Pages

Friday 3 August 2012

ဘာဆော့ဝဲ မှ မလိုပဲ Regiter error တွေကို ဘယ်လိုဖယ်ရှားမလဲ

ကဲ … ဒီတစ်ခါတော့ အားလုံးအတွက်  register error တွေကို ဘယ်လိုဖယ်ရှားရမယ် ဆိုတာ တင်ပြပေးလိုက် ပါတယ် ။အကယ်၍ ဒီလို error တွေကို မဖယ်ရှားခဲ့ဘူးဆိုရင် သင့်ကွန်ပျူတာမှာမလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းထားရတဲ့အတွက် လေးလံထိုင်းမှိုင်းမှုတွေ ကြုံတွေ့ကြရမှာပါ၊ User အနေနဲ့လည်း ဒီလိုပြဿနာတွေ့လာခဲ့ရင် စိတ်အနှောက်အယှက်ဖြစ်ရမှာပါ။ ဒီနည်းလေးကတော့လွယ်ကူပြီး ဘာအန္တရာယ်မှ မရှိပါဘူး ၊စမ်းကြည့်ကြပေါ့နော် …..သင့်ကွန်ပျူတာလည်း မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေ ပေါ့သွားတာပေါ့.. ကဲပါပြောနေတာ ကြာပါတယ် ခုပဲလုပ်ကြည့်လိုက်ကြရအောင်နော်

Start ကနေ my computer ကို Right click လုပ် properties ကိုရွေးချယ်ပါ
Box ထဲမှာ system restore ကိုဆက်ပြီး ကလစ်ပါ အဲဒီအထဲမှာ system restore is turned on ဖြစ်နေရပါမယ် ။
ပုံမှာပြထားပါတယ် ပုံထဲက အတိုင်းဖြစ်နေရပါမယ် ပြီးရင် apply , ok ပေးလိုက်ပါ။

ဒုတိယ အဆင့်မှာ start ကနေ run box ထုပ်ပြီး tab မှာ regedit.exe ကိုရိုက်ထည့် Enter ခေါက်ပါ


Registry Editor ဖိုင် ကျလာပါပြီ အဲဒီမှာ HKEY_LOCAL_MACHINE ကိုရွေးချယ်ပြီး ဖြေချလိုက်ပါ…
 
ဒီထဲကမှ software ဖိုင်ကို ထပ်ပြီးတော့ ဖြေလိုက်ပါ ဓါတ်ပုံနှင့် တကွဖော်ပြပေးလိုက်ပါတယ်
ယခုမြင်တွေ့နေရတဲ့ ဖိုင်တွေဟာ register လုပ်ထားတဲ့ဖိုင်တွေပါ
Register လုပ်ခဲ့စဉ်က error ဖြစ်နေခဲ့တဲ့ ဖိုင်တွေကို ရွေးပြီး Delete လုပ်ရမှာဖြစ်ပါတယ်
ဒါဆိုရင် အဆင်ပြေပါပြီ...။

မသိသေးသူများအတွက် ရည်ရွယ်ပါသည်။
ကွန်ပျူတာသုံးစွဲသူတွေ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

အထွေးထွေးနည်းပညာများ