Pages

Friday, 7 September 2012

computer language ကိုယ်ပိုင်တီထွင်ခြင်း +4


Implementing Assembler

ဒီ tutorial မှာ assembly ဆိုပြီး တချိန်လုံးသုံးနေပေမဲ့ ကျွန်တော်တို့ ခုရေးနေတဲ့ push stack တို့ pop stack တို့ဆိုတာ machine codes တွေလို့ပြောရင် ရပါတယ်။ ဟုတ်တယ်လေ၊ သူတို့က enum နဲ့ကြေညာထား တဲ့ number တွေမဟုတ်လား။ ဒါက ကျွန်တော်တို့ Virtual Machine အတွက် machine code တွေပေါ့။ ခုလောက်ဆို machine codes တွေကို manually ထည့်ပေးနေရတာ စိတ်ညစ်ရောပေါ့ :) ဟုတ်တယ်လေ။ အနဲဆုံး "MyProgram.Add(Instruction(..." ဆိုတာကို instruction တိုင်းမှာထည့်ပေးနေရတယ်။
ဒီတော့ instruction တွေကို text file ထဲမှာရေး။ ပြီးမှ file ထဲကနေလှမ်းဖတ်လို့ ရတော့ရပါတယ်။ ဒါပေမဲ့ Op-code တွေကို number တွေအနေနဲ့ file ထဲမှာ ရေးရပါလိမ့်မယ် (OpCode ကို enum အဖြစ်ကြေညာ ထားတယ်လေ၊ enum ဆိုတာ တကယ်တော့ integer data type ပါဘဲ)။ ဒီတော့ရေးရတာ ပိုမခက် လာဘူးလား။

ဒီအတွက် solution ကလွယ်ပါတယ်။ File ထဲမှာ Op-code တခုချင်းဆီကို နာမည် (string) နဲ့ရေး၊ ပြီးရင် File ကိုဖတ်ပြီး ရှိပြီးသား op-code နာမည် list ထဲကနေ တိုက်စစ်၊ ပြီးရင် သူရဲ့ သက်ဆိုင်ရာ op-code number ကို replace လုပ်ပေးလိုက်ရုံပေါ့။ ဒါဆို ကိုယ်နားလယ်တဲ့ op-code ကို number မဟုတ်ဘဲ နာမည်နဲ့ရေးလို့ ရပြီလေ။ Sound familiar? ဟုတ်ပါတယ်။ ကျွန်တော်တို့ ခုပြောနေတာ Assembler အကြောင်းပါ။

ခုကျွန်တော်တို့ high-level language အတွက် compilier ကိုမရေးခင် low-level machine code တွေ ထုတ်ပေးဖို့ assembler အရင်ရေးဖို့လိုပါတယ်။ ဒါမှ compilier ထုတ်ပေးတဲ့ assembly codes တွေကို assembler က machine codes (byte-code လို့လဲခေါ်တယ်) ပြောင်းပေး၊ ရလာတဲ့ machine codes တွေ ကိုမှ ကျွန်တော်တို့ ခုရေးထားတဲ့ Virtual Machine ပေါ်တင် run လို့ရမှာလေ။ တဆင့်ချင်းဆီပေါ့ :) တခြား programming language တွေအားလုံးလဲ ဒီအစီအစဉ်အတိုင်း အလုပ်လုပ်ကြတာ သိကြမှာပါ။

ကျွန်တော်တို့ assembler ကိုမရေးခင် syntax တချို့သတ်မှတ်ထားဖို့လိုပါလိမ့်မယ်။ ဒါမှာ file ကနေ ဖတ်ရင် ဘယ်လို format နဲ့ဖတ်ရမလဲဆိုတာ သိမှာ။ (ဒီနေရာမှာ ကျွန်တော်ရေးမယ့် syntax ကိုမကြိုက်ရင် ကြိုက်တဲ့ syntax တွေသတ်မှတ်လို့ရပါတယ်။ ကိုယ်ပိုင် language ရေးနေတာဘဲ မဟုတ်ဘူးလား၊ make your own rules ပေါ့)

Instruction တွေကိုဖတ်တဲ့အခါ လိုင်းတစ်လိုင်းကို instruction တခုလို့ယူပါမယ်။ တလိုင်းမှာ line no ရယ်၊ instruction ရယ် မဖြစ်မနေပါရပါမယ်။ နောက်ပြီးရင် operand တခု (သို့) နှစ်ခု ပါကောင်းပါနိုင်ပါတယ်။ မပါရင်လဲ operand တွေကို zero အဖြစ်ယူဆပါမယ်။ Line no ထဲ့ရတာကတော့ နောက်ကိုယ်ပြန်ကြည့် ချင်လဲ လွယ်အောင် number တပ်ထားတာ ဖြစ်ပါတယ်။ ဒီနေရာမှာ မတပ်လဲရပါတယ်။ အဲဒါတွေကြားထဲ မှာ space (သို့) tab တခု (ဒါမှမဟုတ်) တခုထက်ပို ခံထားရပါတယ်။ ဘယ်နေရာမှာ မဆို // (သို့) ; ဆိုတာရဲ့နောက်ကနေ အောက်တလိုင်းအထိကို comment အဖြစ်သတ်မှတ်ပါမယ် (Assembler ကကျော်ဖတ်မှာကို ပြောတာပါ)။ ဒါဆို အောက်က ပုံစံက ကျွန်တော်တို့ assembler ရဲ့ syntax ပေါ့၊
001 OP_CODE    <operand1> <operand2> // comment
ကျွန်တော်တို့ခု Assembler စရေးပါမယ်။ Assembler အတွက်လုပ်ဆောင်ရမဲ့ အဆင့် ၄ ဆင့်ရှိပါတယ်။ အဲဒါ တွေကတော့၊

၁) assembly file ထဲက စာတွေကို တလိုင်းချင်းစီ ခွဲထုတ်ပြီး ဖတ်ပါမယ်။
၂) ဖတ်လို့ရလာတဲ့ line ထဲက စာတွေကို token တခုချင်းစီခွဲထုတ်ပါတယ်။ ဆိုလိုတာက line number, op-code, operand စသည်ဖြင့် တခုချင်းစီ ခွဲထုတ်ပါမယ်။
၃) ရလာတဲ့ token တခုချင်းစီက string တွေဖြစ်နေပါတယ်။ သူတို့ကို သက်ဆိုင်ရာ op-code ဒါမှာမဟုတ် number တွေပြောင်းပေး (parse လုပ်ပေး) ရပါမယ်။
၎) ရလာတဲ့ op-code နဲ့ operands တွေကိုသုံးပြီး ကျွန်တော်တို့ရဲ့ Program object ကိုဆောက်ပါမယ်။

ကဲ ကျွန်တော်တို့ရဲ့ assembler ကိုရေးဖို့ အပေါ်က အဆင့်တွေ တခုချင်းစီ implement လုပ်ယူ ရပါ မယ်။ ရေးကြည့်ရအောင်။

၁) assembly file ထဲက စာတွေကို တလိုင်းချင်းစီ ခွဲထုတ်ပြီးဖတ်ဖို့အတွက် AssemblyFile ဆိုတဲ့ class တခုဆောက်လိုက်ပါ။ သူ့တာဝန်ကတော့ CRT (Common Runtime) ထဲက FILE stream ကိုသုံးပြီး assembly file ကို တလိုင်းချင်းစီ ဖတ်ဖို့ဖြစ်ပါတယ်။
class AssemblyFile {public:    FILE* f;
    AssemblyFile(char* file) {

        f = fopen(file, "rt");

    }

    ~AssemblyFile() {

        fclose(f);

    }

};
AssemblyFile ရဲ့ constructor ထဲမှာ fopen() ကိုသုံးပြီး file ကိုဖွင့်ထားပါတယ်။ Parameter တွေကတော့ ကိုယ်ဖွင့်မဲ့ file ရဲ့လမ်းကြောင်းရယ်၊ "rt" ရယ်ပေးထားပါတယ်။ "r" ဆိုတာ file ကို read ဘဲလုပ်မယ်၊ write မလုပ်ဖူးလို့ပြောတာပါ။ "t" ဆိုတာ file ကို text mode မှာဖွင့်မယ်လို့ပြောထားတာပါ။ Destructor ထဲမှာတော့ file ကို close လုပ်ထားပါတယ်။

File ကိုဖွင့်ပြီးသွားရင် file ထဲကစာတွေကို တလိုင်းချင်းစီဖတ်ကြည့်ရအောင်၊
class AssemblyFile {    ..........    ..........
    bool ReadLine(char* line) {

        // if we reach end of file, return false to signal the reading

        // processing to quit

        if (feof(f))

            return false;



        int i = 0;

        while ( !feof(f) ) {

            fread(&line[i], 1, 1, f);

            // read up to end of line or up to comments

            // this skip comments

            if (line[i] == '\n' || line[i] == '\r')

                break;

            i++;

        }

        // terminate the string by null character

        line[i] = 0;



        return true;

    }

};
ပထမ ကျွန်တော်တို့ သေချာအောင် file က end of file (အဆုံး) ရောက်နေလား စစ်ကြည့်ပါတယ်။ တကယ်လို့ file အဆုံးရောက်နေရင် compile လုပ်နေတဲ့ process အဆုံးသတ်လို့ရအောင် function ကနေ false ပြန်ပေးပါမယ်။

ပြီးရင် file ထဲက စာတလုံးချင်းစီကို line ဆိုတဲ့ variable ထဲထည့်ပါမယ်။ တကယ်လို့ ဖတ်တဲ့ character က end of line character ဖြစ်တဲ့ '\n' နဲ့ '\r' ဖြစ်နေရင် လက်ရှိဖတ်နေတာကို ရပ်လိုက်ပါမယ်။ ဒါဆို ကျွန်တော် တို့ တလိုင်းချင်းစီဖတ်တဲ့ AssemblyFile class ကိုရေးလို့ပြီးသွားပါပြီ။

၂) ပြီးရင် ဖတ်လို့ရလာတဲ့ line ထဲက စာတွေကို token တခုချင်းစီခွဲထုတ်ပါမယ်။ ဒီအတွက် Tokenizer ဆိုတဲ့ class တခုဆောက်လိုက်ပါ။ သူ့ constructor ထဲမှာ ပေးထားတဲ့ line ကို token တခုချင်း စီခွဲထုတ်ပါ မယ်။ ဒီအတွက် strtok() ဆိုတဲ့ function ကိုယူသုံးပါမယ်။ သူက ပေးထားတဲ့ delimiter တွေအတိုင်း string ကို tokenize လုပ်ပေးပါလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော်တို့ရဲ့ delimiter က space နဲ့ tab ပါ။ ကဲရေးကြည့်ပါမယ်။
class Tokenizer {public:    vector<char*>    tokens;


    Tokenizer(char* line) {

        const char* DELIMITER = " \t";

        char* tok = strtok(line, DELIMITER);

        while (tok != NULL) {

            if (tok[0] == '/' || tok[0] == ';')

                break;



            tokens.push_back(strdup(tok));

            tok = strtok(NULL, DELIMITER);

        };

    }

};
strtok () function ကရလာတဲ့ string (token) တခုချင်းစီကို tokens ဆိုတဲ့ list ထဲမှာ သိမ်းထားပါမယ်။ ဒီနေရာမှာ token ထဲမှာ comment character တွေလို့ယူဆမဲ့ // နဲ့ ; ကိုတွေ့ရင်လဲ ရပ်လိုက်ပါမယ်။ ဒါဆို comment တွေကို skip လုပ်ပြီးသွားဖြစ်သွားပါမယ်။

သိမ်းထားတဲ့ token တွေကို process လုပ်ပြီးရင် ပြန် delete လုပ်ဖို့လိုပါလိမ့်မယ်။ ဒါကြောင့် destructor ထဲမှာ tokens list ကိုအောက်ကလို delete လုပ်လိုက်ပါမယ်။
class Tokenizer {    ..................    ..................
    ~Tokenizer() {

        while (!tokens.empty()) {

            delete[] tokens.back();

            tokens.pop_back();

        }

    }

};
ဒါဆို ခုကျွန်တော်တို့ tokenization လုပ်တဲ့အထိပြီးသွားပါပြီ။ ရလာတဲ့ token တွေကို parse လုပ်ဖို့ဘဲ ကျန်ပါတော့တယ်။

၃) ရလာတဲ့ Token string တွေကို ကိုယ်လိုချင်တဲ့ op-code ရဖို့အတွက် map လုပ်ပေးရပါမယ်။ ဒီအတွက် map လုပ်မဲ့ table တခုတော့လိုပါမယ်။ အဲဒီ table မှာ column တခုက map လုပ်မဲ့ op-code ဖြစ်ပြီး နောက်တခုက သူနဲ့သက်ဆိုင်တဲ့ string ID။ ဒီလို table မျိုးကို အောက်ကလို ဆောက်လိုက်ပါ။
struct AssemblyCodeTableEntry {    int    code;    char    id[256];
};



const int ASM_ENTRY_COUNT = 16;



static const AssemblyCodeTableEntry AssemblyCodeTable[ASM_ENTRY_COUNT] = {

    {    OP_TALK,         "talk"            },

    {    OP_NUM,          "num"             },

    {    OP_PUT_MEM,      "put_mem"         },

    {    OP_PUSH_STACK,   "push_stack"      },

    {    OP_POP_STACK,    "pop_stack"       },

    {    OP_GET_STACK,    "get_stack"       },

    {    OP_PUT_STACK,    "put_stack"       },

    {    OP_SET_STACK,    "set_stack"       },

    {    OP_CLEAR_STACK,  "clear_stack"     },

    {    OP_ADD_STACK,    "add_stack"       },

    {    OP_ADD,          "add"             },

    {    OP_SUBTRACT,     "subtract"        },

    {    OP_MULTIPLY,     "multiply"        },

    {    OP_DIVIDE,       "divide"          },

    {    OP_MODULUS,      "modulus"         },        



    {    OP_END,          "end"             }

};
ဒီနေရာမှာ Op-code အသစ်တခုထည့်တိုင်း ဒီ table မှာ entry အသစ်ထပ်ပြီး ထည့်ပေးရပါလိမ့်မယ်။ ဒါမှ Assembler ကအသစ်ထည့်တဲ့ op-code ကို compile လုပ်နိုင်မှာပါ။ ဒါဆိုခု ကျွန်တော်တို့ဆီမှာ parse လုပ်မဲ့ table လဲရှိပြီဆိုတော့ Parser class ရေးဖို့ဘဲကျန်ပါတော့တယ်။ ဒီတော့ အောက်ကလို Parser class ကိုရေးလိုက်ပါ။
class Parser {public:    Tokenizer*    tokenizer;
    int        index;

    Parser(Tokenizer* tok) : tokenizer(tok), index(0) {

    };



    int next() {

        // parse and retrieve next token

        if (index >= tokenizer->tokens.size())

            return 0;

        return parse(tokenizer->tokens[index++]);

    };



    int parse(char* data) {

        int i;

        // find parsed string in assembly code table

        for (i = 0; i < ASM_ENTRY_COUNT; i++) {

            if (strcmp(AssemblyCodeTable[i].id, data) == 0)

                return AssemblyCodeTable[i].code;

        }

        // no found. Simply return integer version of the string

        return atoi(data);

    };

};
ကျွန်တော်တို့ဆီမှာ Assembly Code Table ရှိနေတဲ့အတွက် Parser ရေးရတာ လွယ်သွားပါတယ်။ သူ့မှာပါတဲ့ parse() ဆိုတဲ့ function ထဲမှာ Assembly Code Table ထဲက ID string နဲ့တိုက်စစ်ပြီး သက်ဆိုင် ရာ op-code ကို return ပြန်လိုက်ရုံပါဘဲ။ ဒီနေရာမှာ strcmp() ဆိုတဲ့ function သုံးထား တဲ့အ တွက် ကျွန်တော်တို့ assembly code က case sensitive ဖြစ်ပါတယ်။ Case sensitive မဖြစ်စေချင်ရင် stricmp() function ကိုပြောင်းသုံးလို့လဲရပါတယ်။

Parser class က Tokenizer ကို input အဖြစ်လက်ခံပြီး next() ဆိုတဲ့ function ကနေ parsed လုပ်ထားတဲ့ code ကို return ပြန်ပါလိမ့်မယ်။ Default အဖြစ် (parsed လုပ်စရာ token မကျန်တော့ရင်) zero ကို return ပါတယ်။ ဒီတော့ ကျွန်တော်တို့ assembly code ထဲမှာ operand တွေမပေးရင် default operand ကို 0 လို့ယူဆပါလိမ့်မယ်။

၎) ကဲ ခုတဆင့်ချင်းဆီရေးလာတာ နောက်ဆုံးအဆင့်အဖြစ် ရှေ့ကရေးလာတဲ့ class တွေသုံးပြီး Assembler ဆိုတဲ့ class ကိုရေးရပါတော့မယ်။ ရေးကြည့်ရအောင်၊
class Assembler {public:    void compile(char* file, Program& p) {
        AssemblyFile f(file);

        char codeLine[1024];



        while (f.ReadLine(codeLine)) {

            if (codeLine[0] == 0)

                continue;



            Tokenizer tok(codeLine);

            if (tok.tokens.empty())

                continue;

            Parser parser(&tok);



            int codeLine = parser.next();

            OpCode code = (OpCode)parser.next();

            int operand1 = parser.next();

            int operand2 = parser.next();



            p.Add(Instruction(code, operand1, operand2));

        }

    };

};
Assembler class မှာ compile ဆိုတဲ့ function တခုဘဲပါပါတယ်။ ဒီအတွက် Assembler class ကို utility class လုပ်လိုက်လဲရပါတယ်။ Compile ဆိုတဲ့ function ထဲမှာ ပထမ ပေးထားတဲ့ file လမ်းကြောင်းနဲ့ AssemblyFile object ဆောက်လိုက်ပါတယ်။

ပြီးရင် တလိုင်းချင်းစီ ဖတ်ပါတယ်။ တကယ်လို့ f.ReadLine(codeLine) က false လို့ return ပြန်ရင် (end of file ရောက်သွားရင်) ထွက်လိုက်ပါမယ်။ ရထားတဲ့ လိုင်းကို Tokenizer object သုံးပြီး tokenize လုပ်ခိုင်း ပါတယ်။ တကယ်လို Tokenizer ထဲမှာ ဘာမှမရှိရင် empty line တခုဖြစ်ပါလိမ့်မယ်။ ဒီတော့ အဲဒါကို skip လုပ်လိုက်ပါတယ်။

ပြီးရင် Parser ထဲကို Tokenizer ပေးပြီး parse လုပ်ခိုင်းပါတယ်။ ရလာတဲ့ parsed code တွေကို line number၊ Op-code နဲ့ Operand တွေကို သတ်သတ်စီခွဲပြီး Program object ထဲသိမ်းပေးလိုက်ပါတယ်။ ဒါဆို ကျွန်တော်တို့ရဲ့ Assembler လုပ်တဲ့ လုပ်ငန်းက ပြီးသွားပါပြီ။ ကဲ main() ထဲမှာသွားပြီး testing လုပ်ကြည့်ရအောင်၊
void main() {    Program MyProgram;
    Assembler a;

    a.compile("test.asm", MyProgram);



    vm.Run(MyProgram);

};
ဒီနေရာမှာ "test.asm" ဆိုတဲ့ assembly file ရေးဖို့လိုပါတယ်။ အရင် chapter က distance တွက်တဲ့ equation ကိုဘဲ Assembly language သုံးပြီးရေးကြည့်ရအောင်ပါ။ Assembly code ထဲမှာ comment တွေပါထဲ့ရေးပြီး အလုပ် လုပ်မလုပ်စစ်ကြည့်ရအောင်ပါ။

"test.asm" ထဲမှာ အောက်ကလို သွားရေးပါမယ်။
// calculate: displacement = initial velocity * time + ½ acceleration * time2// initialize data first "time" variable. 
Address: 0x0000, value: 200000 put_mem       0    200
// "acceleration" variable. Address: 0x0004, value: 2

001 put_mem     4       2

// "initial velocity" variable. Address: 0x0008, value: 35

002 put_mem     8     35



// calculate time * time

003 push_stack    0        

004 push_stack    0

005 multiply         



// calculate (acceleration * time2) / 2

006 push_stack    4        

007 multiply

008 push_stack    2

009 divide



// calculate (initial velocity * time)

010 push_stack    4        

011 push_stack    0

012 multiply



// calculate (initial velocity * time) +

// (acceleration * time2) / 2

013 add



// save to "displacement" variable. Address: 0x000C

014 pop_stack    12    



// print the displacement value on screen

015 push_stack    12

016 num    



017 end
ပြီးရင် Program ကို run ကြည့်ပါအုံး။ အောက်ကလို output ရပါမယ်။

Current Number: 400
Press any key to continue . . .

အရင် chapter ကတွက်တဲ့ အဖြေနဲ့ တူမတူ တိုက်စစ်ကြည့်ပါအုံး။ ဒါဆို ခုကျွန်တော်တို့ဆီမှာ Assembly ရှိနေပြီ ဖြစ်တဲ့အတွက် နောက်လာမဲ့ chapter တွေမှာ assembly ဘဲသုံးပြီး code တွေ testing လုပ်ပါတော့ မယ်။ ဒီအတွက် main() ထဲမှာ codes တွေကို Program object ထဲ manually သွားထည့်ပေးစရာမလိုဘဲ "test.asm" ဆိုတဲ့ text file ထဲမှာဘဲသွားရေးစရာ လိုပါတော့တယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

အထွေးထွေးနည်းပညာများ