Pages

Wednesday, 15 August 2012

Windows Registry Hacking များ -1



Windows 7 မှာ Aero ကို Enable လုပ်ဖို့ Registry Hack
Vista Aero Glass Transparency Effect အကြောင်းကို အားလုံးလည်း သိကြမှာပါ။ အဲဒီ Effect ကို Windows 7 မှာလည်း သုံးလို့ရနေအောင် အောက်ပါအဆင့်တွေအတိုင်းလုပ်ရပါတယ်။
အဆင့် ၁ : Start menu ပေါ်မှ Run ထဲမှာ regedit လို့ရိုက်ပြီး Enter ခေါက်ပါ။
အဆင့် ၂ : အောက်ပါ registry key ကိုသွားပါ...

HKEY_CURRENT_USER\Software\Microsoft\Windows\DWM
အဆင့် ၃ : ညာဘက်က details pane ထဲမှာ right click လုပ် new ထဲကိုသွားပြီး DWORD(32-bit value) ကို ဖန်တီးလိုက်ပါ။ UseMachineCheck လို့ နာမည်ပေးလိုက်ပြီးတော့ value ကို 0 ထားလိုက်ပါ။
အဆင့် ၄ : Regedit ကိုပိတ်လိုက်ပါ။ ပြီးရင် Start>run>CMD ထဲမှာ အောက်ပါ command များကို ရိုက်ပါ...

Net Stop uxsms
Net Start uxsms

အပေါ်က command တွေအတိုင်း Desktop Windows Session Manager ဟာ ရပ်သွားပြီး ပြန်စပါလိမ့်မယ်။
အဆင့် ၅ : ဒီအဆင့်မှာတော့ Aero ကို Enable လုပ်ဖို့အတွက် desktop ပေါ်မှာ right click > Personalize>Windows Colors ။

CPU time ကို သက်သာစေခြင်
ယေဘူယျအားဖြင့် computer များမှာ program ပေါင်းမြောက်မြားစွာရှိကြပြီး အဲဒီ program တွေဟာ processor ကို တကြိမ်တကြိမ်သာ အသုံးပြုကြရပါတယ်။ Windows က program အသီးသီးကို နောက်တစ်ခုသို့ မရွှေ့ပြောင်းခင်မှာ CPU time ( a quantum) အပိုင်းအခြား နဲ့ ခွင့်ပြုပါတယ်။ ၄င်းက PC ကို မြန်မြန်ဆန်ဆန် တုန့်ပြန့်ဖို့ ခွင်ပြုထားသော်လည်း တခါတရမှာတော့ application တစ်ခုကနေ အခြားတစ်ခုကို switch လုပ်တဲ့အချိန်ဟာ တော်တော်လေးကြာနေတတ်ပါတယ်။ အဲဒီလိုများဖြစ်ခဲ့ရင် CPU timeကို ရှောင်ရှားဖို့အတွက်....
HKLM\SYSTEM\CurrentContorl Set\Control\PriorityControl ကိုသွားပြီး Win32PrioritySeparation ကိုဖွင့်လိုက်ပါ။ ပြီးရင် value ကို 16 (hex) ပြောင်းပါ။
ဒီလိုလုပ်ရတာကတော့ system ရဲ့ quantum ကို ပိုကြာအောင်ဖြစ်ပါတယ်။ ဆိုလိုတာကတော့ programs တစ်ခု နဲ့ တစ်ခု အကြားမှာ switch လုပ်ရတာနည်းအောင်လို့ဖြစ်ပါတယ်။ ဒါကြောင့် အချိန်ကုန်တာကိုလည်း သက်သာစေပါတယ်။ အချို့ programs တွေဟာ အကြာကြီး ထိတွေ့ခွင့်ရပါတယ်။ games (သို့) video ပြန်ဖွင့်တဲ့အခါမှာ ချောမွေ့တာကို သတိထားမိပါလိမ့်မယ်။ အကယ်၍များ ပြဿနာတစ်စုံတစ်ရာဖြစ်ခဲ့ရင်တော့ Win32Separation ရဲ့ Value ကို မူလအတိုင်းပြန်ထည့်ပေးဖို့လိုပါတယ်။

file များ Encode ပြုလုပ်ခြင်းမှာ
အချို့ Windows version များကတော့ encode file များကို ခွင့်ပြုပါတယ်။ ဒါပေမယ့် process တွေကတော့ အရမ်းကိုကြာနေတတ်ပါတယ်။ ဒါကြောင့်...
အဆင့် ၁ : HKLM\SOFTWARE\Microsoft\Windows\CurrentVersion\Explorer\Advanced ကိုသွားပါ။
အဆင့် ၂ : DWORD တစ်ခုအသစ်ဖန်တီးပြီး EncryptionContextMenu နာမည်ပေးလိုက်ပါ။ Value ကတော့ 1 ဖြစ်ပါတယ်။ဒါတွေပြီးရင်တော့ file တစ်ခုကို right-click လုပ်ပြီး Encypt ကို select လုပ်လိုက်ပါပြီ။

လုံခြုံရေးတိုးတက်ကောင်းမွန်လာစေရန်
သင့်ရဲ့ computer ဟာ ဘယ်လောက်လုံခြုံမှုရှိပါသလဲ။ သင်ဟာ သင့်ရဲ့ PC ကို log on လုပ်ပြီးပြီးဆိုရင် လုံခြုံမှုကျိုးပြတ်သွားပါပြီ။ ဒီကိစ္စရပ်မှာဆိုလိုတာကတော့ သင့်ရဲ့ သူငယ်ချင်းတွေဟာ သင်မသိတဲ့ အချိန် မသိအောင် data တွေကို သူတို့ရဲ့ USB flash drive ထဲကို ကူးထည့်သွားနိုင်ပါတယ်။ ကဲဘယ်လိုလုပ်မလဲ..ဒီ hacking ကတော့ အရေးကြီးတဲ့ data တွေကို စပ်စုတဲ့ သူတွေရဲ့ ရန်ကရှောင်ရှားနိုင်အောင်ဖြစ်ပါတယ်။
အဆင့် ၁ : HKLM\SYSTEM\Current ControlSet\Control\StorageDevice Policies ကိုသွားပါ။
အဆင့် ၂ : DWORD တစ်ခုဖန်တီးပြီး WirteProtect လို့နာမည်ပေး value ကို 1 ထားလိုက်ပါ။
ဒါတွေပြီး ပြီ ဆိုရင်တော့ USB drive တွေကို သင် read လို့ပဲရပါမယ်။ သူတို့ထဲကို write လို့တော့ မရတော့ပါဘူး။

10 Windows Security Registry Hacks v1.0
ဒီ 10 windows security registry hacks utility ကတော့ သင့်ရဲ့ system registry ( ဆိုလိုတာကတော့ Restrict Anonymous Access) မှာရှိတဲ့ အခြေခံ security ၁၀ ခုကို ပြောင်းလဲဖို့ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် Windows 2K/03 server (သို့) Windows XP ရဲ့ Security ဟာတိုးတက်ကောင်းမွန်လာပြီး မြန်မြန် ဆန်ဆန် အလုပ်လုပ်ပါလိမ့်မယ်။
 
Live Messengerတွေ အများကြီးဖွင့်နိုင်စေရန်
default Windows Live Messenger မှာ တစ်ကြိမ်မှာ အကောင့် တစ်ခုထဲပဲဖွင့်လို့ရပါတယ်။ နောက်ထပ် accout တစ်ခုကိုဖွင့်ချင်ရင် မရတော့ပါဘူး...။ Windows Live Messenger ကို အများကြီးပွားလို့ရအောင်...
အဆင့် ၁ : HKLM\Software\Microsoft\Windows Live\Messenger
အဆင့် ၂ : DWORD တစ်ခုပြုလုပ်လိုက်ပြီး Multiple Instances လို့နာမည်ပေး ပြီးရင် value ကို 1 ထားလိုက်ပါ။restore ပြန်လုပ်ချင်တယ်ဆိုရင်တော့ value ကို delete လုပ်လိုက်ပါ။

Vista မှာ UAC ကို Disable လုပ်ဖို့
တစ်ခါတရံမှာ Vista ရဲ့ User Access Control dialog box ဟာ တော်တော်စိတ်ညစ်စရာကောင်းပါတယ်။ အကယ်၍သင့် အလုပ်ဟာ security အများကြီးမလိုဘူးဆိုရင် အဲဒီကို ထွက်မလာအောင် လုပ်လို့ရပါတယ်။ ဒီ hacking အတိုင်းလုပ်လို့ရပါတယ်....
အဆင့် ၁ : HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\System
အဆင့် ၂ : ConsentPromptBehaviorAdmin ဆိုတဲ့ key ကိုရှာပါ။
အဆင့် ၃ : DWORD entry ကို ၀၀၀၀၀၀၀၀ သို့ပြောင်းလိုက်ပါ။
ဒါပြီးရင်တော့ UAC ပေါ်လာမှာမဟုတ်တော့ပါဘူး။

Vista မှာ hard drive ကို မြန်မြန် access လုပ်အောင်
တခါတရံမှာ overload ဖြစ်ပြီး သင့်ရဲ့ hard drive ကို access လုပ်တဲ့ အချိန်ဟာကြာနေတတ်ပါတယ်။ တကယ်လို့ သင့်ရဲ့ hard drives ကိုမြန်မြန်ဆန်ဆန် access လုပ်စေချင်တယ်ဆိုရင်...
အဆင့် ၁ : HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\FileSystem
အဆင့် ၂ : NtfsDisable8dot3NameCreation ဆိုတဲ့ DWORD ကိုလိုက်ရှာပြီး value ကို 1 ပြောင်းလိုက်ပါ။

Animation များကို Shift key နဲ့ ဖြေးဖြေးချင်းကြည့်နိုင်အောင်
Animation များကိုကြည့်ရတာ နှစ်သက်သူများအတွက်ဖြစ်ပါတယ်။ Animation များကို တစိမ့်စိမ့်ခံစားချင်သူများအတွက် ဒီ hack က အကူအညီပေးပါလိမ့်မယ် ...Windows Vista အတွက်ပါ...
အဆင့် ၁ : HKEY_CURRENT_USER\Software\Microsoft\Windows\DWM ကိုသွားပါ။
အဆင့် ၂ : DWORD ကို AnimationsShiftKey လို့ပြောင်းလိုက်ပါ။ value ကတော့ 1 ဖြစ်ပါတယ်။
အခုဆိုရင်တော့ Shift key ကို ကိုင်ပြီး Vista animation များကို ဖြေးဖြေးချင်းကြည့်လို့ရပါပြီ။

default installation folder ပြောင်းလဲခြင်း
သင့်ရဲ့ default installation များအားလုံးဟာ Program Files Folder ထဲကို အကုန်ရောက်သွားကြပါတယ်။ တကယ်လို့များ သင့်ရဲ့ Program Files ထဲမှာ files တွေအရမ်းများနေလို့ အခြား default installation လမ်းကြောင်းတစ်ခုကို အခြား folder တစ်ခုထဲကို ပြောင်းပေးချင်တယ်ဆိုရင် ....
အဆင့် ၁ : HKLM\SOFTWARE\Microsoft\Windows\CurrentVersion ကိုသွားပါ။
အဆင့် ၂ : PogramFilesDir နေရာ သင်ကြိုက်တဲ့ folder name တစ်ခုသို့ ပြောင်းလိုက်ပြီး reboot လုပ်ပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

အထွေးထွေးနည်းပညာများ