Pages

Friday, 7 September 2012

computer language ကိုယ်ပိုင်တီထွင်ခြင်း +6

Function Support

ဘယ် language မှာမဆို function ပါမှ တကယ် program ကောင်းကောင်းရေးလို့ရမှာပါ။ ဒီတော့ ကျွန်တော်တို့ language မှာလဲ function မပါလို့ ဘယ်ဖြစ်ပါ့မလဲ။ မဟုတ်ဘူးလား။ ဒီ chapter မှာကျွန်တော်တို့ assembly language မှာ function support ကိုရေးကြည့်ရအောင်ပါ။

Assembly language မှာတော့ function အစား GOTO ကိုသုံးပြီးရေးသွားလို့တော့ ရပါတယ်။ ဒါပေမဲ့ ခုကျွန်တော်တို့က high level language အထိသွားမှာဆိုတော့၊ function support ကိုတခါတည်း assembly မှာကတည်းက ထည့်ထားလိုက်ပါမယ်။ ဒါမှ high level language ကို compile လုပ်တဲ့အခါ ပိုလွယ်သွားမှာပါ။

ဒီနေရာမှာ function ဆိုတာ တကယ်တော့ GOTO ပါဘဲ။ အောက်က C codes ကိုကြည့်ပါ၊
void A() {    cout  "Hello";
};

A();
အဲဒါကို Assembly နဲ့ပြန်ရေးကြည့်ရအောင်၊
// call the function A at line no 150110 goto     150
// function A()

150 TALK

// return from function

151 goto     111

............
ဒီ assembly codes ဟာ function တခုကို call လုပ်တဲ့ အခြေခံ code လို့ပြောလို့ရပါတယ်။ ဒါပေမဲ့ သူ့မှာ အားနဲချက်တခုရှိပါတယ်။ Line no 151 ကိုကြည့်ပါ။ Function ကနေ return ပြန်ဖို့အတွက် သူ့ကို ခေါ်ထားတဲ့ line number (ဒီနေရာမှာ 111) ကိုသိဖို့လိုပါတယ်။ ဒါမှ function ကနေ ခေါ်ထားတဲ့ line ကို GOTO နဲ့ return ပြန်လို့ရမှာ မဟုတ်လား။ ဒါကြောင့် ကျွန်တော်တို့ function A() ကို line number 110 ကနေ မခေါ်ဘဲ ဥပမာ၊ 200 ကနေခေါ်ရင် မရပါဘူး။ ဒီအတွက် 200 ကို return ပြန်အောင် 151 က GOTO statement ကိုပြန်ပြင်ရေးရပါမယ်။

ဒီအတွက် solution က သူ့ကိုခေါ်ထားတဲ့ line number ကို stack ပေါ်မှာအရင် save လုပ်ထားပါမယ်။ ပြီးရင် function ကနေ return ပြန်တဲ့အခါ အဲဒီ stack ပေါ်က line number ကိုပြန်ဖတ်ပြီး အဲဒီနေရာကို return ပြန်ပေးလိုက်ပါမယ်။ စဉ်းစားရတာ ရှုပ်သွားလား မသိဘူး :) ကဲ စဉ်းစားမနေဘဲ တခါတည်း ရေးကြည့်ရအောင်ပါ။

Function ကို ခေါ်ဖို့အတွက် GOTO op-code အစား call ဆိုတဲ့ သတ်သတ် op-code တခုဆောက်လိုက်ပါ။ သူလဲ GOTO လိုဘဲ သွားမဲ့ Line number ကို operand 0 ကနေယူပါမယ်။ GOTO နဲ့ကွာတာက စောစောက ပြောသလို လက်ရှိ line number ကို stack မှာအရင်သွား save လုပ်ထားပါမယ်။

ပြီးရင် return ဆိုတဲ့ op-code အသစ်ထပ်ထည့်ပါအုံးမယ်။ သူက ခုနက stack ပေါ်မှာ save လုပ်ထားတဲ့ line number ကိုပြန်သွားဖတ်ပြီး အဲဒီ Line number ကိုခေါ်မှာ ဖြစ်ပါတယ်။ သူလဲ GOTO နဲ့အတူတူပါဘဲ။ သွားရမဲ့ line number ကို operand ကမယူဘဲ stack ပေါ်ကယူပါမယ်။ ဒီ op-code နှစ်ခုရှိရင် function ရေးလို့ရပါပြီ။ ရေးကြည့်ရအောင်။
enum OpCode{    .......................
    .......................

    OP_CALL,        // call function

    OP_RETURN,        // return from function

    OP_END

};
ပြီးရင် Program class က လက်ရှိ line number variable ကို ဖတ်မဲ့ function ရေးဖို့လိုပါတယ်။ ဒါမှ ဒီကောင့်ကို Virtual Machine class ကနေဖတ်လို့ရမှာပါ။
class Program {public:
    vector<Instruction>        InstructionList;

    int                        nCurrent;

    .......................

    .......................

    int GetCurrentInstruction() {

        return nCurrent;

    }

};
ပြီးရင် call နဲ့ return အတွက် Virtual Machine ထဲက Run() function မှာသွားရေးပါမယ်။
void Run(Program& program) {    while (true)
    {

        Instruction inst = program.Next();

        switch (inst.code)

        {

        ....................

        ....................

        case OP_CALL:

            program.PushStack( program.GetCurrentInstruction() );

            program.SetInstruction( inst.operand[0] );

            break;

        case OP_RETURN:

            Data1 = program.PopStack();

            program.SetInstruction( program.PopStack() );

            program.PushStack( Data1 );

            break;

        }

    }

};
Call op-code အလုပ်လုပ်ပုံက ရှင်းပါတယ်။ ခုရောက်နေတဲ့ line number ကို stack ပေါ်အရင် သွားသိမ်းပြီးမှာ operand 0 မှာပေးထားတဲ့ line number ကို GOTO အတိုင်းဘဲ သွားခိုင်းပါတယ်။

Return op-code မှာတော့ stack ပေါ်က ပထမ value ကိုအရင် pop လုပ်ပြီးသိမ်းထားပါတယ်။ ဒါဟာ function ကနေ return ပြန်မဲ့ data ဖြစ်ပါတယ်။ Stack ပေါ်က သူ့နောက်က data ကတော့ call op-code မှာသိမ်းထားတဲ့ return ပြန်ရမဲ့ Line number ဖြစ်ပါတယ်။ သူ့ကို pop လုပ်ပြီး Program ရဲ့ current line number ကို set လုပ်လိုက်ပါတယ်။ ပြီးရင် ခုန save လုပ်ထားတဲ့ data ကို stack ပေါ်ပြန်တင် ပေးလိုက်ပါတယ်။

ဒီနေရာမှာ သတိထားရမှာက function ကနေ value တခုခုကို stack တင်ကိုတင်ပေးမှ ရပါမယ်။ ဆိုလိုတာက high-level language စကားနဲ့ပြောရရင် ကျွန်တော်တို့ language မှာ void function ရေးလို့မရဘူးဆိုတဲ့ သဘောပါ။ အနဲဆုံး return 0; တော့ ပြန်ကိုပြန်ပေးရပါမယ်။

ကဲပြီးရင် အောက်က C code ကို testing အနေနဲ့ရေးကြည့်ပါမယ်။
int a, int b;int Add() {
    return a + b;

};

a = 10, b = 5;

cout  Add();

a = 45, b = 32;

cout  Add();
ဘာမှ ထွေထွေထူးထူး code မဟုတ်ပါဘူး။ Number နှစ်ခုပေါင်းတဲ့ function ပါ။ ဒါကိုသုံးပြီး Function ကိုစမ်းကြည့်ရအောင်ပါ။
// a is address 0, b is address 4000 put_mem    0    10
001 put_mem    4    5

002 call

003 num

004 put_mem    0    45

005 put_mem    4    32

006 call

007 num

008 end

// function A()

009 push_stack    0

010 push_stack    4

011 add

012 return
ဒီနေရာမှာ function ရဲ့ input ကို global variable ကနေယူထားတာကို သတိထားမိလား မသိဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ function က parameter တွေလက်မခံသေးပါဘူး။ ဒါကြောင့် parameter နဲ့ local variables တွေလက်ခံအောင်ရေးကြည့်ရအောင်ပါ။

ကျွန်တော်တို့ function ထဲကို parameter တွေထည့်ဖို့ Stack ကိုဘဲသုံးပါမယ်။ ပထမ၊ function ထဲကိုပေးချင်တဲ့ parameter တွေကို stack ပေါ်ကို function မခေါ်ခင်အရင် pass လုပ်ပေးလိုက်ပါမယ်။ ပြီးရင် function ထဲရောက်မှ stack ပေါ်က data တွေကို Get Stack နဲ့ Set Stack Op-code တွေသုံးပြီး ပြန်ခေါ်သုံးပါမယ်။ ဒီအတိုင်း အပေါ်က code ကို global variable မသုံးဘဲ parameter သုံးပြီး ရေးကြည့်ရအောင်ပါ။
// a is address 0, b is address 4000 put_stack    10
001 put_stack    5

002 call         13

003 num

004 pop_stack

005 pop_stack

006 put_stack    45

007 put_stack    32

008 call         13

009 num

010 pop_stack

011 pop_stack

012 end

// function A()

013 get_stack    2

014 get_stack    1

015 add

016 return
ဒါဆိုရင် ကျွန်တော်တို့ function က parameter တွေကို stack ကနေလက်ခံလို့ရပါပြီ။ ဒါပေမဲ့ stack ပေါ်တင်ထားတဲ့ data နှစ်ခုကို (line number 004 နဲ့ 005 မှာ) ပြန်ပြီး pop လုပ်လိုက်ပါတယ်။ ဒီလို function တခုခေါ်တိုင်း stack ပေါ်အရင် တင်ထားတဲ့ parameters တွေကို pop လိုက်လုပ်နေရရင် မလိုအပ်ဘဲ code တွေများနေနိုင်ပါတယ်။ ရေးရတဲ့ programmer အတွက်လဲ မကောင်းသလို op-code တွေများနေရင် run ရတာလဲ နှေးနေမှာပါ။ ဒီအတွက် function ကနေ return ပြန်ရင် သူ့အလိုအလျှောက် pop လုပ်ပေးလိုက်ပါမယ်။ ဒီလိုလုပ်ဖို့ function ရဲ့ scope ကိုသိဖို့လိုပါလိမ့်မယ်။

Note: Scope ဆိုတာ stack ပေါ်မှာ ရှိတဲ့ function နဲ့ဘဲ သက်ဆိုင်တဲ့ data တွေကို ခေါ်ပါတယ်။ function အတွက် stack ပေါ်ကို pass လုပ်ပေးလိုက်တဲ့ parameter တွေ၊ function ထဲမှာ ရှိတဲ့ local variable တွေဟာ function ရဲ့ scope ပေါ့။ ဥပမာ၊ function ထဲမှာ local variable ၃ ခုရှိတယ်၊ parameter ၂ ခုလက်ခံတယ်ဆိုရင် အဲဒီ function ရဲ့ scope အရွယ်က ၅ ဖြစ်ပါတယ်။

ဒီတော့ function ရဲ့ scope ကို သတ်မှတ်ပေးမဲ့ Op-code တခုထည့်လိုက်ပါမယ်။ သူ့ကို OP_SCOPE လို့ဘဲနာမည်ပေးထားပါမယ်။ set_stack တို့၊ get_stack သုံးပြီး stack ပေါ်က data တွေယူတဲ့အခါ stack ပေါ်မှာလက်ရှိ တင်ထားတဲ့ data တွေကို (function return address အပါအ၀င်) သိနေဖို့လိုပါတယ်။ ဒီတော့ scope ထဲက data တွေကိုဘဲဖတ်လို့၊ ရေးလို့ရမဲ့ သပ်သပ် Op-code တွေသတ်မှတ်မယ်။ ဒါဆို တခြား data တွေနဲ့မရောတော့ဘဲ scope ပေါ်က data တွေကိုဘဲ ရှင်းရှင်းလင်းလင်း ဖတ်နိုင်တာပေါ့။ သူတို့ကိုတော့ set_scope နဲ့ get_scope လို့ဘဲခေါ်ရအောင်။ scope ရဲ့ index (stack ရဲ့ index မဟုတ်ပါ) ကို operand 0 ကဘဲယူပါမယ်။ ဒီ Op-code ၃ ခုနဲ့ constant ကို set လုပ်ဖို့ put_stack လို put_scope ကို program မှာကြေငြာလိုက်ပါမယ်။
enum OpCode {    OP_TALK,
    ..........................

    ..........................

    OP_SCOPE,

    OP_SET_SCOPE,

    OP_GET_SCOPE,

    OP_PUT_SCOPE,

    OP_END

};
ပြီးရင် Program class မှာ scope ထဲက data တွေကို သိမ်းဖို့နဲ့ ပြန်ဖတ်ဖို့ function နှစ်ခုရေးပါမယ်။ ဒီ function နှစ်ခုက set_stack နဲ့ get_stack တို့နည်းတူ ရေးရင်ရပါတယ်။ ဒါပေမဲ့ retrieve လုပ်မဲ့ index ကိုလက်ရှိ scope offset နဲ့ပေါင်းတွက်ပြီးမှ return ပြန်ပါမယ်။
class Program {public:
    int         nScopeOffset;

    Program() : nCurrent(0), nScopeOffset(0) {

        pMemory = new unsigned char[10240];

        ZeroMemory(pMemory, 10240);

    };

    .........................

    .........................

    // set the data at specific scope index

    void SetScopeAt(int index, int val) {

        Stack[nScopeOffset - index] = val;

    };

    // retrieve the data at specific scope index

    int GetScopeAt(int index) {

        return Stack[nScopeOffset - index];

    };

};
အပေါ်က code အလုပ်လုပ်ဖို့ nScopeOffset ကို set လုပ်ဖို့လိုပါတယ်။ ဒီတော့ Program class ထဲမှာ MakeScope() ဆိုတဲ့ function ကိုသွားရေးပါအုံးမယ်။ သူ့လုပ်ငန်းကတော့ scope size ကိုအရင် set လုပ်လိုက်မယ်။ ပြီးရင် လက်ရှိရောက်နေတဲ့ stack index ကို nScopeOffset ဆိုတဲ့ variable ထဲမှာမှတ်ထားပါမယ်။ ဒါဆို SetScopeAt() နဲ့ GetScopeAt() ကိုသုံးတဲ့အခါကျရင်၊ stack index က လက်ရှိ scope ကမှတ်ထားတဲ့ index ကနေဘဲ data ကိုယူသုံးမှာ ဖြစ်ပါတယ်။

ပြီးရင် MakeScope () function က မှတ်သွားတဲ့ scope ကိုပြန် clear လုပ်တဲ့ function လဲရေးထားရပါမယ်။ ကဲရေးကြည့်ရအောင်ပါ၊
class Program {public:
    .........................

    .........................

    // make the scope and store the scope offset

    void MakeScope(int size) {

        int nPrevScopeOffset = nScopeOffset;

        nScopeOffset = Stack.size() – 1;

        PushStack(nPrevScopeOffset);

        PushStack(size);

    };

    // clear the scope made by MakeScope

    void ClearScope() {

        int nScopeSize = PopStack()

        nScopeOffset = PopStack();

        ClearStack(nScopeSize);

    };

};
ဒီနေရာမှာ ဘာကြောင့် previous scope index နဲ့ scope size ကို stack ပေါ်မှာ သွားမှတ်ထားရသလဲ လို့မေးစရာရှိပါတယ်။ သူတို့ကို သတ်သတ် variable ထဲမှာ မှတ်ထားရင် ရတာဘဲလို့လဲ တွေးမိကောင်းတွေးမိမှာပါ။ ကျွန်တော်တို့ function ဟာ တခါခေါ်ရင် တကြိမ်ဘဲ ခေါ်မယ်ဆိုရင်တော့ ဒီလို သတ်သတ် variable ထဲသွားမှတ်ထားလို့ရပါတယ်။ ဒါပေမဲ့ function ထဲကမှ နောက် function တခုကို ထပ်ခေါ်မယ်၊ ဒါမှမဟုတ် recursion function တွေကိုခေါ်မယ်ဆိုရင် အရင် မှတ်ထားတဲ့ scope size ကိုနောက်ခေါ်တဲ့ function ရဲ့ scope size က overwrite ဖြစ်သွားပါလိမ့်မယ်။ ဒီလိုကိစ္စတွေမှာ stack ဟာ အရမ်းသင့်တော်တဲ့ data structure ဖြစ်ပါတယ်။ Stack ပေါ်မှာသွားသိမ်းတော့ overwrite မဖြစ်တော့ဘဲ၊ ဒီ function ကပြန်ထွက်လို့ ပြန် Pop လုပ်လိုက်ရင်လဲ အရင် function က scope size ကိုပြန်ရပါမယ်။

ခု၊ Program class ထဲက ရေးထားတဲ့ function တွေနဲ့ ကျွန်တော်တို့ရဲ့ op-code တွေကိုတွဲပေးဖို့ Virtual Machine ထဲက Run() function မှာအောက်ကလို သွားရေးပါအုံးမယ်။
void Run(Program& program) {    while (true)
    {

        Instruction inst = program.Next();

        switch (inst.code)

        {

        ....................

        ....................

        case OP_SCOPE:

            program.MakeScope( inst.operand[0] );

            break;

        case OP_SET_SCOPE:

            program.SetScopeAt( inst.operand[0], program.PopStack() );

            break;

        case OP_GET_SCOPE:

            program.PushStack( program.GetScopeAt( inst.operand[0] ) );

            break;

        case OP_PUT_SCOPE:

            program.SetScopeAt( inst.operand[0], inst.operand[1] );

            break;

        }

    }

}
Return Op-code ထဲမှာလဲ လက်ရှိမှတ်ထားတဲ့ scope ကို clear လုပ်ဖို့ အောက်ကလို သွားပြင်ပါအုံးမယ်။
case OP_RETURN:    Data1 = program.PopStack();
    program.SetInstruction( program.PopStack() );

    program.ClearScope();

    program.PushStack( Data1 );

    break;
program.ClearScope() ဆိုတဲ့ function ကို return address ကို Pop လုပ်ပြီးနဲ့ data1 ကို stack ပေါ်ပြန်မတင်ခင် ခေါ်ရပါမယ်။ ဒါမှ ကြားထဲက scope မှတ်ထားတဲ့ data တွေအကုန် clear လုပ်ပြီးသားဖြစ်ပြီး၊ data1 ကိုပြန်တင်တဲ့အခါ နဂိုအတိုင်းဖြစ်မှာပါ။ ပြီးရင် assembler အတွက် AssemblyCodeTable ထဲမှာ "scope", "get_scope", "set_scope" နဲ့ "put_scope" တွေအတွက် entry တွေသွားကြေငြာဖို့လဲ မမေ့ပါနဲ့။ ဒါမှ Assembler ကအသစ်ထဲ့ထားတဲ့ Op-code တွေကို compile လုပ်နိုင်မှာ မဟုတ်လား။

ဒါဆိုကျွန်တော်တို့ရဲ့ script လေးကို parameter သုံးပြီး ပြန်ရေးကြည့်ရအောင်ပါ၊
000 put_stack    10001 put_stack    5
002 scope        2

003 call         11

004 num

005 put_stack    45

006 put_stack    32

007 scope        2

008 call         11

009 num

010 end

// function A()

011 get_scope    0

012 get_scope    1

013 add

014 return
ဒါဆို ကျွန်တော်တို့ရဲ့ language က function ကို parameter တွေနဲ့ကောင်းကောင်း support လုပ်ပေးနိုင်တဲ့ full-flag language တခုနီးပါးဖြစ်လာပါပြီ။ Recursive function တွေလဲလက်ခံနိုင်ပါတယ်။ Recursive function အလုပ်၊ လုပ်မလုပ် testing စမ်းကြည့်ရအောင်။ Recursion အတွက် နာမည်ကြီးတွက်နည်း factorial ကိုတွက်ကြည့်ရအောင်။ C နဲ့ဆို အောက်ကလို့ coding ဖြစ်မှာပေါ့။
int factorial (int num) {    if (num==1)
        return 1;

    return factorial(num-1) * num;

}
ကျွန်တော်တို့ language မှာရေးကြည့်ပါမယ်၊
// call function factorial (address 00) with parameter value 8000 put_stack    8
001 scope        1

002 call         5

003 num

004 end

// function factorial()

// if (num==1) return 1

005 get_scope    0

006 put_stack    1

007 equal

008 ifn_goto     11

009 put_stack    1

010 return

// do (num-1)

011 get_scope    0

012 put_stack    1

013 subtract

// call factorial(num-1)

014 scope        1

015 call         5

// return factorial() * num

016 get_scope    0

017 multiply

018 return
 
Posted by Myint Kyaw Thu 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

အထွေးထွေးနည်းပညာများ