Pages

Saturday 11 August 2012

Behind Memory Speed

 

ကျွန်တော်တို့တွေ ကွန်ပျုတာမှာသုံးဖို့အတွက် memory တွေကို ဝယ်ယူကြတယ်။ memory အမျိုးအစားခြင်း speed ခြင်းတူတာတောင် တချို့ memory တွေက ပိုဈေးကြီးတယ်။ ပိုပြီး Performance ကောင်းကြတယ်။ ဒါဟာ memory တွေရဲ့Timing တွေကြောင့်ဖြစ်ပါတယ်။ အလယ်အလက်နဲ့ high end memory တွေမှာ memory
speed တွေအပြင် timing တွေကိုပါထည့်သွင်းဖော်ပြလာပါတယ်။ ဥပမာဆိုရင် DDR2800 MHz 4-4-4-15, DDR2 800MHz 2-3-2-6-T1 စသည်ဖြင့်ဖော်ပြလာပါတယ်။


4-4-4-15, 2-3-2-6-T1 တို့ဟာ memory timing တွေပဲဖြစ်ပါတယ်။ Memory Timingဆိုတာက memory ကအလုပ်တစ်ခုကိုလုပ်ဆောင်ရာမှာ ကြာတဲ့အချိန်ဖြစ်ပါတယ်။4-4-4-15, 2-3-2-6-T1, 5-5-5-15 စ သည်ဖြင့်ဖော်ပြထားတဲ့ memory timingတွေကတော့ CL-tRCD tRP-tRAS-CMD တွေကို အစဉ်လိုက်ညွှန်း ဆိုပါတယ်။အခုတစ်ခုခြင်းစီရဲ့အကြောင်းကိုအသေးစိတ်ရှင်းပြပါမယ်။




CL (CAS) latency

CL ကတော့ CPU ကနေ ပေးလိုက်တဲ့ command တစ်ခုကို memoryကနေအမြန်ဆုံးပြန်လည်တုန့်ပြန်ပေးနိုင် တဲ့ကြာချိန်ဖြစ်ပါတယ်။ ဥပမာ အားဖြင့် CPU ကနေ data A ကိုထုက်ပေးပါလို့ တောင်းဆိုလိုက်တဲ့အချိန်နဲ့ memory ကနေdata A ကိုထုက်ပေးလိုက်တဲ့အချိန် နှစ်ခုကြားကြာချိန်ဖြစ်ပါတယ်။ ပိုမိုရှင်းလင်းအောင် အောက်ပုံ ကိုကြည့်ပါ။

CL တန်ဖိုး 3 နဲ့ 5 ရှိတဲ့ memory နှစ်ခုကိုနှိုင်းယှဉ်ပြထားပါတယ်။ CPU ကနေပြီး READ command ကိုပေးလိုက် တယ်။ ဒီအခါမှာ CL တန်ဖိုး 3 ရှိတဲ့ memory က clock cycle ၃ခုအပြီးမှာ CPU ဆီကိုdata ကိုပြန် လည်ပေး ပို့နိုင် တယ်။ read လုပ်ပြီးပေးပို့နိုင်တယ်။ CLတန်ဖိုး 5 ရှိတဲ့ memory ကတော့ clock cycle ၅ခုပြီးမှ data ကို
ပေး ပို့နိုင် တယ်။ မှတ်သားထားရမှာက ကျွန်တောတို့လက်ရှိသုံးနေတဲ့ DDR 1,2,3memory တွေက clock cycle တစ်ခုအတွင်းမှာ data နှစ်ခု၊ တနည်းအားဖြင့်command နှစ်ခုကိုလုပ်ဆောင်နိုင်တယ်။ (DDR ဆိုတာDual Data Rateကိုဆိုလိုတာပါ။ DDR 1, DDR2, DDR3 ဆိုတာတွေက generation တွေကိုဆိုလိုတာပါ။


DDR2 က 2 data per clock cycle, DDR3 က 3 data per clock cycle မဟုတ်ပါဘူး)Time နဲ့ frequency အတွက် ပုံသေနည်းတစ်ခုရှိပါတယ်။ T= 1/f ဖြစ်ပါတယ်။ DDR2533 MHz (266.66 MHz x 2) နဲ့ အလုပ်လုပ်တဲ့ memory တစ်ခုအတွက် clock cycleတစ်ခုရဲ့ကြာချိန်က 3.75 ns (nanosecond) ရှိပါတယ်။ ဒါကြောင့် CL 3 memory ကCPU ကတောင်းဆိုတဲ့ data ကိုပေးပို့ ဖို့ဆိုရင် 11.25 ns (3.75ns x3 )ကြာပြီး၊ CL 5ရှိတဲ့ memory က 18.75ns (3.75ns x 5)ကြာပါတယ်။


ဒါပေမယ့်DDR memories တွေက brust mode (command တစ်ခုရဲ့နောက်မှာ နောက်command တစ်ခုဆက် တိုက်လာခြင်းကိုဆိုလိုသည်) နဲ့အလုပ်လုပ်တဲ့အတွက် CPU ကနေ Command နှစ်ခုထက်မကပေးလာတဲ့အခါ CL Latency က ပထမ Command တစ်ခုအတွက်ပဲစောင့်ရပါတယ်။ နောက် command တွေအတွက် စောင့်ဆိုင်း စရာ မလိုတော့ပါဘူး။
RAS to CAS Delay (tRCD)
Memory chip တွေရဲ့လုပ်ဆောင်မှုကို Matrix ပုံစံအားဖြင့်တည်ဆောက်ထားတယ်။ Matrix မှာ row နဲ့ column တွေပါဝင်ပါတယ်။ Row နဲ့ column တွေရဲ့ဆုံမှတ်တိုင်းမှာ capacitor တစ်ခုစီကိုထည့်ထားတယ်။ အဲ့ဒီ့ capacitorတစ်ခုခြင်းက 0 ဒါမှမဟုတ် 1 ဆိုတဲ့data နှစ်ခုကို မှတ်သားထားနိုင်တယ်။မှတ်သားထားတဲ့ data ကို လိုချင်တဲ့အခါ CPU ကနေ row number ဘယ်လောက်၊ column number ဘယ်လောက်   မှာ ရှိတဲ့ data ကို Read လုပ်ပါ လို့ memoryကိုခိုင်းစေတယ်။
ဒီအခါမှာ memory ကနေ CPU ခိုင်းစေတဲ့ Row နဲ့ Column မှာရှိတဲ့ data ကိုရှာပေးရတယ်။ (technical term အရ ကိုယ်လိုချင်တဲ့ row ဒါမှမဟုတ် column ကို activate လုပ်တယ်လို့ခေါ်တယ်)။ Row number အတွက် RAS (Row AddressStrobe) signal ကနေလုပ်ဆောင်ပြီးတော့၊ column အတွက် CAS (Column Address
Strobe) signal ကနေလုပ်ဆောင်တယ်။ RAS နဲ့ CAS signals နှစ်ခုရဲ့ကြာချိန်ကနည်းလေလေ data ကိုမြန်မြန် ဆန်ဆန် ဖတ်နိုင်လေပဲ။ ၄င်းကို RAS toCAS Delay (tRCD) လို့ ခေါ်တယ်။ ပုံမှာ ဆိုရင် tRCD 3 ရှိတဲ့ memory
ကိုပြထားတယ်။

tRCD 3 ဖြစ်တဲ့အတွက် RAS ကလုပ်ဆောင်ပြီး clock cycle ၃ခုကြာမှသာလျှင် data ကို read လုပ်နိုင်တယ်။ write command အတွက်လည်းထိုနည်းတူပဲဖြစ်တယ်။

RAS Precharge (tRP)
Data တစ်ခုကို memory ကနေယူပြီးတဲ့နောက်မှာ Precharge command တစ်ခုကိုထုက်ပေးရတယ်။ လက်ရှိ row ကို ပိတ်ပြီး နောက် row တစ်ခုကို activate လုပ်ခြင်းဖြစ်ပါတယ်။ tRP ဆိုတာဟာ precharge command ကနေ activate commandကြားကြာချိန်ပဲဖြစ်ပါတယ်။ ပုံမှာဆိုရင် tRP 3 ရှိတဲ့ memory ရဲ့အလုပ်လုပ်ပုံကိုပြ ထားတယ်။
tRP 3 ဖြစ်တဲ့အတွက် precharge command ကိုထုက်ပေးပြီး clock cycle ၃ခုကြာမှ Active commandကိုထုက်ပေး တယ်။

Active to Precharge Delay (tRAS)
Row တစ်ခုကို activate လုပ်တဲ့အခါကြာတဲ့အချိန်ဖြစ်ပါတယ်။ Row တစ်ခုဟာ tRAS မပြီးမခြင်း Precharge command ကိုထုက်ပေးလို့ မရပါဘူး။

Command Rate (CMD)
Command တစ်ခုနဲ့တစ်ခု ကြား ကြာချိန်ဖြစ်ပါတယ်။ သူ့ကို "T" နဲ့ဖော်ပြပါတယ်။ 1T ဆိုရင် Command တစ်ခုနဲ့ တစ်ခုကြား clock cycle တစ်ခုခြားပြီး 2T ဆိုရင် Command တစ်ခုနဲ့တစ်ခုကြား 2 clock cycleခြားပါတယ်။

အခြား Timing များ
အခြား timing များအနေနဲ့ကတော့ tRC, tRRD, tRFC, tRW, tRTW/RWT, tWTR, tREF, tWCLတို့ ဖြစ်ပါတယ်။
tRC - row cycle time ဖြစ်ပါတယ်။ cycle တစ်ခုရဲ့ minimum time ဖြစ်ပါတယ်။ ၄င်း cycle က complete full cycle ဖြစ်ဖို့ အတွက် row တွေကိုလုပ်ဆောင်ပါတယ်။ ၄င်းဟာ tRAS + tRP ဖြစ်ပါတယ်။ ဒီအချိန်ကိုနည်းထား လိုက်ရင် data ဆုံးရှူံးမှုတွေဖြစ်နိုင်ပါတယ်။ ကြာထားလိုက်ရင်Performance ကျသွားနိုင်ပါတယ်။ ဒါပေမယ့် system stabilityပိုကောင်းလာပါတယ်။

tRRD - Row to Row delay သို့ RAS to RAS delay ဖြစ်ပါတယ်။ Row တစ်ခုကနေ နောက်တစ်ခုကို activate လုပ်ရာမှာကြာတဲ့အချိန်ဖြစ်ပါတယ်။tRFC - Row Refresh Cycle time ဖြစ်ပါတယ်။ row ကို refresh လုပ်ရာမှာ ကြာတဲ့အချိန်ဖြစ်ပါတယ်။tRW - Write Recovery Time. Data တစ်ခုကို write လုပ်မှာကြာတဲ့အချိန်ဖြစ်ပါတယ်။ ၄င်းဟာ data ကို အမှန်တကယ် write လုပ်ထားလားဆိုတာကို စစ်ပေးပါတယ်။tRTW/tRWT - Read to Write Delay. Write command ကိုရတာနဲ့ memory က ၄င်းကိုစတင်လုပ်ဆောင်ဖို့ကြာတဲ့အချိန်ဖြစ်ပါတယ်။ (memory က write command ကိုစတင်လုပ်ဆောင်ဖို့ကြာတဲ့အချိန်ပါ။ လုပ်ဆောင်ပြီးလို့ CPU ဆီကို
ပြန်လည်ပေးပို့ တဲ့ CL latency နဲ့မတူပါ)


tWTR - Write to Read Delay. Write command နဲ့ Read command ကြားကြာချိန်ဖြစ်ပါတယ်။
tREF - capacitor ထဲမှာ သိုလှောင်ထားတဲ့ charge ကို refreshed မလုပ်ခင်ကြာတဲ့အချိန်ဖြစ်ပါတယ်။ micro seconds နဲ့တိုင်းတာပါတယ်။tWCL - CAS Number တွေကိုရေးသားရာမှာကြာတဲ့အချိန်ဖြစ်ပါတယ်။
မှတ်သားရန်။ ။ Memory Timing တွေနည်းခြင်းက System ကိုပိုမိုမြန်စေပါတယ်။ ဒါပေမယ့် stability မကောင်းပါဘူး။ Memory Timing တွေများခြင်းက System ကိုနှေးစေပါတယ်။ ဒါပေမယ့် stability ကောင်း ပါတယ်။Overclocking လုပ်ရာမှာ timing တွေကို အနည်းငယ်မြင့်ပေးရပါတယ်။ CPU ကိုstability ကောင်းစေ ဖို့ဖြစ်ပါတယ်။ (memory timing ကြောင့်နှေးသွားတဲ့ speedထက် CPU stability ဖြစ်လို့ Overclocking လုပ်ရာမှာရရှိတဲ့ CPU speed ကပိုများပါတယ်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

အထွေးထွေးနည်းပညာများ