Pages

Sunday, 5 August 2012

EVD အကြောင်း



EVD သည် DVD ကနေ ဆင်းသက်လာတဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့
နောက်ပိုင်းပေါ်လာတဲ့ HDTV Format ကို Support လုပ်နိုင်ဖို့ပါ။DVD နဲ့ ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်ပုံခြင်း တူပါတယ်။ တရုတ်ကနေ စတင်ထုတ်လုပ်ခဲ့တာပါ။ EVDပေါ်မှာ Record လုပ်နိုင်တဲ့ VP5 နဲ့ VP6 Format တွေ ပါရှိပါတယ်။


VP5 နဲ့ VP6 ဆိုတာက MPEG-2 ထက် အရည်အသွေး ပိုကောင်းတဲ့ Video Compression Techniques တစ်မျိုးပါ။ ဈေးနှုန်းကလည်း သက်သာပါတယ်။ Video Compression နည်းပညာကလည်း ပိုကောင်းပါတယ်။ DVDတွေမှာ Support မလုပ်နိုင်တဲ့ HDTV Resolutions ကို EVD မှာ သိမ်းဆည်းလို့ ရပါတယ်။


အသံပိုင်းမှာလည်း Mono၊ Stereo၊ 5.1 Surround Sound စနစ်တွေကို Support လုပ်နိုင်တဲ့ EAC(Enhanced Audio Codec) နည်းပညာကို သုံးထားပါတယ်။ EVD Disc ကို Layer ဆယ်ခုနဲ့ ဖွဲ့စည်းထားပါတယ်။ Layer တစ်ခုမှာ Data ပမာဏ 5 GB အထိဝင်ဆန့်ပါတယ်တဲ့။

မူလ EVD Disc တွေဟာ ပုံစံအရွယ်အစားအားဖြင့် DVD နဲ့ တူညီတဲ့အတွက်ကြောင့် မည်သည့် ကွန်ပျူတာDVD Drive မှာ မဆို Read လုပ်လို့ ရနိုင်ပါတယ်။ DVD-R Disc နဲ့လည်း Copy ကူးလို့ ရပါတယ်။EVD Player  ရဲ့ ရုပ်ပုံထွက်တဲ့ အရည်အသွေးဟာ DVD Player ထက် ငါးဆ ပိုမို ရှင်းလင်းပြတ် သားစွာ မြင်တွေ့ရပါတယ်။ သိမ်းဆည်းနိုင်မှု ပမာဏကလည်း DVD ထက် ပိုမို သိမ်းဆည်းနိုင်ပါတယ်။

from Sayar Zaw Lin(youth)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

အထွေးထွေးနည်းပညာများ