Pages

Sunday 5 August 2012

New Technology File System သို့မဟုတ် NTFS File System အကြောင်းသိကောင်းစရာ



FileSystem လို့ ပြောလိုက်ပြီဆိုတာနဲ့ File System မှာ FAT နှင့် NTFS ဆိုပြီး ၂ မျိုး ရှိတယ်ဗျ။FAT ကို (File Allocation Table) လို့ ခေါ် တယ်။ NTFS ကိုတော့ New Technology ဆိုပြီး ရှိတယ်။ FAT File Systemသည် Earlier Version Windows တွေ ဖြစ်တဲ့ DOS, Windows 95, 98, 98SE တို့မှာ ပါရှိတာ ဖြစ်တယ်။ NTFS FileSystem ကတော့ Windows NT ရဲ့ Standard File System ဖြစ်ပြီး NTFS File System ကို Windows NT မှစပြီးနောက်ပိုင်း Windows Version တွေ ဖြစ်တဲ့ Windows 2000, Windows XP, Windows Server 2003, WindowsServer 2008, Windows Vista နှင့် Windows 7 စတဲ့ Operation System တွေမှာ NTFS File System ပါရှိပါတယ်။


ဒီတော့ ကျွန်တော် အခု ပြောမယ့် အကြောင်းအရာက NTFS File System အကြောင်းကိုပဲ သိရှိနား လည်အောင်ပြောပြပေး သွားမှာ ဖြစ်ပါတယ်။NTFS File System ကို စတင်ပြီး ရေးသားခဲ့တဲ့ အချိန်ကတော့ ၁၉၈၀ ခုနှစ် အလယ်ပိုင်းလောက်မှာ စတင် ရေးသား  ခဲ့ တာဖြစ်ပါတယ်။ NTFS File System မှာ Version (၈)မျိုးရှိ ပါတယ်။ အဲ့ဒီ NTFS File System Versionတွေကတော့-


-NTFS  V1.0     ( Windows NT 3.1 )

-NTFS  V1.1    ( Windows NT 3.5 )

-NTFS  V1.2    ( Windows NT 3.51)

-NTFS  V4.0    ( Windows NT 4.0 )

-NTFS  V5.0    ( Windows 2000 )

-NTFS  V5.1    ( Windows XP )

-NTFS  V 5.2    ( Windows Server 2003 )

-NTFS  V 6.0    ( Windows Vista, Windows Server 2008 ) တို့ပဲ ဖြစ်ပါတယ်။


NTFS File System ကို ဘာ့ကြောင့် အသုံးပြုရတာလဲဆိုရင်တော့  NTFS File System က FAT File System ထက်အားသာချက်တွေ အများကြီး ရှိလို့ပါပဲ။ NTFS File System ရဲ့အားသားချက်တွေက ဘာတွေလဲဆိုရင်တော့ မိမိတို့ရဲ့ Fileနှင့် Folder တွေရဲ့ လုံခြုံမှု ပိုင်းဆိုင်ရာတွေကို ပြုလုပ်ပေးနိုင်ပါတယ်။ ဒါတင်မကသေးဘူးဗျ။

File တွေကို Compressed လုပ်တာ၊ Encryption, Disk Quotas, EFS (Encryption File System), VSS (VolumeShadow Copy Service ) စတဲ့ Service တွေ အများကြီးကိုလဲ လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် NTFS File System သည်ယနေ့ အချိန်ထိ အသုံးပြုနေ ကြရခြင်းပဲ ဖြစ်ပါတယ်။

File နှင့် Folder လုံခြုံမှုပိုင်းဆိုင်ရာဆိုတာ

NTFS File System ရဲ့ File နှင့် Folder လုံးခြုံမှုပိုင်းဆိုင်ရာဆိုတာက File နှင့် Folder တွေကို ACL (Access ControlList ) ACL-Based Security ဖြင့် အခြားအခွင့်မရှိတဲ့ User များက မိမိရဲ့ File နှင့် Folder တွေကို ၀င်ရောက်ကြည့်ရှုခွင့်၊ဖတ်ရှုခွင့်မရှိအောင် ကာကွယ်ပေး ထားနိုင်တာကို ပြောတာ ဖြစ်ပါတယ်။

File တွေကို Compressed လုပ်တယ်ဆိုတာ
NTFS File System ရဲ့ File တွေကို Compressed လုပ်တယ် ဆိုတာက မိမိရဲ့ Hard Disk Device ထဲမှာ File တွေကိုသိမ်းဆည်းရာမှာ Hard disk Device ထဲမှာ နေရာယူမှု ပမာဏ နည်းသွားအောင် ပြုလုပ်တာကို File တွေကို Compressedလုပ်တယ် လို့ ပြောတာ ဖြစ် ပါတယ်။ NTFS File System File တွေကို Compressed လုပ်ရာမှာ L277 Algorithmn ကိုအသုံးပြုပြီး Compressed လုပ်ပါတယ်။ ဒါကြောင့် NTFS File System မှာပါရှိတဲ့ File တွေကို Compressedလုပ်တာသည် မိမိ Hard Disk ထဲမှာ နေရာယူမှု ပမာဏနည်း သွားအောင် ပြုလုပ်ပေးတာကို ပြောတာ ဖြစ်ပါတယ်။

Disk Quotas
NTFS File System ရဲ့ Disk Quotas ဆိုတာ မိမိရဲ့ Hard Disk Drive ထဲမှာ Data သိမ်းဆည်းနိုင်မှု ပမာဏ Limit ကိုကန့်သတ်လိုက် တာ ဖြစ် တယ်။ ဒီလို မိမိရဲ့ Hard Disk ရဲ့ Data သိမ်းဆည်းနိုင်မှု Quotas ကို သတ်မှတ် လိုက်ခြင်းအားဖြင့်အခြား User တွေသည် မိမိ Hard Disk ထဲသို့ သူတို့ရဲ့ Data တွေလာရောက် သိမ်းဆည်းမှုကို ကာကွယ်ထားနိုင်မှာဖြစ်ပါတယ်။

Encryption File System (EFS)
NTFS File System ရဲ့ Encryption File System ဆိုတာ မိမိရဲ့ Hard Disk ထဲမှာရှိတဲ့ ဘယ် File နှင့် ဘယ် Folderမဆိုအားလုံးကို Encrypt လုပ်လိုက်တာကို Encryption File System လို့ပြောတာ ဖြစ်ပါတယ်။

Volume Shadow Copy Service (VSS)
NTFS File System ရဲ့ Volume Shadow Copy Service (VSS) ဆိုတာ မိမိရဲ့ File နှင့် Folder တို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပြန်လည် ၍ သတ်မှတ်ပေးနိုင်တဲ့ Service ကိုပြောတာ ဖြစ်ပါတယ်။ဥပမာ အနေ နဲ့ ပြောရ ရင်တော့ VSS လုပ်ထားတဲ့ Text File လေးတစ်ခုပေါ့ဗျာ။ အဲ့ဒီ File ထဲမှာ မိမိရဲ့ အရေးကြီးတဲ့စာတွေကို သိမ်းထားတယ် ဆိုပါတော့။ အဲ့ဒီလို အရေးကြီးတဲ့ စာတွေသိမ်းထားတာကို  အခြား User တစ်ယောက် က လာရောက်ပြီး ၀င်ပြင်သွားခဲ့မယ်ဆိုရင် မိမိရဲ့ အရင်က သိမ်းထားခဲ့တဲ့ စာတွေကိုအလွယ်တကူပြန်၍ ခေါ်ယူနိုင် ပါတယ်။အဲ့ဒါကို Volume Shadow Copy Service လို့ခေါ်ပါတယ်။

အဲ့ဒီလောက်ဆိုရင် NTFS File System အကြောင်းလေးကို နားလည်လောက်ပြီပေါ့နော်။ အဲ့ဒီတော့ ကျွန်တော်ရဲ့ NTFSFile System အကြောင်းလေးကို ဒီမှာပဲ ရပ်နားလိုက်ပါမယ်။

from Sayar Zaw Lin(youth)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

အထွေးထွေးနည်းပညာများ