Pages

Saturday 28 July 2012

ကွန်ပြူတာစဖွင့်တဲ့အချိန်မှာ သီချင်းသံလေးနဲ့ကြိုဆိုတာလေးလုပ်မယ်

အဆင့်(၁)။      ။ပထမဦးဆုံး Run box ထဲမှာ sndrec32 ဆိုပြီး Enter ခေါက်။ အဲ့လိုခေါက်လိုက်တာနဲ့  sound Recorder လေးကျလာပါလိမ့်မယ် အောက်ကပုံကိုလေ့လာကြည့်ပါဦး။


အဆင့်(၂)။    ။ခုနက ခေါ်ထာတဲ့ sound Recorderက အနီရောင် ခလုပ်လေးကို နှိပ်ပြီး ကိုယ်က ကွန်ပြူတာမှာ မြည်စေချင်တဲ့ စကားလုံးတွေ ပြောထည့်(အဲ့ဒီ့အတွက် Mic လိုအပ်ပါတယ်)။ ဒါပေမယ့် ဒါလေးကတော့ ကိုယ့်စကားသံတွေကို အချက်ပြ အသံပေးချင်တဲ့ လူတွေအတွက်ပါပဲ။

အဆင့်(၃)။  ပြီးတော့ Save လုပ်။ ကိုယ် Save လုပ်တဲ့နေရာရယ်၊ File name ရယ်ကိုတော့ မှက်ထားဦးနော်။ အကောင်းဆုံးကတော့အခုပဲပြန်ဖွင့်မှာဆိုတော့ Desktop ပေါ်မှာပဲတစ်ခါတည်း သိမ်းလိုက်ရင် အဆင်ပြေမယ်ထင်တယ်

အောက်မှာပုံလေးကြည့်ပါဖိုင်လေးတစ်ဖိုင်ထွက်လာပါပြီ။  ခုနသိမ်းလိုက်တဲ့ဖိုင်လေးပါ။


ဒါလေးကလူတိုင်းသိမှာပါ အသေးစိတ်ဆိုတဲ့အတိုင်း မပါမဖြစ်အောင် ထည့်ပေးလိုက်တာပါနော် ပုံတွေများလို့ မေတ္တာပို့နေကြမှာဆိုးလို့ပါ

အဆင့်(၄)။    ။ အဲ့ဒီ့အဆင့်ထိပြီးပြီဆိုရင် Control Panel ထဲက sounds and Audio Devices ကိုကလစ်ပီး ၀င်ရောက်လိုက်ပါဦးနော်။

အဆင့်(၅) ။  ။ နောက်တစ်ဆင့်အနေနဲ့ sounds and Audio Devices ထဲ ရောက်ပြီဆိုရင် Volume တပ် ရဲ့ဘေးမှာ Sounds ဆိုတာရှိတယ်။ အဲဒီထဲဝင်။ အောက်နားမှာ Program Events ဆိုတဲ့ Box ထဲမှာ တခုခုကိုရွေး ။ ဥပမာ windows log off ကို ရွေးမယ်ဆိုရင် ကွန်ပြူတာ log off ချတိုင်းမှာ ကိုထည့်ထားတဲ့ အသံကမြည်မှာလေ။ ရွေးစရာတွေကလည်းအများကြီးပဲနော် ကြိုက်တာသာရွေးပေးတော့
ဒီနေရာမှာ ကိုယ်ကြိုက်တဲ့ ကွန်ပြူတာကအချက်ပေးသံ မည့်သည့်ဖိုင်ကိုမဆို ထည့်လို့ရတယ် ခုနကိုယ်ကိုတိုင် အသံသွင်းထားတဲ့ ဖိုင်လေးရှိနေတယ်မလား အဲ့ဖိုင်လေးကိုပဲ ပြန်ရွေးပေးလိုက်မယ်လေ ဘယ်နေရာမှာရွေးပေးရမလဲဆိုတော့ Browse ဆိုတဲ့ ဟာလေးလင်းလာပြီဆိုရင် ကလစ်လုပ်ပြီး ကိုယ်ခုနက သိမ်းထားတဲ့(Record) file ကို ပြန်ရွေးပေးလိုက် အဲ့ဒါဆိုအဆင်ပြေပြီ။ အောက်ကပုံလေးအတိုင်းပေါ့


အဲ့ဒီ့မှာတစ်ခုပြောချင်တာက အပေါ်ကအသံသွင်းတဲ့အဆင့်တွေဘာတွေ မပါပဲ ကိုယ်ပိုင် ကွန်ပြူတာထဲမှာရှိတဲ့ ရိုးရှင်းတဲ့ သီချင်းသံတွေ ကိုပါထည့်လို့ရတယ်နော်။ ကိုယ်ပိုင်မှတ်ထားနိုင်မယ်ဆိုရင်ပေါ့ တစ်ခုကောင်းတာ 

 ကွန်ပြူတာစဖွင့်တဲ့အချိန်မှာ သီချင်းသံလေးနဲ့ကြိုဆိုတာလေးတွေ အပိတ်မှာနှုတ်ဆက်တာလေးတွေဆို အရမ်းကြည်နူးဖို့ကောင်းမှာပါ။ အဲ့လိုရိုးရှင်းတဲ့ လုပ်ဆောင်ချက်ကို ပဲလုပ်ချင်တယ်ဆိုရင်တော့ အထက်ပါ အဆင့်တွေထဲက အဆင့်(၄) နဲ့  အဆင့်(၅) ကိုပဲ ကြည့်ရူပြီးလုပ်လို့ရတယ်နော်။

အဆင့် (၆) ။။ ။ဒါကတော့ဘာမှပြောနေစရာမလိုတော့ပါဘူး နောက်ဆုံးအဆုံးသတ်မှာ OK ဆိုတာလေးကို ကလစ်ပေးလိုက်ရင်တော့ စာဖတ်သူရဲ့ ကွန်ပြူတာက ထွက်ပေါ်လာတဲ့ အသံတွေကို ထိန်းချုပ်နိုင်သွားပြီဖြစ်ပါတယ်

အထက်ဖော်ပြပါအဆင့်ဆင့်ကို စာဖတ်သူအနေနဲ့ ပုံလေးတွေနဲ့တကွ ဝေေ၀ဆာဆာ ဖတ်ရှုရင်း အခက်အခဲမရှိ လုပ်ဆောင်နိုင်လိမ့်မယ်လို့ ထင်မိပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

အထွေးထွေးနည်းပညာများ