Pages

Saturday 8 September 2012

အီလက်ထရောနစ် အခြေခံအပိုင်း ( ၁ )

Resistor

          Resistor သည် လျှပ်စီးပတ်လမ်း ၌ လျှပ်စီးကြောင်း စီးဆင်းမှုကို လိုအပ်သလိုရရှိနိုင်ရန်
အတွက် ထိန်းချုပ်ခုခံပေးသော ပစ္စည်းတစ်မျိုးဖြစ်ပါသည်။Resistor ၏ယူနစ်ကို အုမ်း(Ohm)၊ ကီလိုအုမ်း (Kilo-Ohm)၊ မက်ကာအုမ်း (Meg-Ohm ) တို့ဖြင့် ဖော်ပြပေးပါသည်။Resistor ကို အရောင်းများနှင့် ရစ်ပတ်ထားပြီး အရောင်များကို ရောင်စဉ်အလိုက်တန်းဖိုး သတ်မှတ်ထားပါသည်။
          အရောင်များမှာ - နက်၊ညို၊နီ၊မော်၊၀ါ၊စိမ်း၊ပြာ၊ရမ်း၊ခိုး၊ဖြူ၊ အစဉ်အတိုင်းဖော်ပြပါသည်။
ရွှေရောင်ကို ဒသမတစ်လုံး (0.1) ဖြတ်ပြီး၊ ငွေရောင်ကို ဒသမနှစ်လုံး (0.01) ဖြတ်ရပါသည်။
ပထမအရောင်၏    တန်ဖိုးကိုကိန်းကဏန်းယူရပါမည်။  (နံပါတ် 0 မှ 9 အထိ)
ဒုတိယအရောင်၏  တန်ဖိုးကိုကိန်းကဏန်းယူရပါမည်။   (နံပါတ် 0 မှ 9 အထိ)
တတိယအရောင်၏ တန်ဖိုးကိုကိန်းကဏန်းကိုယ်စား သုညအရေအတွက်ယူရပါသည်။
(ဥပမာ - တတိယအရောင် “ အနီ” ဖြစ်ခဲ့လျှင် အနီရောင်သည် “2” ၏ကိုယ်စား “00” သုညနှစ်လုံး ယူရပါမည်။) 
          အရောင်ငါးရောင်ပါသော Resistor များကို ပထမရစ်၊ဒုတိယရစ်။တတိယရစ်နှင့်စတုတ္ထအရစ် ဟုခ်ါပြီး ရွှေရောင်ဖြစ်စေ၊ ငွေရောင်ဖြစ်စေ တွေမြင့်ရသည့်အပိုင်းကို Resistor ဖင်းပိုင်းဟု ခေါ်ပါသည်။
Resistor သင်္ကေတ
          



Condenser or Cepacitor

          ကွန်ဒင်ဆာ (သို့) ကက်ပက်စီတာသည် လျှပ်စစ်ကိုသို့လှောင်ပေးသော ပစ္စည်းတစ်မျိုးဖြစ်ပါသည်။
          ကွန်ဒင်ဆာ၏ တန်ဖိုးကို ကိုယ်ထည်ပေါ်တွင် ရိုက်နှိပ်ထားပါသည်။
ကွန်ဒင်ဆာ၏တန်ဖိုးကို မိုက်ကခရိုဖဖ်ရ် (ųf)၊ ပိကိုဖဖ်ရ် (pf) ဖြင့်သတ်မှတ်ထားပါသည်။
ကွန်ဒင်ဆာကို ဆားကစ်ပတ်လမ်းတွင် အပေါင်း၊ အနုတ်မမှားအောင် တပ်ဆင်ပေးရပါသည်။ မှားပြီးတပ်ဆင်လျှင် ပေါက်ကွဲသွားနိုင်ပါသည်။

Diode

         
          Diode သည် Direction တစ်ဖက်တည်းကိုရွေးလျားသောပစ္စည်းတစ်မျိုးဖြစ်ပါသည်။
Diode ၏တန်းဖိုးကို အမ်ပီယာ (A) ဖြင့်သက်မှတ်ပါသည်။
Diode တွင် ငုတ်နှစ်ခုပါဝင်၍ ကက်သုတ် Cathode (K) နှင့် အဲလ်နုတ် Anode (A) တို့ဖြစ်ပါသည်။


Transistor

ထရန်စစ္စတာဆိုသည်မှာ  လျှပ်စီးကြောင်းကို ချဲ့ပေးနိုင်သကဲ့သို့ ၊ ဗို့အားကိုလည်း ချဲ့ပေးနိုင်သည့် ပစ္စည်းတစ်မျိုးဖြစ်ပါသည်။ ထရန်စစ္စတာကို အိအေတာ Emittter (E)၊ ကော်လိပ်တာ Collector (C)နှင့် ဘေ့စ် Base (B)ဆိုပြီး ငုတ်သုံးခုပါဝင်ပါသည်။


P.N.P Transistor

P.N.P Transistor  သည် Positive-Negative-Positive ကို အတိုကောင်ခေါ်ဆိုသည့်အမည် ဖြစ်ပါသည်။
          P.N.P Transistor  ကို P Type အမျိုးအစားဟုသတ်မှတ်ပါသည်။
P.N.P Transistor ၏ Collector (C) ကို Negative ( အနုတ်)ဖြင့်ဆက်သွယ်ပေးရပြီး Emitter (E) ကိုPositive (အပေါင်း)ဖြင့်ဆက်သွယ်ပေးရပါသည်။

  N.P.N Transisitor

          N.P.N Transistor  သည် Negative-Positive- Negative ကို အတိုကောင်ခေါ်ဆို သည့်အမည် ဖြစ်ပါသည်။
          N.P.N Transistor  ကို N Type အမျိုးအစားဟုသတ်မှတ်ပါသည်။
N.P.N Transistor ၏ Collector (C) ကို Positive ( အပေါင်း)ဖြင့်ဆက်သွယ်ပေးရပြီး Emitter (E) ကNegative (အနုတ်)ဖြင့်ဆက်သွယ်ပေးရပါသည်။


IC (Integrated Circuit )
Ic ကို Resistor ၊ Transistor ၊ Diode ၊ Condenser တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော ပစ္စည်း တစ်မျိုးဖြစ်ပါသည်။
ပို့စ်ရေးသားသူ - မျိုးကိုဝင်း

1 comment:

  1. ယခုပို့ စ်သည် အီလက်ထရောနစ်ကို စတင်လေ့ လာနေသော ကျွန်တော်တို့  လို့ ပညာသင်များအတွက် များစွာအထောက်အကူပြုပါသည်။ ထို့ ကြောင့် ဆက်လက်ရေးသားမှု့ ကို စောင့်မျှော်လျှက်ပါ။ အထူးကျေးဇူး တင်ပါသည်။

    ReplyDelete

Related Posts Plugin for WordPress, Blogger...

အထွေးထွေးနည်းပညာများ