Pages

Tuesday, 14 August 2012

BIOS မှာ Password ထားရင်ကျော်ဖို

BIOS မှာ Password ထားရင်ကျော် ဖို့၊ Reset လုပ်ဖို့ နည်းလမ်းလေးပါ။ ဒီpost အတွက် BIOS, CMOS, နဲ့ IBM BIOS ဆိုတဲ့ အသုံးနှုန်းတွေ မြင်ရမှာပါ။ အသေးစိတ်တော့ ကျနော် မရေးနိုင်တော့ပါဘူး။ ကျော်တဲ့ နည်းပဲ ရေးမှာ မို့ပါ။ လေ့လာချင် သူတွေ အတွက် link ချိပ်ထားပေးပါတယ်။ အောက်က စာလုံးလေးတွေမှာ click ပြီး ဖတ်ကြည့်ကြပါ။

BIOS ဆိုတာ ...
CMOS ဆိုတာ ...
BIOS နဲ့ CMOS ကွာခြားချက် ...
IBM BIOS အကြောင်း ...


စလိုက်ရအောင်ဗျာ ... ။ အစီစဉ်မကျရင်လည်း သီးခံ ဖတ်ပေးပါဗျာ။

TOSHIBA laptop နဲ့ Desktop အများစု မှာ BIOS password ကို ကျော်ဖို့ အတွက် ... Boot တတ်နေစဉ် အတွင်း ဘယ်ဘက်မှ Shift key(left Shift) ကို နိုပ်ထားပေးပါ။


IBM BIOS မှာဆိုရင် .... Boot တက်နေစဉ် mouse ရဲ့ Buttons ၂ ခု စလုံးကို တစ်ပြိုင်ထဲ ထပ်ခါ ထပ်ခါ နိုပ်ပေးပါ။

# BIOS password ကို သုံးခါထက် ပိုပြီး မှားရိုက်မိရင် locked ဖြစ်တတ်ပါတယ်။ #
PC Locked ဖြစ်သွားရင် BIOS password ကို crack or reset လုပ်ဖို့ အောက်ပါ software လေးသုံးလို့ရပါတယ်။

CMOS password recovery tool 4.8

Jumper ကို ဖြုတ်ရင်လည်း CMOS password ကို Clear ဖြစ်စေပါတယ်။ Jumper ကတော့ Motherboard အမျိုးအစားကို လိုက်ပြီး နေရာကွဲပြားတတ်ပါတယ်။ များသောအားဖြင့် Motherboard အစွန်းက CMOS Battery နဲ့ ကပ်လျက် ဒါမှမဟုတ် Processor နဲ့ ကပ်လျက်မှာ ရှိတတ်ပါတယ်။ ရေးထားတတ်တဲ့ အမည်တွေကတော့ CLEAR - CLEAR CMOS - CLR - CLRPWD - PASSWD - PASSWORD - PWD တို့ပဲ ဖြစ်ပါတယ်။(Laptop တွေမှာဆိုရင် jumper ဟာ keyboard ရဲ့ အောက် (သို့) laptop အောက်ခြေ မှာရှိတဲ့ အကန့်လေးတွေမှာ တွေ့နိုင်ပါတယ်။)

Image Hosting by Picoodle.comImage Hosting by Picoodle.com

* ကွန်ပျူတာကို power ပိတ် plug ဖြုတ်ပြီးရင် jumper ကိုဖြုတ်ပါ။ ပြီးရင် ကွန်ပျူတာကို power ဖွင့်ပြီး ခဏထားပြီး ပြန်ပိတ်လိုက်ပါ။ ပြီးရင်တော့ jumper ကို ပြန်တပ်လိုက်ရင် password reset ဖြစ်သွားပါပြီ။ *

Image Hosting by Picoodle.com

ဒီ ပို့စ် တစ်ခုလုံး အတွက် ကျနော့် သူငယ်ချင်း ဂျိုးဂျိုး(ဟင်းလင်းပြင်) က ဘာသာပြန်ပေးတာဖြစ်ပါတယ်။ အားလုံး အဆင်ပြေကြပါစေ။ ကျနော် လိုအပ်တာ မှားတာ ရှိရင်လည်း သင်ပြပေးကြပါ။ ကျေးဇူးတင်ပါတယ်....။

from kothanlonnge

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

အထွေးထွေးနည်းပညာများ