Pages

Friday 27 July 2012

Audio Layer 3 အကြောင်းသိကောင်းစရာ

              MPEG -1 Audio Layer 3 သည် MP 3 အဖြစ် အများသိကြပြီး Data Compression Form ကို
အသုံးပြုသော Digital Audio Encoding Format ဖြစ်တယ်။ ၎င်းသည် Digital Audio Player တွင် Music ကို
Transfer နှင့် Playback လုပ်ရန် Digital Audio Compression ၏ Standard ဖြစ်သည့်အပြင် Consumer
Audio Storage အတွက် Common Audio Format လည်းဖြစ်ပါတယ်။ MP3 သည် Moving Picture Experts
Group မှ Design ထုတ်လိုက်သော Audio-Specific Format ဖြစ်ပါတယ်။


ထိုအဖွဲ့ကိုဖွဲ့ထားသည်မှုာFraunhoferII 3 in Erlangen, Germany, AT&T-Bell Labs in Murray Hill, NJ, USA, Thomson- Brandtနှင့် CCETT မှ အင်ဂျင်နီယာ အသင်းများ ဖြစ်ကြတယ်။ အဲဒီ အဖွဲ့ကို 1991 တွင် ISO/ IEC Standard အဖြစ်အသိအမှတ်ပြုထားပါတယ်။ MP3 တွင် Compression Algorithm ၏ အသုံးပြုမှုသည် Audio Recordingအတွက် လိုအပ်သော Data Amount ကို လျှော့ချရန် ဖြစ်ပြီး နားထောင်သူများအတွက်ကတော့ မူလက
Compress လုပ်မထားသော Audio ကို ပြန်လည်ထုတ်လုပ်ခြင်းကဲ့သို့ ဖြစ်ပါတယ်။

128 Kbit/s Setting အဖြစ်Mid-Range Bit Rate ကိုသုံး၍ဖန်တီးလိုက်သော MP3 File ရဲ့ Original Audio Source မှ ထုတ်လိုက်သည့် CDFile ရဲ့ ဆယ်ပုံတစ်ပုံ Size ရှိတဲ့ File တစ်ခု ဖြစ်လာလိမ့်မယ်။ MP3 File တစ်ခုကို Higher or Lower ResultingQuality နှင့် Higher or Lower Bit Rates များတွင် တည်ဆောက်နိုင်ပါ တယ်။လူအများစု ကြားနိုင်စွမ်းမရှိသောအသံ၏ အချို့ အစိတ်အပိုင်းများအတွက် Accuracy ကို Compression က ဖြတ်တောက် ပါတယ်။ ဤနည်းကိုPerceptual Coding ဟုခေါ်ကြပါတယ်။

၎င်းသည် လူ့နားနှင့်သိပ်မကြားနိုင်သော အသံအစိတ်အပိုင်းကိုလျှော့ချဖြတ်တောက်ခြင်း၊ ကျန်သည့် Information ကို ထိရောက်စွာ Record လုပ်ခြင်းဖြင့် အချိန်တိုအတွင်းအသံ၏ အခြေအနေကို Frequency Analysis Window တွင် ဖော်ပြပါတယ်။ Image Compression FormatJPEG မှ အသုံးပြုသော စည်းမျဉ်းများမှာ ၎င်းနှင့် သဏ္ဍာန် တူပါတယ်။

from Sayar Zaw Lin(youth)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

အထွေးထွေးနည်းပညာများ