Pages

Thursday 2 August 2012

Photo Editing Freeware




ဖိုတိုအက်ဒစ်တင်း ဆိုတာနဲ့ လူတိုင်းက ဖိုတိုရှော့ပ်ကို ပြေးမြင်ကြပါတယ်။ တကယ်တော့ ဖိုတိရှော့ပ်ဟာ အခကြေးငွေပေးပြီး သုံးစွဲရတဲ့ ဆောဖ့်ဝဲလ် ဖြစ်ပါတယ်။ စွမ်းဆောင်မှု အမြင့်မားဆုံး ဆိုတာကိုတော့ မပြော လိုတော့ပါဘူး။ စွမ်းဆောင်ရည် မြင့်မားတာနဲ့ အမျှ စက်ထဲမှာ နေရာယူတာလည်း များပါတယ်။ ဖိုတိုရှော့ပ် သုံးဖို့အ တွက် မန်မိုရီ များများစားစားလည်း လိုအပ်ပါသေးတယ်။


တကယ်လို့များ ပိုင်ရိတ် ဆော့ဖ်ဝဲလ်တွေသာ ဝယ်မရဘူးဆိုရင်၊ ကိုယ့်စက်ကလည်း ဖိုတိုရှော့ပ်က တောင်းဆိုတဲ့ သတ်မှတ်ချက် မပြည့်မှီဘူးဆိုရင် ဟောဒီ ဖရီးဝဲလ်လေးကို သုံးကြည့်သင့်ပါတယ်။ Pixia လို့ခေါ်တဲ့ ပရိုဂရမ်လေး ဟာ အရင်က ဂျပန်ဗားရှင်းသာ ရှိတာပါ။ နာမည် အတော်ကြီးပါတယ်။ အဲဒီပရိုဂရမ်လေးမှာ ဖိုတိုရှော့က လုပ်နိုင်တဲ့ အရာတွေ များစွာကို လုပ်နိုင်ပါတယ်။ လေယာတွေ ထပ်ခြင်း ပေါင်းစပ်ခြင်းများလည်း လုပ်နိုင်တယ်။ စုတ်တံကို လည်း နှစ်သက်ရာ ရွေးချယ်နိုင်သလို ကိုယ်တိုင်လည်း ပြုလုပ်နိုင်ပါတယ်။ ဖိုင်ဆိုဒ်က ၃.၉ မက်ဂါဘိုက်လောက်ပဲ
 ရှိပါတယ်။

download ယူပါ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

အထွေးထွေးနည်းပညာများ