Computer
သည် window စနစ်ကိုပင်ဖွင့်၍မရအောင် ဆိုးဆိုးဝါးဝါးဖြစ်နေပါက System
restore ကိုအသုံးပြု၍ကယ်တင်နိုင်ပါသည်။၎င်းအတွက် Safemode သို့ဦးစွာဝင်ရပါမည်။
၎င်းမှ
command prompt ဖြင့် System restore သို့ ချိတ်ဆက်ရပါမည်။ ၄င်းအတွက်
1.ကွန်ပျူတာကိုစဖွင့်ပြီးသည်နှင့် Window Advanced Options Menuမြင်ကွင်းပေါ်လာသည့်တိုင်F8 key ကိုနှိပ်နေပါ။
2.ပေါ်လာသောမြင်ကွင်းကနေ safe mode ကိုရွေးချယ်ကာ Enter နှိပ်ပါ။
3.နောက်မြင်ကွင်းပေါ်တွင် please select the operating system to restart ဟူသော Message ပေါ်လာပါလိမ့်မယ်။
Window
XP ကိုသာတင်မည်ဖြစ်သဖြင့် Enter key ကိုနှိပ်ပါ။တကယ်လို့ အခြားWindow
စနစ်တစ်ခုတင်ထားတယ်ဆိုရင်လည်း Window XP ကိုသာရွေးချယ်ပြီးEnterkeyကိုနှိပ်ပေးပါ။
4.Window
စနစ်သည်ဖိုင်များကို အချိန် အနည်းငယ်ယူပြီးတင်နေပါလိမ့်မယ်။တကယ်လို
့login Screenပေါ်လာပြီးလျှင် လိုအပ်ပါက Account name & password တို
့ကိုရိုက်ထည့်ပါ။
့ကိုရိုက်ထည့်ပါ။
5.ဆက်လက်၍မြင်ကွင်းများပြောင်းနေပြီးနောက်
command prompt တစ်ခုပေါ်လာပါလိမ့်မည်။၎င်းကွက်လပ်တွင်
%systemroot%\system32\restore\rstri.exe’ ဟုရိုက်ထည့်ပါ။
Enter key နှိပ်ပါ။
6.စက္ကန်
့အနည်းငယ်ကြာပြီးနောက် System restore
မြင်ကွင်းပေါ်လာပါလိမ့်မည်။၎င်းတွင် Restore My Computer to an Earlier
Time’ ခလုတ်ကိုနှိပ်ပါ။
7.Next ခလုတ်ကိုနှိပ်ပါ။
8.ပြက္ခဒိန်ပုံပေါ်လာပါလိမ်မယ်။
၎င်းတွင် သင့်ပုံမှန်အတိုင်းကွန်ပျူတာအသုံးပြုခဲ့သည့်နေ့ ကိုရွေးချယ်ပြီးကလစ်လိုက်ပါ။
Next ခလုတ်ကိုနှိပ်ပါ။
9.အကယ်၍ရှေ့ မြင်ကွင်းတွေ မှာ Next ရှိနေရင် ထက်နှိပ်ပါ။
10.System restore လုပ်ငန်းကိုစတင်ဆောင်ရွက်ပါလိမ့်မယ်။အချိန်အနည်းငယ်အကြာတွင်ကွန်ပျူတာသည်
အလိုအလျောက်ပြန် restart ကျသွားပါလိမ့်မယ်။
Boot ပြန်တက်တဲ့ အခါမြင်ကွင်းမှာမြင်တဲ့အတိုင်းဆက်လက်ဆောင်ရွက်နိုင်ပါပြီ။
No comments:
Post a Comment