Pages

Thursday, 30 August 2012

Error Checkig and Correction... Memory ???



ECC ဆိုတာဘာကောင်ကြီးလဲ..ငါကဘာဖြစ်လို့ဒီကောင်ကြီးကိုလိုရမှာလဲ......စဉ်းစားနေတယ်...စဉ်းစားနေတယ်... သူစဉ်းစားနေ တယ်....သိပ်မစဉ်းစားပါနဲ့။ ခေါင်းတွေဖြူကုန်အောင်... ဒီမှာပြောပြမှာပေါ့.အရင်ဆုံး ECC ကဘာရဲ့အတိုကောက်လည်းဆို တာပြောပြ မယ်။
ECC ရဲ့အရှည်က "Error Checkig and Correction" ပါ။
ဒါဆိုရင် "Error Checkig and Correction" ဆိုတာဘာလဲ.....သူကနည်းပညာတခုပဲ။ သူရှိနေလို့ system မှာ memory error ဖြစ်လဲကွန်ပျူတာကြီးကဆက်အလုပ်လုပ်နိုင်တာ။Ecc ပါတဲ့ memory modules က ECC မပါတဲ့ memeory modules ထက်ဘာလို့ ပိုဈေး ကြီးနေ ရတာလဲ...


အခုလိုမျိုး memeory ကြီးကိုစစ်လိုက်၊ အမှားတက်လာရင်ပြန်ပြင်လိုက်နဲ့လုပ်ဖို့က RAMအပိုတွေအများကြီးလို တယ်။ ECC မပါတဲ့ memory module တခုအတွက်ဆိုရင် အပို RAM တခုလိုအပ်တယ်။အဲဒီ memory module မှာ RAM (၈)ခုပါတယ်လေ။ ပြောမယ်ဆိုရင် RAM (၈)ခုအတွက်ကို နောက်ထပ် RAMတချောင်းအပိုလိုတာပေါ့။ ဒီတော့ RAM (၁၆)ချောင်းဆိုရင် အပို RAM က ၂ ချောင်းတောင် လိုတယ်။ အဲဒီလိုအပိုထပ်ထည့်ရတဲ့ RAM တွေကြောင့် ပိုဈေးကြီးကုန်တာပေါ့။

 ဒါဖြင့်ရင် အရင်တုန်းက parity modules တွေနဲ့ဆင်တယ်ပေါ့..ဟုတ်လား?...တူတယ်လို့ပြောလည်းရပါတယ်...။ ဒါပေမယ့် ECC ကတကယ်ကိုပိုပြီးအသုံးဝင်တာပေါ့။ x86 နဲ့တည်ဆောက်ထားတဲ့ PCတွေနဲ့ server တွေမှာသုံးတဲ့ ECC နည်ပညာကတော့   တော်တော်လေးကောင်းတယ်။

 Error တွေကိုပြင်လည်းပြင်ပေးနိုင်တယ်။ parity ကတော့ error တွေကိုရှာပေးရုံပဲရှာပေးတယ်။ တကယ်လို့ ကိုယ့်system ပေါ်မှာ error တခုခုရှိနေပြီဆိုရင် DEATH ဆိုပြီး အပြာရောင် screen ကြီးနဲ့ပေါ်လာရော...။

 ဘယ်လိုလဲ... အသုံးဝင်တယ်မလား...။ ECC ပါလာပြီဆင်ရင်တော့ run ချင်တဲ့ operationကိုဘာအနှောက် အယှက်မှမရှိပဲနဲ့ ဆက်တိုက် သာ run ပေတော့။ ကြားထဲမှာ error တက်လာရင်တောင် လုပ်လက်စ operation ကို ဘာအနှောက်အယှက်မှ မ၀င် ရအောင်လုပ်ပေးတယ်။ ပိုပြီးအသုံးဝင်လာပြန်ပြီနော်...။

ဘာလို့ ဒီလို memory errors တွေကဖြစ်ရတာလဲ.. ဘာကြောင့်လဲ....?Ram Guy ဆိုတဲ့လူကပြော ဖူးတယ်.... သူကရူပဗေဒပညာရှင်တော့မဟုတ်ဘူး...ဒါပေမယ့် သူတခုပြောဖူးတယ်။ဒီလို error တွေဖြစ်ရ တဲ့ အကြောင်းရင် ၂ ခုရှိတယ်တဲ့။

 - alpha particles တွေထုတ်ပေးတဲ့ radioactive isotope တွေ အလိုအလျောက်ဖြစ်လို့ရယ်

 - ကြယ်တာယာတွေပေါက်ကွဲလို့ထွက်လာတဲ့အာကာသထဲကရောင်ခြည်တွေရဲ့မြင့်မားတဲ့စွမ်းအင်တွေကြောင့်ရယ်အဲဒီ ချက်စလုံးက memory ထဲက တန်ဖိုးတွေကို 0 ကနေ 1ကိုပြောင်း၊ 1 ကနေ 0ကိုပြောင်းနဲ့ပြောင်းပစ်နိုင်တယ်။ ဒါနဲ့ ပြောရဦးမယ်။ ဒီလိုဖြစ်တာတဲ့ error တွေကို 'soft' error လို့ခေါ်တယ်။

 'soft' လို့ခေါ်မှာပေါ့...ဒီကောင်လေးတွေဖြစ်ရင် memory bit ထဲက value လေးကိုဝင်ပြင်ရုံနဲ့ ပြန်ပြင် လို့ရလို့လေ...။ နေပါဦး..နေပါဦး...ရောင်ခြည်တန်းတွေ..ဟုတ်လား?....ဒီရောင်ခြည်တန်းတွေကဘယ်နှခါဖြစ်လေ့ရှိ
လို့လဲ?...ဒီကိစ္စနဲ့ပတ်သတ်ပြီး Ram Guy ကတခြားကျွမ်းကျင်သူတွေနဲ့တိုင်ပင်ကြည့်ခဲ့သေးတယ်။ ဘယ်နှခါ လည်းသိရဖို့က တွက်ရချက်ရသေးတယ်...။ တွက်ချက်မှုအရပြောရင်တော့ soft error တခုက 256 Mbytes ရှိတဲ့ system မှာဆိုရင် နာရီပေါင်း ၇၅၀ ရှိတိုင်း တခါဖြစ် တယ်။ နောက်ပြီး ကိုယ့်မှာ memory များများရှိလေ soft error တွေပိုပိုဖြစ်လာလေပဲ။

  ဒါကဘယ်လောက်အရေးကြီးတဲ့ကိစ္စမို့လို့လဲ....?
 ကဲ..ပြောစမ်းပါ..။ ဒီ error တွေက တရက်ကို နာရီပဲရှိတယ်ဆိုတဲ့နှုန်းနဲ့တွက်ကြည့်ပါဦး..။ နာရီပေါင်း ၇၅၀ဆိုတော့ ၁ နှစ်ကို ၁ခါလောက်ပဲဖြစ်တယ်ဆိုတဲ့သဘောပေါ့။ ဒါကသိပ်အရေးမပါချင်လည်းမပါ ဘူးဖြစ် မယ်။ဒါပေမယ့် ၁ရက်မှာက ၂၄နာရီဖြစ်နေတော့ နာရီပေါင်း ၇၅၀ဆိုရင် ၁လဖြစ်နေပြီ။ ဒီတော့၁လ၁ ခါလောက်ဖြစ်နေတယ်ဆိုရင်

   အရေးမကြီးပါဘူးလို့ပြောဦးမလား....၁လ၁ခါဆိုတာကြားရတာတောင်သိပ်မကောင်းချင်ဘူးနော်...။ကိုယ်က e-mail တွေသုံးမယ်... စာစီစာရိုက်တွေလုပ်မယ်... အဲဒီလိုလုပ်နေတုန်းကို system ကခဏခဏ error တက်နေတယ်ဆိုရင်တော့ ဘယ်လိုလုပ်သုံးရ တာအဆင်ပြေမှာတုန်း... ။ ဟုတ်တယ်နော်..။ ကိုယ်က web page တွေတင်နေတဲ့အချိန်ဆိုရင်တော့ ပြီးပါလေရော..။ ဒါပေမယ့် အဲဒါကကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်.။

ကိုယ်ကအရေးမကြီးဘူးဆိုရင်လည်း အရေးမကြီးဘူးပေါ့။ ကိုယ်ကအရေးပါတယ်ထင်လည်း အရေးပါတယ်ပေါ့...။ ကြိုက်သလိုပြော လို့ရတယ်။ ကိုယ့်ကိုကိုယ်ပေါ်ပဲမူတည်ပါတယ်...။ ဘယ်လိုအချိန်တွေမှာ ECC ရှိဖို့လို အပ်တာ လဲ။ မရှိရင်ဖြစ်တဲ့အခြေ အနေရောမရှိ ဘူးလား...?

ကိုယ်ကသုံးနေတာက server တွေ... ဒါပေမယ့် ကိုယ့်ဆီမှာ ECC မရှိဘူးဆိုရင်ကိုယ့်ကိုဂေါက်နေ တယ်လို့ပြော ကြမှာပေါ့။ဒါပေမယ့်ကိုယ်သုံးနေတာက ပုံမှန်ထည့်နေကျ application မျိုးပဲတင်ထားတဲ့ desktop တွေဖြစ် မယ်...အလုံးတိုင်းမှာလည်း 256MB (သို့) 256MB ထက်နည်းမယ်ဆိုရင်တော့ ECC မသုံးလည်းရပါတယ်။

  စွမ်းဆောင်ရည်မြင့်မားတဲ့ Workstation တွေရယ်၊ တခြား system တွေအတွက်ရယ်ဆိုရင်တော့ သတ်မှတ် ချက်ရှိတယ်။ သူတို့ထဲ ကမှ memory 256 MB ထက်ကျော်မယ်ဆိုရင် ECCသုံးရမယ်လို့ပြောတယ်။ ဒါ Ram Guy ကိုယ်တိုင်ပြောတာနော်။ မဟုတ် ရင်တော့ အခက်အခဲတြွေ့ပီးအချိန်ပိုယူရလိမ့်မယ်ဆိုပဲ...။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

အထွေးထွေးနည်းပညာများ