားလုံးနီးပါးကို တစ်စုတစ်စည်းတည်း ကြည့်ရှုနိုင် မှာပါ။ ကမ္ဘာလုံးဆိုင်ရာငွေပေးချေမှုနဲ့ လွှဲပြောင်းမှုတွေ၊ ငွေကြေးကူးသန်းရောင်း ၀ယ်မှုစသည်ဖြင့် စုံလင်စွာလေ့ လာနိုင်ပါလိမ့် မယ်။ ငွေကြေးဆိုင်ရာအကြောင်း ကိစ္စတွေကိုခန့်မှန်းတွက်ချက်ထားတဲ့ ပညာရှင်တွေရဲ့ခန့်မှန်းချက် ကို ပါလေ့လာနိုင်ပါလိမ့်မယ်။

www.1001onlinegames.com

ဂိမ်းစိတ်ဝင်စားတဲ့ ပရိသတ်တွေကိုရုပ်ထွက်ကောင်းကောင်းနဲ့ကစားနိုင်ဖို့အတွက် 3D ဂိမ်းတွေများစွာပါဝင် လာတဲ့ ၀က်ဘ်ဆိုက်တစ်ခု နဲ့မိတ်ဆက်တင်ပြပေးလိုက်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာပါဝင်တဲ့ဂိမ်းတွေအားလုံးမှာ Flash ဂိမ်းနဲ့ ပတ်သက်တဲ့ဂိမ်းတွေအပြင် 2D, 3D အစရှိတဲ့ဂိမ်းတွေ များစွာပါဝင်တာကိုတွေ့ရမှာဖြစ်ပါတယ်။ 
ဝက်ဘ်ဆိုက်မှာပါဝင်တဲ့ဂိမ်းတွေအားလုံးမှာတော့ 3D ဂိမ်းတွေကအများဆုံးပါဝင်တာကိုတွေ့မှာဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်ထဲကဂိမ်းတွေကို ကစားဖို့စိတ်ကူးရပြီဆိုတာနဲ့ ကိုယ့်ကွန်ပျူတာမှာ Flash Player ကို Install လုပ်ထားဖို့လိုအပ်ပါတယ်။ 
Flash Player Install မလုပ်ထား ဘူးဆိုရင်တော့ ဂိမ်းကစားတဲ့နေရာမှာ အနှောက်အယှက်ဖြစ်လာနိုင်ပါတယ်။ ၀က်ဘ်ဆိုက်ကိုရေးဆွဲထားတဲ့ ဒီဇိုင်း ဟာနည်းနည်းရှုပ် ထွေးတယ်ဆိုပေမယ့် ၀င်ရောက်ကစားတဲ့ သူတွေ အဆင်ပြေအောင်တော့ လုပ်ဆောင်ပေး ထားတာတွေ့ရပါတယ်။ Categories ဆိုတဲ့အပိုင်းမှာတော့ ဂိမ်းနဲ့ပတ် သက် တဲ့ အမျိုးအစား ၁၀ မျိုးကိုဖော်ပြထား ပါတယ်။ Most Popular ကဏ္ဍကတော့ အကောင်းဆုံးဂိမ်းတွေ ကိုဖော်ပြပေး ထားတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ New Games ဆိုတဲ့ကဏ္ဍမှာတော့နောက်ဆုံးထွက်ပေါ်လာတဲ့ ဂိမ်းအသစ်တွေကိုဖော်ပြပေးထားတဲ့ ကဏ္ဍတစ်ခု ပဲဖြစ်ပါတယ်။ www.1001onlinegames.com ကဂိမ်းတွေ ကိုမကစားချင်ဘဲ တခြားဝက်ဘ်ဆိုက်ကဂိမ်းတွေကို ကစားချင်တယ်ဆိုရင်လည်း တခြားဝက်ဘ်ဆိုက် တွေကို linkချိတ်ထားပါတယ်။ 3D ဂိမ်းကောင်းကောင်းကစား ချင်သူတွေအနေနဲ့ www.1001onlinegames.com မှာဝင်ရောက်လေ့လာကစားနိုင်ပါတယ်။

http://wikitravel.org

အကောင်းဆုံးခရီးသွားလမ်းညွှန်တစ်ခုဖြစ်ဖို့အတွက် အရေးကြီးဆုံး လိုအပ်ချက်ကတော့ ကာလနဲ့လျော်ညီပြီး အချိန်နှင့် တပြေးညီအသိပေးနိုင် ဖို့ဖြစ်ပါတယ်။ ဒါကြောင့် Wiki Travel ဟာ ခရီးသွားတွေအတွက် အလွန်ကို အသုံးတည့်တဲ့ အရာတစ်ခု ဖြစ်လာပါတယ်။ ၀က်ဘ်ပေါ်ကနေ အရင်းအမြစ်တွေကို ပေါပေါလေးမှာနိုင်ပေ မဲ့ မေး ချင် တာလေးတွေကိုဖြေမည့်နေ ရာကတော့ ရှားပါတယ်။ ဒါကြောင့်လည်း WikiTravel ကပိုမို နာမည် ကျော် တာပါ။ Wiki Travel။ မှာ Trip Advisor ဆိုတဲ့ ခရီးသွားအကြံ ပေးအဖွဲ့ကို ဆိုက်တွေနဲ့ချိတ်ဆက် ထားတဲ့အတွက် ဓါတ်ပုံတွေကိုပါကြည့် နိုင်ပြီး အကြံဉာဏ်တွေကိုပါရယူနိုင်မှာဖြစ်ပါတယ်။ WikiTravel ရဲ့ Directory မှာတော့ ယခုလက်ရှိနေရာပေါင်းနှစ်သောင်းကျော်အတွက် စာရင်းပြုစုဖော်ပြပေးထားပါတယ်။

http://psychcentral.com
လူအများစုဟာ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှုကို ပြောဆိုဖို့ဝန်လေးကြပါတယ်။ ဒါကြောင့် အွန်လိုင်းပေါ်ကနေပေး တဲ့ ၀န်ဆောင်မှုတွေ က ရေပန်းစားလာပါတယ်။ ဘာကြောင့်လဲဆိုတော့ လူကိုယ်တိုင်မတွေ့ ရဘဲ တစ်ကိုယ် တည်းပြောနေသလိုခံစားရလို့ ပွင့်ပွင့် လင်းလင်းပြောနိုင်လို့ဘဲဖြစ်ပါတယ်။ အဲဒီဝန်ဆောင်မှုတွေထဲမှာ Psyeh Central ကလည်း ကောင်းတယ်လို့ပြောနိုင်တဲ့တစ်ခုပါ။
Click ခေါက်ပြီးတော့ ကိုယ်မေးချင်တဲ့ခေါင်းစဉ်ကိုရှာဖွေပြီး တော့ မေးလိုက်ရုံပါဘဲ။ ပြီးတော့အဖွဲ့ဝင်တွေဆိုလျှင် ကိုယ့်ရဲ့အတွေ့အကြုံ တွေကိုလည်းမျှဝေပေးနိုင်အောင်စီမံပေးထားပါတယ်။


credit to internet journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

အထွေးထွေးနည်းပညာများ