Pages

Tuesday 24 July 2012

World Wide Web ဆိုတာ



ဝက်ဘ်

"WWW" သည် ဤနေရာသို့ ပြန်လည် ရည်ညွှန်းသည်။ အခြားသုံးစွဲမှုများအတွက် WWW (disambiguation) ကိုကြည့်ပါ။ "The Web" သည် ဤနေရာသို့ ပြန်လည် ရည်ညွှန်းသည်။  အင်တာနက်နှင့် မရောထွေးစေလိုပါ။



World Wide WebRobert Cailliau ဒီဇိုင်းဆွဲထားသည့် ဝက်ဘ်၏သမိုင်းဝင်လိုဂိုတီထွင်သူမှာ Sir Tim Berners-Lee
  ဖြစ်ပြီး CERNကုမ္ပဏီကို ၁၉၉၀ တွင်ဖွင့်လှစ်ခဲ့ပြီး Worldwide ကိုရရှိနိုင်သည်။အတိုကောက် အားဖြင့် WWW ဟု ခေါ်ပြီး ဝက်ဘ် (the Web)ဟု လူသိများသော ကမ္ဘာ့ပင့်ကူအိမ်ဟု တင်စားခေါ်ဝေါ်သည့် World Wide Web သည် အင်တာနက်မှတဆင့် အချင်းချင်း ချိတ်ဆက်ထားသည့် ဟိုက်ပါတက် (စ်)ခေါ် အထူးစားသားပါ စာရွက် စာတမ်းများဖြင့် ဖွဲ့စည်းထားသည့် စနစ်တစ်ခုဖြစ်သည်။ ဝက်ဘ် ဘရောက်ဆာတစ်ခုဖြင့် စာသား၊ ရုပ်ပုံများ၊ ဗွီဒီယိုများ၊နှင့် အခြားမီဒီယာစုံ ပါဝင်သောဝက်ဘ်စာမျက်နှာများကို ကြည့်ရှုနိုင်ပြီး ၎င်းတို့အချင်းချင်း ချိတ်ဆက် ထားသည့် အထူးကွင်းဆက်များဖြစ်သည့် ဟိုက်ပါလင့်(ခ်)များ (hyperlinks) အသုံးပြုခြင်းဖြင့် သွားလာကြည့် ရှုနိုင်သည်။


World Wide Web Consortium၏ ဒါရိုက်တာဖြစ်သော အင်္ဂလိပ်လူမျိုး အင်ဂျင်နီယာ နှင့် ကွန်ပျူတာသိပ္ပံပညာရှင် ဆာတင်(မ်)ဘာနာ(စ်)လီး သည် ယခင်က ဟိုက်ပါတက်(စ်) စနစ်ကိုများ၏ အယူအဆကို အသုံးပြု၍ နောင်တွင် တဖြည်းဖြည်း World Wide Web ဖြစ်လာမည့် အဆိုပြုလွှာကို ၁၉၈၉ခုနှစ် မတ်လတွင် ရေးသားခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ ဂျင်နီဗာမြို့ရှိ CERN တွင် Berners-Lee နှင့် Belgian ကွန်ပျုတာ သိပ္ပံပညာရှင် Robert တို့သည် http://www.w3.org/TR/2005/WD-swbp-skos-core-guide-20051102/t Cailliau “အသုံးပြုသူများ ဆန္ဒရှိသည့် အတိုင်း လှန်လှောကြည့်ရှုနိုင်သည့် web တစ်ခု၏ အစိတ်အပိုင်းအဖြစ် အမျိုးမျိုးသော သတင်းအချက် အလက်များ ကို ချိတ်ဆက်ရန်နှင့် ဆက်သွယ်ရယူရန် HyperText ” ကို အသုံးပြုရန် အဆိုပြုခဲ့ကြပြီး ဒီဇင်ဘာလတွင် စီမံကိန်း ကို အများပြည်သူသို့ မိတ်ဆက်ပေးခဲ့သည်။

၎င်းတို့၏ စိတ်ကူးစိတ်သန်းများနှင့် ဘုံစီမံကိန်းတစ်ခု၏ အဘက်ဘက်မှ ရှုမြင်သုံးသပ်ချက်များကို ဝေမျှရန် အဝေးနေရာများမှ စုပေါင်းလုပ်ဆောင်နိုင်သော လူသားတို့၏ ဗဟုသုတနှင့် ယဉ်ကျေးမှု အစုအဝေးဖြစ်စေရန် World-Wide Web (W3) ကို ဖန်တီးခဲ့ခြင်းဖြစ်သည်။

World Wide Wed ရာဇဝင်

အာသာစီကလာ့ခ်(Arthur C. Clarke) က တစ်နေ့တွင် ဂြိုဟ်တုများသည် ကမ္ဘာတဝှမ်းတွင် အချက်အလက် လွှဲပြောင်းခြင်းနှင့် ဗွီဒီယိုညီလာခံပြုလုပ်ခြင်း နှစ်မျိုးလုံးကို လုပ်ဆောင်ခွင့်ပေးရန် မိတ္တူကူးစက်၊ တယ်လီဖုန်း၊ TV နှင့် ကွန်ပျုတာငယ်တစ်ခုတို့၏ လုပ်ငန်းဆောင်တာများကို ပေါင်းစပ်ပေးလိမ့်မည်ဖြစ်သော office console တစ်ခုကို အသုံးပြုခြင်းဖြင့် “ကမ္ဘာ့ ဗဟုသုတကို ကျွန်ပ်တို့၏ လက်ချောင်းထိပ်များဆီသို့ ယူဆောင်လိမ့်မည်” ဟု Popular Science တွင် ၁၉၇၀ခုနှစ် မေလတွင် ခန့်မှန်းခဲ့သည်။

၁၉၈၉ခုနှစ် မတ်လတွင် တင်(မ်)ဘာနာ(စ်)-လီးသည် ၁၉၈၀ခုနှစ်က ၎င်း တည်ဆောက်ခဲ့သော ဒေတာဘေ့(စ်) နှင့် ဆော့(ဖ်)ဝဲ စီမံကိန်းဖြစ်သည့် ENQUIRE ကို ရည်ညွှန်းထားသော အဆိုပြုလွှာ တစ်ခုကို ရေးသားခဲ့ သည်။ အဆိုပြုလွှာတွင် ပိုမို၍ ပြည့်စုံသော သတင်းအချက်အလက် စီမံခြင်းစနစ်ကို ရှင်ပြထားသည်။

Robert Cailliau ၏ အကူအညီဖြင့် သူသည် client–server ဟုခေါ်သည့် ဗဟိုမှထိန်းချုပ်သည့် နည်းစနစ်ကို အသုံးပြုကာ "ဘရောက်ဆာများ" အားဖြင့် ဟိုက်ပါတက်(စ်) စာရွက်စာတမ်းများပါ ကွန်ယက်တစ်ခုကို ကြည့်ရှု နိုင်သည့် "WorldWideWeb" (စာလုံးတစ်လုံး၊ "W3"ဟုလည်းခေါ်) ဟုခေါ်သော "ဟိုက်ပါတက်(စ်) စီမံကိန်း" တစ်ခုကို တည်ဆောက်ရန် ပိုမို၍ စနစ်ကျသော အဆိုပြုလွှကို (၁၉၉၀ခုနှစ် နိုဝင်ဘာလ ၁၂ရက်တွင်) ပုံနှိပ် ထုတ်ဝေခဲ့သည်။ဤအဆိုပြုလွှာက ကြည့်ရုံသာ ကြည့်နိုင်သော ဝက်(ဘ်)ကို သုံးလအတွင်း တည်ဆောက်နိုင် လိမ့်မည်ဖြစ်ပြီး “စာဖတ်သူများက ကွင်းဆက်သစ်များနှင့် အကြောင်းအရာများကို ဖန်တီးနိုင်ခြင်းနှင့် ထို့အ တွက်ကြောင့် စာရေးသားခြင်းသည် တစ်လောကလုံးနှင့် သက်ဆိုင်လာမှု ဖြစ်လာစေရန်” ထို့အပြင် “စာဖတ်သူ စိတ်ဝင်စားသော အကြောင်းအရာသစ် ရှိလာလျှင် သူ/သူမ ထံသို့ အလိုအလျောက် အကြောင်းကြားနိုင်ရန်” ဖန်တီးတည်ဆောက်ခြင်းမှာ ခြောက်လကြာမြင့်မည် ဟုခန့်မှန်းခဲ့သည်။

 ပြည့်စုံရန် အနည်းငယ် ပိုမို၍ ရှည်လျားစွာ ရှင်းထားသော Web 2.0 နှင့် RSS/Atom တို့ကိုလည်း ကြည့်ပါ။Brown University ရှိ Institute for Research in Information and Scholarship မှ နည်းပညာသစ်ဖြစ်သော အီလက် ထရောနစ် စာအုပ် နည်းပညာက Dynatext SGML ဖတ်သည့်ကိရိယာ အပြီးတွင် အဆိုပြုလွှာကို ပုံစံထုတ်ခဲ့သည်။

CERN က လိုင်စင်ရယူထားသော dynatext စနစ် သည် နည်းပညာပိုင်းဆိုင်ရာ အဆင့်မြင့်ပြီး SGML ISO 8879: 1986မှ hypermedia သို့ HyTime အတွင်း တိုးချဲ့မှုတွင် အဓိက နေရာမှ ပါဝင်ခဲ့သည်။ သို့သော် ၎င်းကို ဈေး အ လွန်ကြီးပြီး တိကျစွာဆိုရလျှင် စာရွက်စာတမ်း တစ်ခုချင်းစီနှင့် စာရွက်စာတမ်း ပြင်ဆင်မှု တစ်ခုချင်းစီအတွက် အ ခကြေးငွေဖြစ်သည့် ယေဘုယျအားဖြင့် စွမ်းအင်မြင့်မားသော physics community တွင် အသုံးပြုရန် သင့်လျော် မှုမရှိသည့် လိုင်စင်ပေးခြင်း policy ရှိသည် ယူဆခဲ့ကြသည်။ CERN တွင် Berners-Lee အသုံးပြုခဲ့သော ဤ NeXT ကွန်ပျုတာသည် ပထမဆုံး web server ဖြစ်လာခဲ့သည်။


အချို့ဝက်(ဘ်)ဆာဗာများကို ၂၀၁၀တွင် နေရာချထားသည့် CERN datacenter။NeXT Computer တစ်ခုကို Barners-Lee က ကမ္ဘာ့ ပထမဆုံး web server အဖြစ် အသုံးပြုခဲ့ပြီး ၁၉၉၀ခုနှစ်တွင် ပထမဆုံး web browser ဖြစ်သော WorldWideWeb ကို ရေးသားရန် လည်း အသုံးပြုခဲ့သည်။ Barners-Lee သည် အလုပ် လုပ်ဆောင်နေသော web တစ်ခုအတွက် လိုအပ်သော ကိရိယာအားလုံးကို တည်ဆောက်ခဲ့ သည်-  ပထမဆုံး web browser နှင့် စီမံကိန်းအကြောင်း ရေးသားဖော်ပြထားသော ပထမဆုံး web စာမျက်နှာ များဖြစ်သည်။

၁၉၉၁ခုနှစ် ဩဂုတ်လတွင် သူသည် alt.hypertext newsgroup တွင် World Wide Web စီမံကိန်း၏ အနှစ်ချုပ်ကို တင်ပြခဲ့သည်။ ဤနေ့စွဲကို အင်တာနက်ပေါ်တွင် အများပြည်သူ ရရှိနိုင်သော ဝန်ဆောင်မှုအဖြစ် web ၏ နိဒါန်းဟု လည်း အမှတ်အသားပြု ခဲ့ကြသည်။ ဥရောပ ပြင်ပရှိ ပထမဆုံး server ကို SPIRES-HEP data base ကို လက်ခံ ရန် SLAC တွင် တပ်ဆင်ခဲ့ကြသည်။

ရှင်းလင်းချက်များသည် ဤဖြစ်ရပ်၏ နေ့စွဲနှင့် ပတ်သက်၍ သိသာစွာ ကွဲလွဲနေသည်။ World Wide Web Consortium က ၁၉၉၂ခုနှစ် ဒီဇင်ဘာလဟုဆိုပြီးSLAC ကိုယ်တိုင်ကမူ ၁၉၉၁ခုနှစ်ဟု ကြေငြာသည်။ဤသည်မှာ A Little History of the World Wide Web ခေါင်းစဉ်ရှိသော W3C စာရွက်စာတမ်း တစ်ခုမှ ထောက်ပံ့ခြင်းဖြစ်သည်။ Hypertext ၏ အဓိကျသော အခြေခံ အယူအဆမှာ Brown University ရှိ Hypertext Editing System (HES)၊ Tes Nelson ၏ Xanadu စီမံကိန်း နှင့် Douglas Engelbart ၏ oN-Line System (NLS)တို့ကဲ့သို့ ၁၉၆၀ခုနှစ် များက စီမံကိန်းအဟောင်းများမှ စတင်ခဲ့သည်။ Nelson နှင့် Engelbart နှစ်ယောက်လုံးကို ၁၉၄၅ခုနှစ်တွင် "As We May Think" စာစီစာကုံး၌ ဖော်ပြထားသည့် Vennevar Bush ၏ microfilm အခြေပြု "memex" က လှုံ့ဆော်ပေးခဲ့သည်။

Barners-Lee ၏ တီထွင်မှုမှာ hypertext ကို အင်တာနက်နှင့် လက်ဆက်ပေးရန်ဖြစ်သည်။ သူ၏ Weaving The Web ဟူသည့် စာအုပ်တွင်ရှင်းပြထားသည်မှာ သူသည် နည်းပညာနှစ်ခုအကြား လက်ထပ်ခြင်းသည် ထိုနည်းပညာ နှစ်ခုလုံး၏ နည်းပညာ အသိုင်း အဝိုင်းတွင်းသို့ ဝင်ဆံ့စေနိုင်ကြောင်း အကြိမ်ကြိမ် အကြံပြုခဲ့သော်လည်း မည်သူက မျှ သူ၏ဖိတ်ခေါ်မှုကို လက်မခံ ခဲ့သောကြောင့်   နောက်ဆုံးတွင် သူကိုယ်တိုင် စီမံကိန်းကို လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။ စီမံကိန်းကို လုပ်ဆောင်နေစဉ် သူသည် web နှင့် မည်သည့်နေရာတွင်မဆိုပေါ်ရှိ အရင်းအမြစ်များ အတွက် တကမ္ဘာလုံးအတိုင်းအတာနှင့် ထပ်တူညီမှုမရှိစေသော သတ်မှတ်ချက်ပေးနိုင် သည့် စနစ်တစ်ခု ကို ဖော်ဆောင်ခဲ့သည်- Universal Document Identifier (UDI), နောင်တွင် Uniform Resource Locator (URL) နှင့် Uniform Resource Identifier (URI) ဟု လူသိများသည်။

ပုံနှိပ်ခြင်း ကွန်ပျုတာ ဘာသာစကား HyperText Markup Language (HTML)နှင့် Hypertext Transfer Protocol (HTTP).World Wide Web တွင် အခြား hypertext စနစ်များနှင့် ကွဲပြားခြားနားမှု အချို့ ရှိသည်။ web သည် လမ်းညွှန်မှုနှစ်ခုပါသော ကွင်းဆက်များထက် တစ်ခုတည်းကိုသာ လမ်းညွှန်ပေးရန် လိုအပ်သည်။

ဤသို့ဖြင့် တစ်စုံတစ်ဦးသည် အခြားအရင်းအမြစ်တစ်ခုသို့ ထိုအရင်းအမြစ်၏ ပိုင်ရှင်၏ လုပ်ဆောင်မှုမပါဘဲ ချိတ် ဆက် နိုင်သည်။ web server များနှင့် browser များ(အစောပိုင်း စနစ်များနှင့် နှိုင်းယှဉ်လျှင်) အကောင် အ ထည်ဖော် ရာတွင် ကြုံရသည့် အခက်အခဲအခဲကို သိသာစွာ လျှော့ချနိုင်ခဲ့သည်။ သို့သော် အကျိုးဆက်မှာကွင်း ဆက်ပုပ်ခြင်း ပြဿနာကို ဖြစ်စေခဲ့သည်။ ယခင် HyperCard နှင့်မတူဘဲ World Wide Web သည် တစ်ဦး တစ်ယောက် တည်းက ပိုင်ဆိုင်ခြင်း မဟုတ်ပေ။ server များနှင့် ဆက်သွယ်ထားသော ကွန်ပျူတာများ ကို အမှီအခိုကင်းစွာ လုပ်ဆောင်နိုင်စေပြီး တိုးချဲ့မှုများကိုလည်း လိုင်စင်သတ်မှတ်ချက်များမပါဘဲ ထပ်ထည့်နိုင်စေ သည်။

၁၉၉၃ခုနှစ် ဧပြီလ ၃၀ရက်နေ့တွင် CERN က World Wide Web သည် အခကြေးငွေ ပေးစရာမလိုဘဲ လူတိုင်း အတွက် အခမဲ့ဖြစ်ကြောင်း ကြေညာခဲ့ သည်။ကြေငြာချက်အပြီး နှစ်လအကြာတွင် Gopher protocol သည် အခမဲ့ မဟုတ်တော့ချေ။ ဤသည်က Gopher ကို လျင်မြန်စွာ ဖယ်ရှားပြီး web ဆီသို့ ဦးတည်လာစေသည်။ အစော ပိုင်း ရေပန်းစားသော web browser မှာ HyperCard ကို အခြေခံသော ViolaWWW ဖြစ်သည်။

World Wide Web သည် ၁၉၉၃ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သော Mosaic Web browser ဖြင့် အစပြုခဲ့သည် ဟုပညာရှင်များ က ယေဘုယျအားဖြင့် သဘောတူညီကြသည်။ ၎င်းသည် University of Illinois at Urbana-Champaign (NCSA-UIUC)ရှိ National Center for Supercomputing Applications မှ Marc Andreessen ဦးဆောင်သော အဖွဲ့တစ်ခုက ဖန်တီးခဲ့သော graphic ဆိုင်ရာ browser ဖြစ်သည်။

Mosaic ကို High Performance Computing and Communication Act of 1991 က အစပြုခဲ့သော ရံပုံငွေ အစီအစဉ်တစ်ခုဖြစ်ပြီး U.S. Senator Al Gore ရှေ့ဆောင်ခဲ့သော တွက်ချက်ရေး ဖွံ့ဖြိုးတိုးတက်မှု အများအပြားထဲ မှ တစ်ခုဖြစ်သည့် U.S. High-Performance Computing and Communications Initiative က ရံပုံငွေ ထောက် ပံ့ပေးသည်။

Mosaic ကို မထုတ်လွှတ်မီက ပုံမှန်အားဖြင့် web စာမျက်နှာများတွင် graphic များသည့် စာသားများနှင့် အတူ တကွမရှိဘဲ အင်တာနက်ပေါ်တွင် သုံးစွဲလျှက်ရှိသော Gopher နှင့် Wide Area Information Servers (WAIS) တို့ကဲ့သို့သော protocol ဟောင်းများထက် လူကြိုက်နည်းလျက်ရှိသည်။ Mosaic ၏ graphic ဆိုင်ရာ အသုံးပြုသူ များအတွက် မျက်နှာပြင်သည် လူကြိုက်အများဆုံး အင်တာနက် protocol သေချာပေါက် ဖြစ်လာစေသည်။

၁၉၉၄ခုနှစ် အောက်တိုဘာလ၊ European Organization for Nuclear Research (CERN)မှ ထွက်ခွာအပြီးတွင် Tim Berners-Lee သည် World Wide Web Consortium (W3C) ကို တည်ထောင်ခဲ့သည်။ ၎င်းကို Massachusetts Institute of Technology ရှိ ကွန်ပျုတာသိပ္ပံ စမ်းသပ်ခန်း(MIT/LCS) တွင် အင်တာနက် ကို ရှေ့ဆောင်လမ်းပြပြုခဲ့သော Defense Advanced Research Projects Agency (DARPA) အထောက်အပံ့ဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ တစ်နှစ်အကြာတွင် INRIA (ပြင်သစ် အမျိုးသား ကွန်ပျူတာ သုတေသန စမ်းသပ်ခန်း တစ်ခု)၌ ဥရောပ ကော်မရှင် DG InfSo အထောက်အပံ့နှင့် ဒုတိယ ဆိုဒ်ကိုလည်းကောင်း၊ ၁၉၉၆ခုနှစ်တွင် ဂျပန် နိုင်ငံရှိ ကိုင်အို တက္ကသိုလ်တွင် တိုက်များနှင့်ဆိုင်သော တတိယဆိုဒ်ကိုလည်းကောင်း ဖန်တီးခဲ့ကြသည်။

၁၉၉၄ခုနှစ်အကုန်တွင် လက်ရှိ စံချိန်စံညွှန်းနှင့် နှိုင်းယှဉ်သော် သေးငယ်နေသေးသော်လည်း သတိပြုမိထိုက်သော website အတော်များများမှာ ထိထိရောက် ရောက်  လုပ်ဆောင်နေပြီဖြစ်သည်။၎င်းတို့ထဲမှ အများစုမှာ ယနေ့   ခေတ်စားနေသော ဝန်ဆောင်မှုများ အတွက် ရှေ့ဆောင် လမ်းပြ သို့မဟုတ် လှုံ့ဆော်မှုများ ဖြစ်သည်။

           Domain အမည်များနှင့် HTML တို့အတွက် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ ဖြည့်စွက်လျှက် ရှိနှင့်ပြီး အင်တာနက်ကို ချိတ်ဆက်ခြင်းဖြင့် ကမ္ဘာတလွှားတွင် အခြားသော website များကို ဖန်တီးထားကြသည်။ ထိုအချိန် မှစ၍ Berners-Lee သည် web စံချိန်စံညွှန်းများ(ဥပမာ web စာမျက်နှာများ ဖန်တီးရေးသားသော markup languages) ကို သတ်မှတ်ရာတွင် အဓိက အခန်းကဏ္ဍာမှ တက်ကြွစွာ ပါဝင်ခဲ့ပြီး များမကြာမီနှစ်များတွင်၎င်း၏ Semantic Web အယူအဆကို ထောက်ခံပြောဆိုခဲ့ကြသည်။ World Wide Web သည် သုံးရလွယ် ကူပြီး ပြောင်း လွယ်ပြင်လွယ်ရှိသော ပုံစံဖြင့် အင်တာနက်ပေါ်တွင် သတင်းအချက်အလက်များကို ဖြန့်ဝေနိုင်ခဲ့သည်။ ထို့ကြောင့် အင်တာနက်အသုံးပြုမှုကို လူသိများစေရန်ပြုလုပ်ရာတွင် အရေးပါခဲ့သည်။

ဝေါဟာရနှစ်ခုကို ရောထွေးစွာ အသုံးပြုနေကြသော်လည်း World Wide Web နှင့် အင်တာနက် သည် အနက်တူ သံကွဲစကား မဟုတ်ပါ။web သည် အင်တာနက်၏ အပေါ်ဆုံးရှိ အသုံးချprogram တစ်ခုဖြစ်သည်။

ဆက်လျှက်ဖော်ပြပါမည်-------
(World Wide Web မှ ပြန်ညွှန်းထားသည်)


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

အထွေးထွေးနည်းပညာများ